family

အချစ် ဆိုတဲ့အရာက တချို့အတွက်ကျတော့ လိုက်လေပြေးလေ၊ ဝေးလေဖြစ်နေပေမယ့် တချို့အတွက်ကျတော့ ပေါများ လွန်းပြန်ပါတယ်။အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ အချစ်တွေများစွာနဲ့တည်ဆောက်ထားကြတဲ့ ချစ်သူစုံတွဲ၊ လက်ထပ်မှုတွေအကြောင်းဖြစ်ပါတယ်။တချို့relationshipမျိုးဟာ အားလုံးအတူတကွ ကြည်ကြည်ဖြူဖြူပေါင်းသင်းနေ ထိုင်ကြတယ်ဆိုပေမယ့် လောကနိယာမတရားနဲ့ညီညွတ်ရဲ့လားဆိုတာတော့ လူမှုအဖွဲ့အစည်းအသိုင်းအ၀ိုင်းကပဲ ဆုံးဖြတ်နိုင်မှာပါ။အခုတော့ ပရိသတ်ကြီးအတွက် စိတ်ဝင်စားစရာ ဗဟုသုတများအဖြစ်လေ့လာနိုင်အောင် စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဂေးသုံးယောက်ရဲ့ လက်ထပ်ပွဲ

Joke, Bell နဲ့ Art တို့ဟာ သုံးပွင့်ဆိုင်အချစ်ရေးကို တည်ဆောက်ခဲ့ကြပါတယ်။ဒါကြောင့် သူတို့သုံးယောက်ဟာ ၂၀၁၅ခုနှစ် Valentine’s Dayမှာ ထိုင်းနိုင်ငံ၊ Thani စီရင်စုပြည်နယ်မှာ လက်ထပ်ခဲ့ကြပါတယ်။Joke နဲ့ Art တို့က အရင်ဆုံး ချစ်သူတွေဖြစ်နေကြပြီး Bellကိုနောက်မှ တွေ့ဆုံခဲ့ကြတာပါ။ဒါပေမယ့်သူတို့ သုံးယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက်ချစ်ခင်မြတ်နိုးမိသွားကြပါတယ်။ထိုင်းနိုင်ငံမှာ လိင်တူတွေလက်ထပ်တာကို ခွင့်မပြုခင်ကတည်းက သူတို့ သုံးယောက်က ဗုဒ္ဓဘာသာထုံးစံအရလက်ထပ်ထားခဲ့ပြီးဖြစ်ပါတယ်။

