Image result forဲJob

မန္တလေးမြို့ရှိ အခြေခံလူတန်းစားအလုပ်အကိုင်အမှန်တကယ် လိုအပ်နေသူများအတွက်အခမဲ့ ဟိုတယ် ဧည့်ဝန်ဆောင်မှု အခမဲ့သင်တန်းများတက်ရောက်နိုင်ရန်လျှောက်လွှာများစတင်ခေါ်ယူပြီဖြစ်ကြောင်း Swisscontact  ဆွစ်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖောင်ဒေးရှင်း Hotel Training Initiative ထံကသိရသည်ပို့ချသွားမည့် သင်တန်း အမျိုးအစားများမှာ အိပ်ခန်းဆောင် ထိန်းသိမ်းရေး ၀န်ထမ်း, အစားအသောက် တည်ခင်းဧည့်ခံသူနှင့် ခရီးဦး ကြိုဆိုသူစသည့် သင်တန်းသုံးမျိုးလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီးလျောက်ထားလိုသူများသည် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းအခြေခံ ပညာ အထက်တန်းအဆင့် အောင်မြင်ပြီးသူ,ကူးစက် ရောဂါ မရှိသူ,အခြေခံ လူတန်းစား ဖြစ်ပြီးအလုပ်အကိုင်အမှန်တကယ်လိုအပ်နေသူများလျှောက်ထားနိုင်ကြောင်းသိရသည်ပထမအကြိမ်သင်တန်းကို၂၀၁၇ ခုနှစ် ဧပြီ ၂၄နေ့တွင်စတင်ဖွင့်လှစ်မည်ဖြစ်ပြီးမန္တလေးမြို့ ၅ရက်တွင်သင်တန်းသားတစ်ဦးကိုတစ်ရက်လျှင် ၄ထောင်ကျပ်ထောက်ပံ့၍ ဟိုတယ်များတွင်သင်ကြားချိန်၌ဟိုတယ်ထမင်းဟင်းနှင့်တစ်ရက် ၃ထောင်ကျပ်ထောက်ပံ့ပေးမည်ဖြစ်ကြောင်းသိရသည်သင်တန်းတက်ရောက်လိုသူများအနေဖြင့် လိုင်စင် ဓာတ်ပုံ ၁ ပုံ, အိမ်ထောင်စုဇယား နှင့် မှတ်ပုံတင် (မိတ္တူ),ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ (မူရင်း)တို့ဖြင့်
၂၀၁၇ခုနှစ် မတ်လ ၁၀ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပြီး
ရွေးချယ်ခံရသူများကို မတ်လ ၁၈,၁၉,၂၀ရက်များတွင် လူတွေ့ အင်တာဗျူးခေါ်မည်ဖြစ်ကြောင်းသိရသည်သင်တန်းလျှောက်လွှာများကို ဦးသန်းဦး (Swisscontact) ၀၉ ၅၀၇၉၆၃၁,ကိုအောင်သူရကျော်PHOENIX English Learning Centre ,(၇၂-၃၅)လမ်းနှင့်(၃၆)လမ်းကြား, ၀၉ ၄၃၁၄၁၅၈၂သို့ဆက်သွယ်၍အခမဲ့ထုတ်ယူနိုင်ကြောင်းသိရသည်

Credit : Yadanabone newspaper

https://www.facebook.com/yadanabonnewspaper