modern-buddhism-talk-Logan-Hall-IOE-Russell-Square-400-226

ဗုဒ္ဓဘာသာ တွေမှာ ငရဲ ယုံတယ်နတ်ပြည်ယုံတယ် နိဗ္ဗါန်ကိုလည်း ယုံတယ်

ငရဲ တို့ ပြိတ္တာ တို့ ရောက်သွားသူတွေဟာအိမ်မက်ထဲမှာ ပြောပြတာတို့  အရိပ်အယောင်ပြတာတို့  လူဝင်စားဖြစ်တာတို့ ကနေ တဆင့်သိရတယ် နိဗ္ဗါန်ရောက်တယ်ဆိုတာလည်း ဟိုတုန်းက သံဃာတော်တွေအများကြီး
ရှိခဲ့သလို ဒီနေ့ ခေတ်ထိ ဝေဘူ ဘုန်းတော်ကြီး ဦးသီလ စွန်းလွန်း သပိတ်အိုင်ဆရာတော်ကြီး ဦးကိတ္တိ
သဲအင်းဂူ စတဲ့ ဆရာတော်ကြီး များကနိဗ္ဗါန်ကို မျပ်မှောက်ပြုကြောင်း စာအေတွေ မှတ်တမ်းတွေနဲ့ တဆင့် သတ်မှတ်ပြီး အတည်ပြုပေးကြတယ်
( အများကြီးကျန်ပါသေးတယ် )

ဗုဒ္ဓတရားတော် တွေဟာ လမ်းစဉ်အတိုင်းကျင့်ရင် သေချာပေါက် နိဗ္ဗါန်ရောက်တယ်
ဆိုတာ သက်သေတွေ အများကြီးနဲ့  အတည်ပြုပေးနိုင်ခဲ့တယ် ခရစ်ယာမ် တို့  အစ္စလာမ် တို့ မှာလည်း ငရဲ ဆိုတာရှိတယ် ကောင်းကင်ဘုံ ဆိုတာရှိတယ်

ကိုယ်ယုံကြည်ရာကို ကိုးကွယ်တာအပြစ်မဟုတ်ပါဘူး ဒါပေမဲ့ ကိုကိုးကွယ်တဲ့ ဘာသာတွေကနေ
ကောင်းကင်ဘုံ ရောက်တဲ့သူငရဲရောက်တဲ့သူ ဘယ်နှစ်ဦးလောက်များရှိပါသလဲ သိချင်မိတယ်
ကောင်းကင်ဘုံ ရောက်ရှိကြောင်းသက်သေနဲ့  ငရဲ ကျတဲ့ သက်သေ တွေရှိခဲ့ရင် လေ့လာချင်ပါတယ်

ကိုယ့်ဘာသာ အကောင်းဆုံးလို့ တော့ပာကြတာပါပဲ ဒါကိုတော့ လက်ခံပါတယ် ကိုယ့်အယူ အဆနဲ့ ကိုယ်ပေါ့

လက်တွေ့ လည်းကျတယ် သိပ္ပံ သဘောလည်းဆန်တယ် မယုံကြည်ရင်လည်း ရမ်းသမ်းမယုံပါနဲ့ 
လေ့လာပါ ဆန်းစစ်ပါ လက်တွေ့ ကျင့်ပါပြီးမှ ယုံကြည်ပါ ဆိုတဲ့ စိန်ခေါ်ထားမှု့လည်း ဗုဒ္ဓဘာသာ မှာ ရှိပါတယ် လူမျိုးမရွေး ဘာသာမရွေး လည်း ကြိုက်တဲ့အချိန် ကြိုက်တဲ့သူ စမ်းသပ်ပါ လို့ လည်း ဖိတ်ခေါ်ထားတယ်
ဒါ့ကြောင့်လည်း ရဲရဲဝံ့ဝံ့ နဲ့  အကောင်းဆုံးဘာသာဆိုပြီး အတည်ပြုပေးကြတာမမှာလောက်ပါဘူး

ဗုဒ္ဓဘာသာဝင် အမည်ခံပြီး မကျင့်ပဲနေရင်တော့ နိဗ္ဗါန်မရောက်ပါဘူးကျင့်မှရောက်မှာပါ ဒါ့ကြောင့်လည်း
ကျင့်သုံးသူကို ချမ်းသာစေတဲ့ဘာသာ လို့ အမည်တပ်ပေးရမှာပါ ဗုဒ္ဓဘာသာဝင် ဖြစ်တိုင်း လူတိုင်းမကောင်းပါဘူး ကျင့်သုံးမှု့မရှိရင်တော့ အလကားပါပဲ

အဲဒီတော့

တခြားဘာသာတွေမှာလည်း ဘယ်လိုတရားတွေ ဘယ်လိုကျင့်စဉ်တွေ
ရှိပြီး တရားတော်အတိုင်းကျင့်လို့  ဘယ်သူကတော့ ကောင်းကင်ဘုံရောက်သွားတယ် ဆိုတာ
ရှိခဲ့ရင် ပြောပြပေးပါလားလေ့လာပါရစေ

အဲဒီလိုသက်သေမပြနိုင်ရင်တော့ ဗုဒ္ဓဘာသာ ကသာလျှင်အကောင်းဆုံးပါလို့  ကင်ပွန်းတပ်ခဲ့ရင်
ကိုယ့်ဘက်ကိုယ်ယက်တယ်လို့ မပြောကြပါနဲ့ 

ဘာဖြစ်လို့ လည်းဆိုတော့အကောင်းဆုံးဆိုတာတစ်ခုတည်း ရှိလို့ ပါ

ဒီတော့ အမုန်းတရား မပါပဲဘာသာတရားသက်သက်ဆန်းစစ်မှု့လေးတွေစတင်လိုက်ကြရအောင် ဗျာ

Credit : ဦးမြင့်ခိုင်