dad-cry3

“သမီး ရေ အဖေ့ ဆီကိုဘယ်တော့လာမှာလဲ”
“လာမှာပေါ့ အဖေ ရယ် အလုပ် မအားသေးလို့ပါအားရင်လာခဲ့မယ်နော်”
“သမီးရေဒီနေ့လာမယ်မလား။အဖေစောင့်နေမယ်နော်။ သမီး ဘာစားချင်လဲချက်ထာပေးမယ်လေ”
“ဒီနေ့မလာနိုင်တော့ဘူးနားရက်ဆိုတော့အိမ်မှာရှင်းလင်းရဦးမယ်သွားစရာတွေလည်းရှိသေးတယ်နောက်တော့မှလာခဲ့မယ်နော်””သမီးအဖေဆီကိုမလာတာကြာပြီကွယ်ဟိုလကလည်းမလာဘူးနော်””အားရင်လာမှာပေါ့အဖေရယ်”
အဖေကအမေမရှိတော့တစ်ယောက်တည်းနယ်မှာနေတယ်။ကျွန်မကတော့အလုပ်ကိစ္စနဲ့ရန်ကုန်မှာပဲနေတယ်လေ။ကျွန်မအားရင် အဖေ့ ဆီအလည်သွားတယ်။အဖေကအဲ့လိုဖုန်းအမြဲဆက်ပြီးမေးနေကျဒါပေမယ့်ထူးထူးဆန်းဆန်းအဖေ ကအရင်လို ဖုန်း မခေါ်တော့ဘူး။ငါ့ အဖေ ဘာများဖြစ်သွားလဲဆိုပြီးဖုန်းပြန်ခေါ်လိုက်တော့ဖုန်းမကိုင်ပြန်ဘူး။ငါ့ အဖေ မကြားလို့ထင်ပါတယ်ဆိုပြီး
စိတ်ဖြေလိုက်တယ်။ဖုန်ဆက်တဲ့၎ရက်မြောက်မှာအဖေဖုန်းကိုင်တယ်ကျွန်မလည်းစိတ်ပူတာနဲ့”အဖေ သမီး ကိုဘာလို့ဖုန်းမဆက်တာလဲဖုန်ခေါ်တော့လည်းမကိုင်ဘူး။အဖေကသမီးကိုစိတ်ပူအောင်လုပ်နေပြန်ပြီ”အဲ့လိုကျွန်မပြောလိုက်တော့” တူမကြီးအဖေဆုံးသွားတာနှစ်ရက်ရှိပြီကွယ်။ “ရှင် “ဦးလေးတို့ကဘေးအိမ်ကပါ။တူမကြီးတို့အဖေကညညကျအရက်တွေသောက်ပြီးတော့တူမကြီးကိုမျှော်နေရှာတာကွဲ့။သူမူးရင်ဖုန်ကိုထုတ်ပြီး”သမီး ဘယ်တော့လာမှာလဲ အဖေ စောင့်နေတယ်ဆိုပြီးခဏခဏပြောနေရှာတာတစ်ညနေတော့အရက်တွေအရမ်းသောက်ပြီးအိမ်အပြင်ထွက်ပြီးသူ့သမီး ကိုသွားကြိုမယ်ဆိုပြီးထွက်သွားတာကွယ်မူးကလည်းမူးနေမှောင်လည်းမှောင်နေတော့ကားအလာကိုမမြင်ဘဲ တူမကြီး အဖေကိုဝင်တိုက်သွားတယ်လေ။အဲ့မှာဦးလေးတို့ကလည်းတွေ့တာနဲ့ဆေးရုံသွားမယ်ဆိုတော့သူကအားတင်းပြီးဦးလေးကိုပြောတယ်ကွဲ့သူ့သမီးကိုအကြောင်းမကြားပါနဲ့တဲ့သမီးလေးသိရင်စိတ်မကောင်းဖြစ်ပြီးစိတ်ဆင်းရဲ့လိမ့်မယ်တဲ့အဲဒါကိုတော့လိုက်လျောပေးပါဆိုပြီးပြောရင်းနဲ့ပဲအသက်ထွက်သွားတောပဲတူမကြီးရယ်”ကျွန်မမကြားရတဲ့စကားတွေကိုမယုံသလိုလိုနဲ့တကယ်ဆုံးသွားတာလားလို့မေးချင်လိုက်ပေမယ့်အဲ့အဖြေကိုနားထောင်ဖို့ယုံကြည်ချက်မရှိတော့ဘူးကျွန်မကိုကျွန်မဒေါသသတွေထွက်လာတယ်လက်ထဲကဖုန်းကလည်းမြေပြင်ပေါ်မှာလွှတ်ကျရင်း…..
အသက်မဲ့နေတဲ့ ဖုန်း လေကိုကျွန်မငေးကြည့်ပြီးမျက်ရည်တွေစီးဆင်းရင်းနဲ့ “သမီး ဘယ်တော့လာမှာလဲဟင် အဖေ စောင့်နေမယ်နော်” ဆို့တဲ့ အဖေ ရဲ့အသံလေးက နားထဲမှာထပ်ခါထပ်ခါကြားရင်…,…

Credit : Moon