jeon-so-mi-

JYP ကုမ္ပဏီ က Kpop မိန်းကလေးအဖွဲ့တစ်ဖွဲ့ ထောင်ဖို့အတွက် မိန်းကလေးတွေကို လေ့ကျင့်ပျိုးထောင်နေပြီး သူတို့ရဲ့သီဆိုဟန်တွေကို နားထောင်ကာ အဲဒီထဲက အလားအလာရှိတဲ့ မိန်းကလေး ၉ ဦးကို ကိုရီးယားနိုင်ငံသားတွေက ရွေးချယ်ထားပါတယ်။
ဒီမိန်းကလေးတွေရဲ့နာမည်ကတော့ (ဘယ်မှ ညာ) အပေါ်ဆုံးတန်းက ၁၉၉၉ ခုနှစ်မှာ မွေးတဲ့ မာရှီရို (Mashiro)၊ ၂၀၀၁ မှာ မွေးတဲ့ ဂျွန်ဆိုမီ (Jeon So Mi) ၊ ၂၀၀၁ မှာ မွေးတဲ့ ပါ့ခ်ဆီအွန် (Park Si Eun) တို့ ဖြစ်ပါတယ်။
အလယ်တန်းမှာတော့ (ဘယ်မှ ညာ) ၂၀၀၀ ပြည့်နှစ်မှာ မွေးတဲ့ ယွန်ဟေး (Yoon Hye)၊ ၂၀၀၂ ခုနှစ်မှာ မွေးတဲ့ ရှင်အွန်ဆိုး (Shin Eun Soo)၊ ၂၀၀၂ ခုနှစ်မှာ မွေးတဲ့ ဆိုကျောင်း (Soo Kyung) တို့ ဖြစ်ပါတယ်။
အောက်ဆုံးတန်းက (ဘယ်မှ ညာ) ၂၀၀၃ ခုနှစ်မှာ မွေးတဲ့ ယူနာ (Yu Na)၊ ၂၀၀၁ ခုနှစ်မှာမွေးတဲ့ ဟန်ဆိုးလ် (Han Seol)၊ ၂၀၀၁ ခုနှစ်မှာ မွေးတဲ့ ရှင်ရူဂျင် (Shin Ryu Jin) တို့ ဖြစ်ပါတယ်။

Kpop အဖွဲ့သစ်ရဲ့ အဖွဲ့ဝင်တွေဖြစ်လာနိုင်တဲ့ မိန်းကလေးတသိုက်

သူတို့ ၉ ယောက်စလုံးဟာ အဖွဲ့သစ်ထဲမှာ ပါလာမလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။
အားလုံးဟာ ငယ်ရွယ်လွန်းလှပြီး အသက်အကြီးဆုံးက ၁၉၉၉ ဆိုတော့ ဆယ်ကျော်သက်လေးတွေချည်းပါပဲ။
Source & Photos : allkpop
Credit: Duwun