west

ထိန်နှစ်ပင်ကျေးရွာအနီးမှာအဌားယာဉ်မောင်းကို ထိုးကြိတ်ကာ ကားလုယူထွက်ပြေးသွားတဲ့လူသုံးဦးကိုဖမ်းမိပြီးတစ်ဦးကတော့လွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။”ကျွန်တော်တို့ရဲစခန်းကနေပြီး မြို့နယ်တိုင်းမှာရှိတဲ့ ရဲတွေကို ချိတ်ဆက်ပြီး အကြောင်းကြားထားတော့ ကားကို မောင်းပြီးထွက်ပြေးသွားတဲ့ လေးဦးထဲက သုံးဦးကိုကျိုက်ထိုမြို့နယ် သိမ်ဖြူဇရပ်မှာ ဖမ်းမိပြီး အမျိုးသားတစ်ဦးကတော့ ဖမ်းဆီးမရမိသေးပါဘူး”လို့  ထန်းတမြို့မရဲစခန်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ လေးဦးဟာ မတ်လ ၂၆ ရက်နေ့ နံနက်က အောင်မင်္ဂလာအဝေးပြေးကို သွားမယ်ဆိုပြီး ပိုက်ဆံခြောက်ထောင်ပေးပြီးငှားခဲ့တယ်။ အနောက်ပိုင်းတက္ကသိုလ်ရောက်တော့ ထိန်နှစ်ပင်ကျေးရွာကိုသွားမယ်ဆိုပြီး လမ်းကြောင်းပြောင်းကာ ပိုက်ဆံတစ်သောင်းပေးပြီး ငှားခဲ့တယ်လို့လည်းသိရပါတယ်။

“ သူတို့ကထိန်နှစ်ပင်ကျေးရွာအ၀င်ကိုရောက်တော့ လူပြတ် တဲ့နေရာမှာ ကားမောင်းသမားကို ကားနောက်ခန်းမှာထိုင်တဲ့ တစ်ယောက်ကနေပြီးတော့ လွယ်အိတ်နဲ့ လည်ပင်းကို ညှစ်တယ်။ ကားပေါ်ကနေပြီးတော့ ဆွဲချပြီး ထိုးကြိတ်တယ်။ သတိလစ်နေတဲ့အချိန်မှာ ကားကိုမောင်းပြီးထွက်ပြေးသွားခဲ့တယ်”လို့ ထန်းတပင်မြို့မရဲစခန်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြစ်မှုကျုးလွန်သူတွေရိုက်နှက်မှုကြောင့် Taxi မောင်းသမားအမျိုးသား ရဲ့ အပေါ်သွား သုံးချောင်း နဲ့ ၀ဲယာ မျက်လုံးမှာ ဖူးရောင်ဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရမိတဲ့ အောင်ဟိန်း ၊ နေမျိုးလွင်နဲ့မရွှေစင်ဖြိုးတို့ကို ထန်းတပင်မြို့မရဲစခန်းက (ပ) ၁၀၈/၂၀၁၇ လုယက်ကျုးလွန်မှုဥပဒေပုဒ်မ ၃၉၄နဲ့အမှုဖွင့်အရေးယူထားတယ်လို့လည်းသိရပါတယ်။

Author – နှင်းနှင်း

Credit: Kumudra