အဆိုတော် နင်ဇီမေကတော့ သူမရဲ့ မွေးနေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အခွေအတွက် အလုပ်တွေ အရမ်းများနေတာကြောင့် ပရိသတ်တွေကို အချိန်မပေးနိုင်တဲ့အတွက်ကိုလည်း ခွင့်လွှတ်ဖို့ ပြောထား ပါသေးတယ်။

အဲ့ဒါကြောင့် သူမရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံနိုင်ဖို့ အစီအစဉ်တစ်ခုကို ပြောပြလိုက်ပါတယ်။ မကြာခင် ရောက်ရှိတော့မယ့် သူမရဲ့ မွေးနေ့အလှူလေးကို မေလ(၇)ရက်နေ့တွင် ရန်ကင်းကလေးဆေးရုံမှာ အလှူလုပ်ဖို့ စဉ်းစားထားကြောင်း ပရိသတ်တွေကို ပြောပြထားပါတယ်။

ရန်ကင်းကလေးဆေးရုံမှာ ကလေးတွေအတွက် မုန့်နဲ့ ကစားစရာလေးတွေ ဝေပေးတာမျိုး၊ ကလေးတွေကို သီချင်းဆို တာတွေ၊ ကလေးတွေအတွက် အချိန်ပေးပြီးစကားပြောမယ့် အစီအစဉ်လေးတွေလည်း စီစဉ်ထားတာကြောင့် သူမနဲ့အတူ အလှူမှာ ပါချင်တဲ့ ပရိသတ်တွေကို ဖိတ်ခေါ်ထားပါတယ်။

နင်ဇီမေရဲ့ မွေးနေ့ကတော့ မေလ(၉)ရက်နေ့ ဖြစ်ပေမယ့် ပရိသတ်တွေနဲ့ အလှူအတူတူလုပ်နိုင်ဖို့ အားလုံး အဆင်ပြေမယ့် တနင်္ဂနွေ(မေလ၇)ရက်နေ့ကို ရွေးထားတယ်လို့ သိရပါတယ်။ ပါဝင်ချင်တဲ့ ပရိသတ်တွေအနေနဲ့” Ko Toe Myat Thu  09450711227၊  Ko Naing Lin (Ko Zin)  09969116864၊ Ko Htet Linn – 09977884890″ တို့ကို ဆက်သွယ်ဖို့ ပြောထားပါတယ်။ နင်ဇီမေဟာ လက်ရှိမှာ အခွေအတွက် ပြင်ဆင်နေပါတယ်။

SCM ကလေးသူငယ် ဖွံ့ဖြိုးရေး ဂေဟာကနေ အကျိုးပြု သီချင်းအခွေထုတ်ဖို့ စီစဉ်နေပါသလို အဲ့ဒီသီချင်းခွေမှာ သူမအပြင် Lဆိုင်းဇီ၊ J Me၊ David Lai၊ Susanna Min၊ Nin Zi May၊ Jenevy Sui၊ Hmwe Pyant Min Thu၊ Lydia, Mary နဲ့ SCMက ကလေးများလည်း ပါဝင်တယ်လို့ သိရပါတယ်။ အခွေကိုတော့ MTV တစ်ခါတည်း ထွက်ရှိမှာ ဖြစ်ပါတယ်။

 

နင်ဇီမေဟာ လက်ရှိမှာ ရှိုးပွဲတွေ သီဆိုဖြစ်နေပြီး သူမရဲ့ တစ်ကိုယ်တော်အခွေကိုလည်းပြင်ဆင်နေတယ်လို့ သိရပါတယ်။ သူမရဲ့ Solo Album ကို ထွက်နိုင်ဖို့ ပြင်ဆင်နေပေမယ့် ပရိသတ်တွေကို မျှော်နေရမှာစိုးတဲ့အတွက် သေချာပြင်ဆင် နေပေမယ့် ထွက်မယ့်အချိန်ကတော့ အတိအကျ မပြောနိုင်သေးဘူးလို့ဆိုပါတယ်။

အနှေးနဲ့အမြန် ထွက်နိုင်အောင် ကြိုးစားနေပါတယ်လို့ သူမက ပြောပါတယ်။ သူမရဲ့ တစ်ကိုယ်တော်အခွေ ထဲမှာတော့ သီချင်းဟောင်းတွေ ပါဝင်မှာ မဟုတ်ဘဲ သီချင်းအသစ်တွေနဲ့ သူမလုပ်ချင်တဲ့ ပရိသတ်တွေကြိုက်မယ့် ပုံစံလေးတွေ ပါဝင်မယ်လို့ သိရပါတယ်။

Photo : နင်ဇီမေ ဖေ့စ်ဘွတ်