Nintendo Switch များကို ကစားလိုသည့် ဂိမ်းဝါသနာရှင်များက လတ်တလောက ထွက်ပေါ်လာသည့် ၀က်ဆိုက် အတုများ ပြောကြားထားသည့်အတိုင်း Nintendo Switch ဂိမ်းများအား အခမဲ့ ကစားနိုင်ရန်နျင့် Nintendon Switch ဂိမ်းခလုတ်များ ရရှိရန်အတွက် ကိုယ်ရးအချက်အလက်များ ဖြည့်စွက်ကာ malware ပါဝင်သော ဆော့ဖ်ဝဲများ download လုပ်ဆောင်မိနေကြောင်း သိရသည်။ လတ်တလော ထွက်ပေါ်လာသည့် ၀က်ဆိုက်များမှာ Switch ဂိမ်းများအား PC ကွန်ပျူတာပေါ်၌ ကစားနိုင်ရန် အတွက် download ၀န်ဆောင်မှုများကို ပေးနေပြီဖြစ်ကြောင်း အခိုင်အမာပြောကြားကာ အချို့ ကံထူးသော ကစား သမားများအတွက် Nintendo Switch ဂိမ်းခလုတ်ကိုပါ ဆုချသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။ ၄င်းတို့ မှ တင်ပေးနေသည့် software download များမှာ malware များ ဖြန့် ချိပေးနိုင်ကြောင်း ပညာရှင်များက တွေ့ ရှိခဲ့ ရာ Nintendo Switch ဂိမ်းများအား ကစားနိုင်ရန် လုပ်ဆောင်ပေးသည်ဟု ကြေငြာထား သည့် ၀က်ဆိုက်များမှာ PC အသုံးပြုသူများအား မကောင်းကြံလိုသည့် ၀က်ဆိုက် အတုများဖြစ်ကြောင်းသိရသည်။ ဤ ၀က်ဆိုက်အတုများကို ဖန်တီးနေသူများမှာ Nintendo Switch ဂိမ်းများ အခမဲ့ ကစားလိုသူများနှင့် ဆက်သွယ် မိရန်အတွက် စီစဉ်ထားပြီး ၀က်ဆိုက်တွင် လည်ပတ်သူများစေရန် အတွက် youtube ဗီဒီိယိုများဖြင့်လည်း အဆိုပါ ၀က်ဆိုက်များသို့ လမ်း ညွှန်ထားကြောင်း သိရသည်။ ၀က်ဆိုက်များသို့ ရောက်ရှိသူများက ကိုယ်ရေး အချက်အလက် များကို ဖြည့်စွက်ပေးရပြီး ဆုမဲများအနေဖြင့် Nintendo Switch ဂိမ်းခလုတ် ကိုလည်းကောင်း Switch ဂိမ်းများအား PC ပေါ်တွင် ကစားနိုင်ရန် ပြုပြင်ထားသော software များကို ၄င်း ရရှိမည်ဟု ပြောကြားထားသည်။ Malware ပါဝင်သည့် software များကို ဖြန့် ချိနေရုံသာမက ဟက်ကာများမှာ ဂိမ်းဝါသနာရှင်များ ဖြည့်စွက်ရသည့် ကိုယ်ရေး အချက်အလက်များကိုလည်း တစ်ဖက်နည်းဖြင့်ရယူနေကြောင်း သိရသည်။ Norton Antivirus ထုတ် လုပ်သူ Symatec ကုမ္ပဏီမှ ၄င်းတို့ ၏ တရားဝင် blog ပေါ်တွင် ဤ ၀က်ဆိုက်အတုများအကြောင်း သတိပေးစာ ရေးတင်ထားပြီး ဗီဒီယိုမျှဝေသော ၀က်ဆိုက်များပေါ်တွင် အဆိုပါ ဗီဒီိယိုများကို တွေ့ မြင်နေရပြီး ကြည့်ရှုသူအများ ဆုံးရရှိထားသော ဗီဒီိယိုတစ်ခုမှာ view အရေအတွက် ၇၆၀၀၀ ရရှိထားသည်ဟု သိရသည်။

Credit:ရတနာပုံသတင်းစာ