ပါကစ္စတန် နိုင်ငံမှာနေထိုင်တဲ့ လူတစ်ဦး ဟာအခြား လူတွေနဲ့ မတူဘဲ သစ်ရွက်သစ်ခက် တွေကို နှစ်ပေါင်း ၂၅ နှစ်ကြာ စားသုံးခဲ့တယ်လို့သိရပါတယ်။ ပါကစ္စတန် နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာနေထိုင်တဲ့ (Mehmmod Butt, )မက်မွဒ် ဘတ်ဆိုသူ ဟာ အစားစာဝယ်ဖို့ ငွေကြေးမတတ်ဘဲဆင်းရတာကြောင့် သစ်ရွက်တွေကို သာ စားသုံးခဲ့ရတာဖြစ်ပါတယ်။
ဘတ်က “ ကျွန်တော်တို့ မိသားစု ဟာ အလွန်ဆင်းရဲတယ်။ အရာရာတိုင်းဟာ ဈေးကြီးလွန်းနေပြီး အသားတွေ ၀ယ်ဖို့ ဆိုတာ ကျွန်တော်တို့အတွက် ခက်ခဲလွန်းပါတယ်။ ဒါကြောင့် ကျွန်တော် ဟာ လမ်းပေါ်မှာစိုက်ထားတဲ့အပင်တွေ က အရွက်တွေသာစားသုံးဖို့ စဉ်းစားခဲ့တယ်။ “လို့ ပြောပါတယ်။
ဘတ် ဟာ နှစ်ပေါင်းများစွာ သစ်ပင် အရွက်တွေကို စားသုံးခဲ့ပေမယ့် ၀မ်းဗိုက်နာကျင်တာမျိုးမဖြစ်ဘဲ ကျန်းမာရေးကောင်းမွန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဘတ် ဟာ အစားစာဝယ်ဖို့ အလုပ်လုပ်ချိန်မှာ ငွေကြေးရပေမယ့် သစ်ရွက်တွေကို စားသုံးနေတဲ့အလေကျင့်ကိုမစွန့်လွတ်နိုင်တာကြောင့် သစ်ရွက်တွေကို ဆက်လက်စားသုံးနေခဲ့တယ်လို့သိရပါတယ်။ ဘတ်က သူအနေနဲ့ လမ်းပေါ်သွားရောက်ချိန်မှာ လမ်းဘေးမှာရှီတဲ့ သစ်ပင်တွေရဲ့လတ်ဆက်တဲ့ အရွက်တွေကို ခူးဖို့ ကြိုးပမ်းတဲ့အလေကျင်တွေဖြစ်နေတယ်လို့ ပြောပါတယ်။
ဘတ်က သူစားသုံးခဲ့တဲ့ အရွက်တွေ ထဲမှာ ညောင် ပင် ရဲ့အရွက်ကို စားသုံးရတာ အနှစ်သက်ဆုံးလို့ ပြောပါတယ်။
Ref: dantri

Credit: ဇော်မင်းဦး(ပစ်တိုင်းထောင်)