popo

ဖျော်ဖြေရေးအတွက် သွားနေတယ်လို့ သိရပါတယ်။
အဆိုတော် ပိုပိုကတော့ ကိုရီးယား ဆိုးလ် မြို့ကို ရောက်ရှိနေပါတယ်။ ကိုရီးယား ကို ရောက်နေတဲ့ ပိုပို တစ်ယောက် ပျော်နေတာကိုလည်း တွေ့ရပါတယ်။ သူမပျော်သလို ပရိသတ်တွေ ပျော်ရအောင်လည်း ဖေ့စ်ဘွတ် ကနေ Live လွှင့်ပြီး သူမသွားနေတဲ့ နေရာလေးတွေကို ပြပေးပါတယ်။
ပိုပိုကတော့ သင်္ကြန်တွင်းလောက် ကတည်းက ကိုရီးယား ကို ရောက်နေတာလို့ သိရပါတယ်။ ဧပြီ(၂၅)ရက်နေ့ကလည်း ကိုရီးယားနန်းတွင်းထဲ သွားပြီး ကိုရီးယား ဝတ်စုံလေးဝတ်ကာ အလှဓာတ်ပုံလေးတွေ အများကြီး ရိုက်ထားပါသေးတယ်။

popo
ဒီနေ့(ဧပြီ၂၆ရက်)မှာတော့ Seoul နမ်းစမ် က သော့လေးတွေ ချိတ်ထားတဲ့ နေရာကို သွားရောက်ပြီး အလှဓာတ်ပုံတွေ အများကြီး ရိုက်ထားပါတယ်။ ပိုပိုရဲ့ အလှဓာတ်ပုံလေးတွေကို ပရိသတ်တွေ တွေ့ရအောင် ပိုပိုဖေ့စ်ဘွတ်က ကူးယူပြီး ပြန်ဖော်ပြပေးလိုက်ပါတယ်။
ခရီးတွေ သွားဖြစ်နေတဲ့ ပိုပိုကတော့ မွေးနေ့မှာ မီနီအယ်လ်ဘမ်အခွေထွက်နိုင်အောင်လည်း ကြိုးစားနေပါတယ်။ သူမရဲ့ မွေးနေ့ဖြစ်တဲ့ မေလ(၁၆)ရက်နေ့မှာ ထွက်မယ်လို့ ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။
သူမရဲ့ အခွေမှာတော့ သီချင်း (၇)ပါဝင်မှာ ဖြစ်ပြီး ပရိသတ်တွေအတွက် သီချင်း ပုံစံဆန်းဆန်းလေးတွေ ပါဝင်မှာ ပါ။ မီနီအယ်လ်ဘမ်ကို mtv တစ်ခါတည်း ထွက်ဖို့ ကြိုးစားနေသလို ပရိသတ် တွေအားပေးမှု ရရှိထားတဲ့ “မင်းကိုမချစ် လို့မဟုတ်ဘူး” သီချင်း ကို ပရိသတ်တွေအရမ်းကြိုက်တဲ့ မင်းသားတစ်ယောက်နဲ့ ရိုက်ကူးဖို့ စဉ်းစားထားတယ်လို့လည်း သိရပါတယ်။
ဗီဒီစီ ကိုတော့ ခရီးသွားရင်း ရိုက်ကူးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အခွေ အတွက် ပြင်ဆင်နေသလို အနုပညာရှင်တွေနဲ့ကဗျာဆရာတွေပါဝင်တဲ့ ကဗျာစာအုပ်ကိုလည်း ထုတ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ အဲ့ဒီစာအုပ်မှာတော့ နေတိုး၊စိုးမြတ်သူဇာ၊ဒါရိုက်တာသြရသ၊စိုင်းစိုင်းခမ်းလှိုင်၊ဗေလုဝ၊အရိုင်း၊ကျော်ကျော် တို့ရေးသားထားတဲ့ ကဗျာများနဲ့အတူ သူမကိုယ်တိုင်ရေးသားတဲ့ ကဗျာများလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။
Photo : ပိုပိုဖေ့စ်ဘွတ်
Credit : Duwun