Bingali 2

Boeing 727 လေယာဉ်ကြီးကို အိမ်လုပ်ကာ နေထိုင်နေသည့် အင်ဂျင်နီယာ ဆေးရုံကသေဆုံးပြီဟုသတ်မှတ်ပေးခဲ့သည့်မွေးကင်းစကလေးငယ်မှာ မြေမြှုပ်ခါနီးမှ အသက်ရှင်နေမှန်းသိရှိခဲ့ရ
အိန္ဒိယ ဘက်ခြမ်း ကက်ရှ်မီးယားရှိ ဘင်္ဂါလီ မွတ်စလင် ပေါင်း ၁၀ ၀၀၀ ခန့်ကို တိုင်းပြည်မှ နှင်ထုတ်သွားရန် အိန္ဒိယက စီစဉ်နေကြောင်းသိရသည်။ ကက်ရှ်မီး ယား ဒေသခံအစိုးရနှင့် ဗဟိုအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံဆွေး နွေးပြီးနောက် ယင်းဆုံးဖြတ်ချက်ကို ချ မှတ်လိုက်ပြီး ဆုံးဖြတ်ချက်ကို အကောင် အထည်ဖော်ရန်လုပ်ဆောင်နေကြပြီဖြစ်သည်။ ]ဘင်္ဂါလီတွေကို ခွဲခြားရွေးထုတ်ဖို့ နည်းလမ်းတွေ ရှာသွားမှာဖြစ်ပြီး သူတို့ကို ပြည်နှင်ဒဏ်ပေးသွားမှာဖြစ်တယ်] ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိကို ကိုး ကားကာ သတင်းတွင် ဖော်ပြထားသည်။
ဘင်္ဂါလီမွတ်စလင်များသည် စစ် သွေးကြွလှုပ်ရှားမှုများပြုလုပ်ရန်အတွက်မူးယစ်ဆေးဝါးမှောင်ခိုကာ ရန်ပုံငွေရှာ နေသည်ဟု အိန္ဒိယထောက်လှမ်းရေးကစွပ်စွဲထားသည်။ ၅ ၀၀၀ နှင့် ၁၀ ၀၀၀ ကြားခန့်ရှိသည့် ဘင်္ဂါလီများသည်အိန္ဒိယဘက်ခြမ်းကက်ရှ်မီးယားထဲ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ၊ အိန္ဒိယ-မြန်မာ နယ်စပ်တို့မှ ခိုးဝင်လာကြခြင်းဖြစ်သည်။ အိန္ဒိယတစ်လွှားတွင် အဆိုပါ ခိုးဝင်သူ ပေါင်း ၄၀ ၀၀၀ ခန့်ရှိမည်ဟု ယူဆရသည်။

Credit : ပြည်မြန်မာ