လော့စ်အိန်ဂျလိစ်က သုံးပွင့်ဆိုင်အချစ်နဲ့မိသားစု
Adam Lyons ဆိုတဲ့လူစာ အနုပညာကို ရူးသွပ်နေသူတစ်ဦးဖြစ်ပါတယ်။ဒါ့အပြင် လန်ဒန်မှာရှိတဲ့ သူ့ကျောင်းရဲ့ အတန်းဖော်တွေက သူ့ကို မိန်းကလေးစိတ်ဝင်စားမှုမရှိတဲ့၊ ဂေါ်မစွံတဲ့သူတစ်ယောက်အဖြစ် သတ်မှတ်နေကြတာကို မကျေမနပ်ဖြစ်နေရသူတစ်ဦးပါ။ဒါပေမယ့် အခုတော့ Adam ဟာ Brooke Shedd နဲ့ Jane Shalakovaဆိုတဲ့ အမျိုးသမီးနှစ်ယောက်နဲ့သုံးပွင့်ဆိုင်အချစ်ကိုတောင်ဖန်းတီးထားနိုင်ပါပြီ။Brooke ကမကြာသေးမီကမှ Dant လို့ခေါ်တဲ့ သားလေးတစ်ဦးမွေးထားပါတယ်။ဒါ့အပြင် Oliverလို့ခေါ်တဲ့ အရင် အိမ်ထောင်ကနေရတဲ့သားလေးတစ်ယောက် လည်းရှိပါသေးတယ်။အခုတော့ အဲဒီသားလေးနှစ်ယောက်နဲ့ Adam Lyonsတို့ သုံးယောက်ပျော်ရွှင်စွာ အတူတကွနေ ထိုင်နေကြပါတယ်။
လူလေးယောက်နဲ့ စုံတွဲငါးတွဲ
Charlieဆိုတဲ့အမျိုးသမီးက Tom ဆိုတဲ့အမျိုးသားနဲ့လက်ထပ်ထားသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် တစ်နှစ်တည်းမှာပဲ Sarah ဆိုတဲ့အမျိုးသမီးနဲ့လည်း ချစ်ကြိုက်မိပြန်ပါတယ်။အဲဒီ Sarahကတော့ Chrisဆိုတဲ့အမျိုးသားနဲ့လက်ထပ် ထားသူ ပါ။ပထမတော့ Chrisက သူ့မိန်းမကို Charlie ရဲ့အမျိုးသားTom နဲ့အထင်လွဲခဲ့တာပါ။ဒါပေမယ့် Tomနဲ့ Charis တို့ နှစ် ဦး အထင်လွဲသူအချင်းချင်းသူငယ်ချင်းတွေဖြစ်ကြပြီးCharis ကသူငယ်ချင်း Tomရဲ့ ဇနီး Charlieကိုချစ်မိ သွားပြန် ပါတယ်။အဲဒီနောက်မှာတော့ သူတို့လေးယောက်ဟာ ခိုင်မာတဲ့သံယောက်ဇဉ်တွေ၊ အချစ်တွေနဲ့ အင်္ဂလန်မှာပဲ အိုမင်းတဲ့ အထိ အတူတူနေသွားကြမယ်လို့ဆိုကြပါတယ်။

ကလေးရှိနေကြပြီဖြစ်တဲ့ Lesbian စုံတွဲ

Kitten, Brynn နဲ့ Doll Young အမည်ရှိအမျိုးသမီးသုံးယောက်ဟာ ၂၀၁၃ခုနှစ်မှာ Massachusetts ပြည်နယ် ရဲ့ပွဲတစ်ခုမှာဆုံခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက်ချစ်မိသွားကြပါတယ်။သူတို့သုံးယောက်ဟာ အဖြူရောင် သတို့သမီး ၀တ်စုံများဝတ်ဆင်ပြီး အသိသက်သေရှေ့နေ့တစ်ယောက်ရဲ့ရှေ့မှာ လက်ထပ်ခဲ့ကြပါတယ်။အခုတော့ Kitten မှာ sperm donorတစ်ဦးရဲ့အကူအညီနဲ့ ကိုယ်ဝန်ဆောင်နေပါပြီ။

သုံးပွင့်ဆိုင် အချစ် ရေးတွေအတွက် ဖုန်း app
ဒီ app ကတော့ သုံးပွင့်ဆိုင်၊လေးပွင့်ဆိုင် အချစ် တွေအများကြီးနဲ့ ရှင်သန်နေကြသူ ချစ်သူစုံတွဲတွေအတွက် ထုတ်လုပ် ထားတဲ့ appတစ်ခုဖြစ်ပြီး “The Poly Life” လို့ခေါ်ပါတယ်။အသုံးပြုတဲ့ userတွေအနေနဲ့ သူတို့ချစ်သူတွေနဲ့ အဆက်အ သွယ်မပြတ်စေသလို ချစ်သူ သွားတဲ့နောက်ကို ခြေရာခံလိုက်တာမျိုးပြုလုပ်နိုင်ပါတယ်။ဒါ့အပြင် ဒီလို relationshipရှိတဲ့ သူတွေအတွက် ပြုလုပ်နိုင်တဲ့ Dateလုပ်နည်းတွေ၊အစီအစဉ်လေးတွေလည်းပါရှိပါတယ်။တကယ်လို့ ဒီ app ကိုသုံးချင် တယ်ဆိုရင်တော့ ၃.၉၉ဒေါ်လာနဲ့ဝယ်ယူအသုံးပြုနိုင်တယ်လို့သိရပါတယ်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

source:oddee.com
Credit : Shwemom