သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့ အိမ်ထောင်ရေး နဲ့ ပတ်သက်ပြီး အခုလိုမျိုး The Voice သတင်းဌာနကိုပြောပြသွားခဲ့ပါတယ် ။

အိမ်ထောင်ရေး ဆိုတာဟာ ပြု ပြီးတဲ့နောက် ဖျက်လို့ မရတဲ့အရာဖြစ်တာကြောင့် သူမ အနေနဲ့ သေချာစဉ်းစား ဆုံးဖြတ်ပြီးမှသာ အိမ်ထောင်ပြုမှာဖြစ်တယ်လို့ ပြောပါတယ် ။
သူမ အပျိုပေါက်ဘဝမှာ လူငယ်သဘာဝကဲခဲ့တာကို လူတွေက အရမ်းပြော လက်ညှိုးထိုးကြလို့ အခုချိန်မှာ အသိတရားရှိလာပါပြီ်ဖြစ်ကြောင်း

အိမ်ထောင်ပြု ပြီး ကွဲပါကလည်း တစ်ခုလပ်ဆိုပြီး လက်ညှိုးထိုးခံရမှာဖြစ်ကြောင်းနဲ့ 
မိဘကိုလည်း ပြုစုစောင့်ရှောက်လိုသေးတဲ့အတွက် အိမ်ထောင်ရေး ကို မစဉ်းစားလိုသေးကြောင်းကို သင်ဇာဝင့်ကျော်က ပြောသွားခဲ့ပါတယ် ။
Credit:Apanphyay