japan
လူငယ်လူရွယ် မျိုးဆက် နည်းပါးတဲ့ ဂျပန်နိုင်ငံမှာတော့ ကုမ္ပဏီ
တစ်ချို့ဟာ နိုင်ငံခြား လုပ်သားတွေကိုပါ ငှားရမ်းခေါ်ယူရတာမျိုးတွေ
ရှိနေပါတယ်။ ဒါပေမယ့်လည်း အလုပ်အတွက် အင်တာဗျူး
ဖြေဆိုရာမှာတော့ တကယ့်ကိုပဲ စောင့်ထိန်းလိုက်နာရမယ့်
စည်းမျဉ်းစည်းကမ်းတွေက အင်တာဗျူး ဖြေမယ့် ဘယ်သူပဲဖြစ်ဖြစ်
အတွက်တော့ ရှုပ်ထွေးလွန်းလှပါတယ်။ အထူးသဖြင့် နိုင်ငံသားတွေ
အတွက်တောင် သိပ်ပြီးမလွယ်ကူလှပါဘူး။ ဒါကြောင့်မို့ ဂျပန်မှာ
အလုပ်အင်တာဗျူးသွားတော့မယ်ဆိုရင် အပြင်လူတွေအနေနဲ့
လိုက်နာရမယ့် စည်းမျဉ်းတွေ သိရှိကြဖို့အရေးကြီးပါတယ်။

Recruit suit လို့ခေါ်တဲ့ အလုပ် အင်တာဗျူး သွားတဲ့အခါမှာ
ဝတ်ဆင်ရမယ့်ဝတ်စုံ သင့်မှာ ရှိဖို့လိုပါတယ်။

Recruit suit ဆိုတဲ့ ၀တ်စုံမှာတော့ ရိုးရှင်းတဲ့ ရှပ်အကျီအဖြူရောင်
တစ်ထည်နဲ့ အနက်ရောင် အိတ်၊ဖိနပ်တွေ ပါဝင်ဝတ်ဆင်
ရမှာဖြစ်ပါတယ်။ အင်တာဗျူး သွားမယ့်သူအနေနဲ့ မုတ်ဆိတ်၊
ဆံပင်ဆေးဆိုးထားတာ၊ နားဆွဲအကြီးကြီးတွေ ၀တ်ထားတာ၊
မိတ်ကပ်ထူထူထဲထဲ လိမ်းထားတာ၊ အဖြူရောင် ဒါမှမဟုတ်
အရောင်တောက်လွန်းတဲ့ နက်ကတိုင် ၀တ်တာ စတာတွေကို
ရှောင်ကြဉ်ဖို့ လိုပါတယ်။ အကယ်၍ သင်ဟာ ကုတ်အကျီ
တစ်ထည်ကို ၀တ်ထားတယ်ဆိုရင်အခန်းထဲ မ၀င်ခင် ချွတ်ထားလိုက်ပါ။

အင်တာဗျူး ခန်းဝင်တဲ့အချိန်မှာ လိုက်နာရမယ့်စည်းမျဉ်းများ

အလုပ်အကိုင် ရှာဖွေစုဆောင်းရေး ၀က်ဆိုဒ် Rikunabi ရဲ့ အဆိုအရ
တံခါးကို သုံးကြိမ်ခေါက်ပါလို့ ဆိုထားပါတယ်။ တံခါးကို နှစ်ခါပဲ
တော့ မခေါက်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက အိမ်သာတစ်ခုမှာ
အထဲမှာ လူရှိမရှိ စမ်းသပ်စစ်ဆေးတဲ့ အနေနဲ့ ခေါက်တဲ့
ပုံစံဖြစ်နေလို့ပါ။ အခန်းထဲ သင့်ကို ၀င်ခွင့်ပြုတဲ့အထိ စောင့်ပါ။
သင်အထဲရောက်သွားတာနဲ့ နောက်လှည့်ပြီး တံခါးကို
အသံအကျယ်ကြီးမမြည်အောင် ပြန်ပိတ်ပါ။ ပြီးတာနဲ့ “Excuse me”
လို့ပြောပြီး လူကြီးတွေကို ခေါင်းညွှတ်ပြီး ထိုင်ရမယ့်ထိုင်ခုံ
ဘယ်ဘက်ကနေ လျှောက်သွားပြီး ထိုင်ပါ။ ပြီး ကိုယ်ဘယ်သူလဲဆိုတာ
ကို ပြည့်ပြည့်စုံစုံ မိတ်ဆက်ပြီး သူတို့ ဘာမေးမလဲဆိုတာ ထိုင်စောင့်ပါ။

