မတ်လ ၂၆ ရက်က ပြည်ခိုင်ဖြိုး မဲဆွယ်စည်းရုံးပွဲမြင်ကွင်းကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)
မတ်လ ၂၆ ရက်က ပြည်ခိုင်ဖြိုး မဲဆွယ်စည်းရုံးပွဲမြင်ကွင်းကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

အားလုံးသဘောတူပါ က အလုပ်ဖြစ်သောအယူအဆ ဖြင့် တိုင်းပြည်ကို ထိန်းကျောင်း နေခြင်းဖြစ်သောကြောင့် အင်မ တန် အန္တရာယ်များကြောင်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဝေဖန် ပြောကြားသည်။

လာမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် လစ်လပ်မဲဆန္ဒ နယ် ၁၉ နေရာသာရှိသော်လည်း အစိုးရကို ထိန်းကျောင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်ခိုင်ဖြိုး ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး လူညီ၍ လုပ်ချင်ရာလုပ် မည်ဆိုပါက တိုင်းပြည် ငါးပါး မှောက်မည်ဖြစ်ကြောင်း မတ်လ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် တွင် ပြုလုပ်သည့်မဲဆွယ်ပွဲ၌ ဦး သန်းဌေးက ပြောကြားသည်။

‘‘ဒီနေ့ ရင်ဆိုင်နေရတာက အဲဒီ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ရ လဒ်ကြောင့် စောစောကပြောတဲ့ ဒီမိုကရေစီကို အဓိပ္ပာယ်ဖွင့်တဲ့ နေရာမှာ အားလုံးသဘောတူရင် အလုပ်ဖြစ်တယ်ဆိုတဲ့ အယူအဆ နဲ့ တိုင်းပြည်ကိုထိန်းကျောင်းနေ တာဖြစ်တယ်။ အင်မတန် အန္တ ရာယ်များတယ်’’ ဟု ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌက ဆိုသည်။

အဆိုပါမဲဆွဲပွဲ၌ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးသည် လက်ရှိ အာဏာရပါတီ အစိုးရအဖွဲ့၏ စွမ်းဆောင်ရည်မှာ ၎င်းတို့အစိုးရ လက်ထက်ကကဲ့သို့ ထိန်းကျောင်း နိုင်စွမ်းမရှိကြောင်းနှင့် တိုင်းပြည် ကို တာဝန်ယူထားသော ပုဂ္ဂိုလ် များကြောင့် အချုပ်အခြာအာဏာ ထိပါးခံနေရကြောင်း ထည့်သွင်း ပြောကြားသည်။

‘‘ဒီနေ့တော့ အဲဒီလို ရဲရဲဝံ့ဝံ့ မပြောဝံ့တဲ့၊ တိုင်းပြည်ကိုတာဝန် ယူထားတဲ့ ပုဂ္ဂိုလ်များကြောင့် ကျွန်တော်တို့ရဲ့ အချုပ်အခြာအာ ဏာထိပါးခံနေရပါပြီ။ မြန်မာ နိုင်ငံရဲ့ ဒေသတွေဟာ အချိန်မရွေး ပြုတ်ထွက်သွားနိုင်တဲ့အ ခြေအနေဖြစ်ပါတယ်။ ဒီလုပ်ငန်း တွေကို စုံစမ်းဖို့၊ စစ်ဆေးဖို့ တာဝန်ပေးလိုက်တဲ့ ပုဂ္ဂိုလ်တွေ ဟာ မြန်မာနိုင်ငံသားများ မဟုတ် ကြပါဘူး။ မြန်မာနိုင်ငံသားပါဝင် တဲ့ နှစ်ယောက်၊ သုံးယောက်ဟာ လည်း ဘာမှ တတ်နိုင်တဲ့အခြေ အနေမရှိပါဘူး။ ဥက္ကဋ္ဌက နိုင်ငံ ခြားသား။ တခြားဘာသာဝင်’’ဟု ၎င်းက ပြောသည်။

၎င်းက စုံစမ်းစစ်ဆေးရေး အဖွဲ့ကို မည်သည့်အဖွဲ့ဟု အတိ အကျ ညွှန်းဆိုခဲ့ခြင်းမရှိသော် လည်း လက်ရှိအစိုးရလက်ထက် တွင် နိုင်ငံခြားသားက ဥက္ကဋ္ဌအ ဖြစ် တာဝန်ယူထားသည့် ကော်မ ရှင်မှာ ကိုဖီအာနန်၏ ရခိုင်ကော်မ ရှင်တစ်ခုသာရှိနေသည်။

