Children-wear-headbands-as-protesters-from-the-leading-reformist-group-Bersih-attend-a-mass-rally-calling-for-the-resignation-of-Malaysias-Prime-Minister-Najib-Razak-in-Kuala-Lumpur.-840x490

 

ကလေးငယ် တွေကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အစိုးရကို ပြစ်တင်ပြောဆိုနေကြပါတယ်။

ကျွန်မဆီကိုသူရောက်လာတော့ သူ့အသက်လေးက ၁၃ နှစ်ပဲရှိသေးပေမဲ့ သားဦးတော့မွေးပြီးသွားပြီ၊ သူတို့လက်ထပ်ချိန် တုန်းက ၁၅ နှစ်ပဲရှိသေးတဲ့ သူ့အမျိုးသား ကတော့ အခုသူ့ကို ကွာရှင်းပြီးထွက်သွားပြီလို့ ကလေးသူငယ်အခွင့်အရေးတက်ကြွ လှုပ်ရှားသူ ဒေါက်တာဟာ တီနီဇိုင်နူဒင်က မလေးရှားမှာ သူပထမဆုံး ကိုင်တွယ်ရတဲ့ ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုတစ်ခုကို ပြန်ပြောင်းပြောပါတယ်။
သည်ကောင်မလေးရဲ့အမေကဆုံးသွားပြီ၊ အဖေဖြစ်သူကလည်း ပြင်းထန်တဲ့ဂေါက်ဝေဒနာကို ခံစားနေရတယ်ဆိုတဲ့အကြောင်း သူက ဆက်ပြောပါတယ်။ သူ့အဖေက ကျွန်မဆီမှာ နို့မှုန့်နဲ့ ကလေးသေးခံ အဝတ်တွေလာတောင်းတယ်၊ ကျွန်မလဲ တဖြည်းဖြည်းနဲ့ ဒီကောင် မလေးကိုနားလည်အောင်ရှင်းပြတယ်၊ သူ့ကလေးနဲ့ ပတ်သက်ပြီး သူပဲတာဝန်ယူရမှာဖြစ်လို့ ကောင်မလေးအနေနဲ့ကျောင်းပြန်တက်တာ ဒါမှမဟုတ် အလုပ်ရှာတာလုပ်ဖို့ ရှင်းပြခဲ့တယ်၊ ဒါမှမဟုတ်ရင်တော့ လူမှုဖူလုံရေးဌာနကိုဝင်ပြီး အကူအညီပေးဖို့ ကျွန်မတောင်းဆိုရမှာပဲ လို့ သုကပြောပါတယ်။
ရိုမန်တစ်ဆန်တဲ့ဖြစ်ရပ်အဖြစ်မှတ်ယူ လက်ခံထားတဲ့ သည်ကလေး သူငယ်လက်ထပ်ထိမ်းမြားမှုတွေဟာ မလေးရှားနိုင်ငံမှာ အတွေ့ရ များပြီးအဆုံးသတ်မှာတော့ ကွာရှင်းပြတ်စဲတာတွေနဲ့ပဲ ပြီးဆုံးလေ့ရှိ ပါတယ်။ သည်လိုအမှုတော်တော်များများမှာတော့ ရက်စက်ပြီးမဆီ လျော်တဲ့အသုံးအနှုန်းကို သုံးစွဲလေ့ရှိပါတယ်။ ဒါကတော့ ရာဇဝတ် မှုတွေဖြစ်မလာအောင်ဖြေရှင်းဖို့၊ မုဒိမ်းမှုနဲ့ စွဲချက်တွေကလွတ် မြောက်ဖို့ ဒါမှမဟုတ် လက်မထပ်မီ လိင်ဆက်ဆံမှုအတွက် ပြစ်ဒဏ်တွေကနေ လွတ်မြောက်ဖို့ လက်ထပ်ထိမ်းမြားတာဆိုတဲ့ ကောက်ချက်တွေဖြစ်ပါတယ်။
အစိုးရစာရင်းအင်းတွေအရ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၅ ခုနှစ်အထိ မွတ်စလင်တွေအတွက် ကလေးသူငယ်လက်ထပ်ထိမ်းမြားဖို့ လျှောက်လွှာပေါင်း ၆၂၆၄ စောင်အထိရှိခဲ့ပြီး သည်ထဲက လျှောက် လွှာဘယ်လောက်ကို အတည်ပြုပေးလဲဆိုတာတော့ မသိရပါဘူး။ ဒါ့အပြင် မွတ်စလင်မဟုတ်တဲ့ ဆယ်ကျော်သက်အရွယ်လက်ထပ် ထိမ်းမြားမှုက၂၇၂၅ မှုအထိရှိတယ်လို့သိရပါတယ်။