ဘယ်လို ဦးညွတ်ရမလဲ

ခေါင်းငုံ့တဲ့အချိန်မှာ သင့်ခေါင်းကိုပဲ ငုံ့ရုံမလုပ်ပါနှင့်။ ခန္ဓာကိုယ်ကိုပါ
လိုက်ပါကွေးငုံ့ပါ။ အလုပ်အကိုင် ရှာဖွေရေးဆိုဒ် MyNavi ရဲ့အဆိုရတော့
ဝင်လာတဲ့အချိန်မှာ ခန္ဓာကိုယ် ကို ၃၀ ဒီဂရီ ငုံ့ပြီး ပြန်ထွက်တဲ့အခါ
မှာတော့ ၄၅ ဒီဂရီ ကွေးငုံ့သင့်တယ်လို့ ဆိုထားပါတယ်။

သင်ပြောရမယ့် စကားလုံး ကို အသေအချာရွေးပါ

ယဉ်ကျေးချိုသာတဲ့ စကား အသုံးအနှုန်းမျိုး ရွေးသုံးပါ။ ပြီးတော့
ပါလာတဲ့ အထောက်အထားလက်မှတ်တွေကို ရိုရိုသေသေ
ကမ်းပေးလိုက်ပါ။ လက်နှစ်ဘက်လုံးသုံးပြီး ကမ်းပေးလိုက်ပါ။

နောက်ဆုံး စည်းမျဉ်း

အင်တာဗျူး ပြီးဆုံးချိန်မှာတော့ အင်တာဗျူး မေးသူကို
ကျေးဇူးတင်ကြောင်းပြောပြီး ထိုင်နေရင်းနဲ့ ဦးညွတ်အရိုသေပေးပါ။
ပြီးတော့ ထရပ်ပြီး နောက်တစ်ကြိမ် အဲဒီလို လုပ်ပါ။ ပြီးတာနဲ့
“Excuse me” လို့ပြောပြီး အခန်းထဲက ထွက်ပါ။ တံခါးကို
ဖြည်းဖြည်းပြန်ပိတ်ပါ။ သင်ပြန်ထွက်တဲ့အချိန်မှာ ဖုန်းကို
ထုတ်ပြီးစစ်တာမျိုး မလုပ်မိပါစေနှင့်။ သင့်ကို အလုပ်ရှင်က
အချိန်မရွေးစောင့်ကြည့်နေမှာဖြစ်တဲ့အတွက် ဒီလိုအပြုအမှုမျိုးကအစ
သတိထားရမှာဖြစ်ပါတယ်။

အခြားလိုက်နာရမယ့်အချက်များ

ဘယ်တော့မှ နောက်မကျစေပါနှင့်။ ဂျပန်မှာက appointment တစ်ခု
မသွားခင် ငါးမိနစ်ကနေ ဆယ်မိနစ် အရင်ရောက်နေခြင်းကသာ
အချိန်မီရောက်တယ်လို့ သတ်မှတ်ကြတာပါ။ ပြီးတော့ အင်တာဗျူး ပြီးလို့
ထိုင်ခုံကနေ ထတဲ့အခါ ခုံကို မူလနေရာအတိုင်း ပြန်ရွှေ့ထား
ပေးဖို့လည်း မမေ့ပ့ါနှင့်။

Credit :Strategy first journal