ယခင်ပြည်ခိုင်ဖြိုး အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏ပိုင် နက် နယ်မြေများ တည်တံ့ခိုင်မြဲ စွာဖြင့် ကုလားလည်း မကြောက် ရ၊ ဟိုအရှေ့ဘက်က ပေါက်ဖော် ကြီးလည်း မကြောက်ရ (တိုက် ရိုက်အသုံးအနှုန်း)အခြေအနေမျိုး ကို ဖန်တီးနိုင်ခဲ့ကြောင်း ဦးသန်း ဌေးက ပြောကြားသည်။

လက်ရှိအစိုးရသည် ပြည် သူလူထုအပေါ် စေတနာရှိပါက ပြည်သူ့အကျိုးကို လုပ်ပေးနိုင် ကြောင်းနှင့် တိုင်းပြည်၏ နေရာ အနှံ့အပြားတွင် စီမံခန့်ခွဲမှုအမှား များကို တွေ့ကြုံနေရကြောင်း ဦး သန်းဌေးက ဝေဖန်သည်။

‘‘ကျွန်တော်တို့ရဲ့ နိုင်ငံအ ပေါ်ထားတဲ့ စေတနာနဲ့ လူထုက မဲပေးရွေးချယ်လိုက်တဲ့ ပုဂ္ဂိုလ် များထားတဲ့ စေတနာ ပြောင်းပြန် ကြီးဖြစ်နေတယ်။ ဟိုကာလက အတိုက်အခံလုပ်ခဲ့တဲ့ လုပ်ရပ်နဲ့ ဒီကာလ အတိုက်အခံလုပ်တဲ့လုပ် ရပ် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေ တယ်။ အဲဒီလိုဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တာ ဘယ်အပေါ်မှာ အ ခြေတည်သလဲဆိုတော့ ခင်ဗျား တို့အပေါ်မှာ ထားတဲ့စေတနာ အ ပေါ်မှာ အခြေတည်တယ်’’ဟု ၎င်း ကပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက် လှိုင်သာယာမြို့နယ်မဲဆွယ်ပွဲ၌ ဦးသန်းဌေးက ၂၀၁၅ရွေးကောက် ပွဲတွင် ပြည်သူများကစွမ်းဆောင် ရည်ကိုမသိဘဲ ခံစားချက်ဖြင့် ရွေး ချယ်တာဝန်ပေးလိုက်သဖြင့်နိုင်ငံ တစ်ဝန်း နေရာအများစုတွင် ဗြောင်းဆန်နေပြီဟု ထည့်သွင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒီချုပ်အစိုးရ က ဖွဲ့စည်းခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်လက် ထက်တွင် ၂၀၁၅ ရွေးကောက်ပွဲ အငြင်းပွားမှုများနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ရင်ဆိုင်ခဲ့ရသည့် အမှု ၂၅ မှုစလုံး ရှုံးနိမ့်ခဲ့သော ကြောင့် ၎င်းတို့ရင်ဆိုင်ရမည့် အ ခြေအနေကို ပြည်သူများ သဘော ပေါက်နားလည်ထားရန် ဦးသန်း ဌေးက ပြောကြားသည်။

၂၀၁၀ နှင့် ၂၀၁၂ ရွေး ကောက်ပွဲအပြီး အငြင်းပွားမှုများ အပေါ် ပြည်ခိုင်ဖြိုးအစိုးရလက် ထက် ရွေးကောက်ပွဲ ကော်မရှင် ၏ဆုံးဖြတ်ချက်များတွင် ပြည်ခိုင် ဖြိုးပါတီက အမှုပေါင်း ၃၃ မှုထဲမှ သုံးခုသာအနိုင်ရခဲ့ခြင်းနှင့် လက်ရှိရွေးကောက်ပွဲကော်မရှင်၏ ဆုံး ဖြတ်ချက်များကို နှိုင်းယှဉ်ပြော ကြားခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ နယ်တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်ပွဲ ၌ ဦးသန်းဌေးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အ ဓိကထား ထည့်သွင်းပြောကြားခဲ့ ပြီး ၎င်း၏ ဟောပြောမှုပြီးဆုံးခါနီး တွင် ‘‘ရှင်းရှင်းလင်းလင်းပဲ။ အနီ နဲ့အစိမ်း ဘယ်ဘက်ယိမ်းမလဲဆို တာ ခင်ဗျားတို့ဆုံးဖြတ်ပါ’’ ဟု ပြောကြားခဲ့သည်။

အဆိုပါမဲဆန္ဒနယ်တွင် အ မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါ တီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုက ရေစီအင်အားစုပါတီ၊ လူ့ဘောင် သစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) စုစုပေါင်း နိုင်ငံရေးပါတီ ငါးခုမှ ကိုယ်စားလှယ်လောင်း များက ပြည်သူ့လွှတ်တော်အ တွက် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
Credit:7Day Daily