လိင်မှုကိစ္စအတွက် မလေးရှားမှာခွင့်ပြုထားတဲ့ အသက်အရွယ်က ၁၆ နှစ်ဖြစ်ပါတယ်။ တရားမ ဥပဒေအရ မိဘတွေရဲ့သဘောဆန္ဒအရ လက်ထပ်ထိမ်းမြားနိုင်တဲ့ အနိမ့်ဆုံးအသက်အရွယ်က ၁၈ နှစ်သတ် မှတ်ထားပြီး ၂၁ နှစ်အရွယ်တွေကတော့ ကိုယ့်သဘောဆန္ဒအတိုင်း လက်ထပ်နိုင်ပါတယ်။ ဒါပေမဲ့ ပြည်နယ်ကလေးသူငယ်ဆိုင်ရာဝန်ကြီး ရဲ့သဘောတူညီချက်အရ မိန်းကလေးတွေဟာ အသက် ၁၆ နှစ်က နေ ၁၈ နှစ်ကြားမှာ လက်ထပ်နိုင်ပါတယ်။
အစ္စလာမ်မစ် ဥပဒေမှာတော့ လက်ထပ်ထိမ်းမြားနိုင်တဲ့အသက် အရွယ်က ယောကျာ်းလေးတွေအတွက် ၁၈ နှစ်ဖြစ်ပြီး မိန်းကလေး တွေအတွက် ၁၆ နှစ်လို့ ပြဋ္ဌာန်းထားပေမဲ့ ရှရီယာ တရားသူကြီး တစ်ယောက်ရဲ့သဘောဆန္ဒအတိုင်း သည့်ထက်ပိုပြီး ငယ်ရွယ်တဲ့ အသက်အရွယ်မှာလည်း လက်ထပ်ထိမ်းမြားတာကိုပြုလုပ်နိုင်ပါ တယ်။ သည်ထဲမှာအနိမ့်ဆုံးအသက်သတ်မှတ်ချက်ဆိုတာမရှိသလို အိမ်ထောင်သည်ဘဝအလိုမတူဘဲ လိင်ဆက်ဆံမှုကိုလည်း မလေးရှားမှာ ရာဇဝတ်မှုတစ်ခုအဖြစ် အသိအမှတ်မပြုထားပါဘူး။ ဒါပေမဲ့ ဇနီးသည်ကိုအနာတရဖြစ်အောင် လိင်ဆက်ဆံမှုတွေကို တော့ ပြစ်မှုအသေးစားအဖြစ် သတ်မှတ်ထားပါတယ်။
သည်လိုမျိုးလွတ်လမ်းဟပေးထားတဲ့ လုပ်ရပ်တွေကို သည်လအတွင်း မလေးရှား လွှတ်တော် မှာပြသခဲ့တဲ့ ကလေးသူငယ်အပေါ် လိင်ပိုင်း ဆိုင်ရာပြစ်မှုကျူးလွန်မှုဆိုင်ရာ ဥပဒေမူကြမ်းကတော့ ဖယ်ရှား လိုက်ပါတယ်။ ရွေးကောက်ပွဲကို ဦးတည်နေတဲ့မလေးရှားနိုင်ငံရေး လောကမှာရုန်းမထွက်နိုင်အောင်ပိတ်မိနေတဲ့ သည်ဥပဒေအသစ်ဟာ အဆိုပြုထားတဲ့ ပြင်ဆင်ချက်တစ်ရပ်ဖြစ်တဲ့ အသက် ကိုးနှစ်လောက် ငယ်တဲ့ မိန်းကလေးငယ် တစ်ယောက်ဟာ လက်ထပ်ထိမ်းမြားဖို့အ တွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်နေပြီ ဆိုတဲ့အချက်ကို အာဏာရအမျိုးသားတပ်ဦး ညွန့်ပေါင်းအဖွဲ့ဝင် တစ်ဦးက ပယ်ချလိုက်တဲ့အခါမှာတော့ နောက်ထပ်အငြင်းပွား စရာတစ်ခုဖြစ်လာပါတယ်။ အငြိမ်းစားရှရီယာတရားသူကြီးရှာ ဘူဒင်ယာဟာယာကလည်း မိန်းကလေးတစ်ယောက်ဟာ သူ့ကို မုဒိမ်းကျင့်တဲ့သူနဲ့လက်ထပ်တာဟာ မှားယွင်းတဲ့ကိစ္စတစ်ခုမဟုတ်ဘူး လို့ ပြောပါတယ်။ နောက်ပိုင်းမှာမှ သူက သူ့စကားတွေကို မှား ယွင်း အဓိပ္ဗာယ်ကောက်ကြတာဖြစ်တယ်လို့ ပြန်ပြောပါတယ်။
လွှတ်တော်အမတ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာလည်း ကလေးသူငယ်ထိမ်းမြားလက်ထပ်မှုကို ရာဇဝတ်မှုအဖြစ်ဆောင်ရွက်ဖို့ ပျက်ကွက်နေတဲ့ သည် ဥပဒေ ကို ဆန့်ကျင်ပြောဆိုခဲ့ကြပါတယ်။
အမျိုးသမီးအခွင့်အရေးအဖွဲ့ဖြစ်တဲ့ စစ်စတာအင်န် အစ္စလာမ် ကလည်း ဘာသာရေးကို နိုင်ငံရေးအဖြစ် သွတ်သွင်းခံနေရပြီး ကလေးငယ် တွေကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ အစိုးရကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။

Credit : kumudra