လိုင်စင်ရ

လိုင်စင်ရ အရက်ဆိုင်ပိုင်ရှင် မောင်မင်းသွေး ဆိုသူက ချစ်စဖွယ် သားငယ်လေး တစ်ယောက်မွေးပြီးတည်းက အရင် ကထက်ပိုပြီး အလုပ်တွေ ကြိုးစားနေလေရဲ့ သားလေး ကျောင်းတက်ဖို့ ပိုက်ဆံစု ရတာပေါ့ မမြတင် ကလဲ ယာက်ျားရှာလို့ရေသမျှပိုက်ဆံကိုစုတတ်တော့ အဆင်ပြေလာတယ်

သားလူလှလေးကြီးလာတော့ မိဘတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာ လေးဆိုပြီး အရိပ်တကြည့်ကြည့်နဲ့ပေါ့ မင်းသွေးကတခါတလေ လပြည့် လကွယ် ညမျိုးဆို မမြတင် ကို အမဲသားချက်ခိုင်းလေ့ရှိတယ်..”ရှင်က အမဲသားလဲမစားဘဲနဲ့ ကျွန်မကို ဘာလို့ အမဲသားချက်ခိုင်းတာလဲ”……
“မိန်းမ မင်းဘာမှ ပြောမနေနဲ့ အမဲ သားသေချာကြည့်ထား မကျက်စေနဲ့ နော်”…..မှာစရာရှိတာမှာပြီး ဆိုင်ရှေ့ထွက်သွားတယ် သားလေးနဲ့ဆော့နေတယ်.. ဒီနေ့က လပြည့်နေ့ဆိုတော့ အသားကြီး ငါးကြီးတွေ မရဘူး ဒါပေမယ့် မင်းသွေးက ဒီလိုနေ့မျိုးဆို မရ ရ အောင် ၀ယ်ခိုင်းလို့ကြိုမှာထားရတယ် သားလေးနဲ့ အပြင်မှာဆော့နေတဲ့ မင်းသွေးကိုကြည့်ပြီး မြတင်တစ်ယောက် အမေပြောခဲ့တဲ့ စကားကိုသတိရမိတယ် “ညည်းယောက်ျားသရဲများမွေးထားသလား မသိဘူး

လပြည့်ညဆိုအမဲသားအိုးနဲ့ထွက်သွားပြီးတညလုံး ပြန်မလာဘူး မနက်ဝေလီဝေလင်းမှ ပြန်လာတာ မရိုးသားဘူး “………

မေးပြန်ရင်လဲ မကြိုက်ဘူး ဒါပေမယ့် ဒီတခါတော့ အသေအချာမေးမှကိုဖြစ်တော့မှာ ညနေစောင်းလို့သွားတော့မယ် လုပ်တော့ “ကိုမင်းသွေး ရှင် ကျွန်မကို အမှန်အတိုင်းပြောပြစမ်းပါ ကျွန်မ သိချင်လွန်းလို့ပါ “….”မင်းကလည်းကွာ သွားခါနီး လာခါနီး ဆို လုပ်ပြီ ….”… ”

ရှင်မပြောရင် ရှင့်ကို ဘယ်မှ သွားခွင့်မပြုနိုင်ဘူး”…. “မင်း ဘာအရူးထပြန်ပြီလဲကွာ အေးပါ မင်း သိချင်ရင်ပြောပြမယ်..ဒါပေမယ့် အခုတော့မဟုတ်ဘူး ပြန်လာမှ”…တားမရတဲ့ မင်းသွေးကိုကြည့်ပြီး မမြတင်စိတ်မအေးရပါဘူး သူတစ်ယောက်ဘာတွေများ လုပ်နေပါလိမ့်…….

နှစ်ခြိုက်စွာ အိပ်နေတဲ့ သားလေးကိုကြည့်ပြီး
ကြည်နူးမိပါတယ် ကိုမင်းသွေကို မိဘတွေ သဘောတူလို့ယူထားရပေမယ့် မြတင်အပေါ် မယားမတ်မတ် သားမတ်မတ် ပေါင်းသင်းပြီး မြတင် မျက်နှာမညိုးရအောင် စောင့်ရှောက်ပေးရှာတယ်

ဟော သားလေးရပြန်တော့လဲ သားလေး မျက်နှာမညိုးရအောင် လူပုံအလယ် ပညာမတတ်မှာစိုးရိမ်ပြီး အလုပ်တွေ ကြိုးစားတာ အခုဆိုရင် ဘာမှမဟုတ်တဲ့ အရက်ဆိုင်လေးက လိုင်စင်ရ အရက်ဆိုင်ကြီးတောင်ဖြစ်လာပြီ….

သားလေး ကြီးလာရင် ဒီအရက်ဆိုင်နဲ့ဆို အဆင်မပြေနိုင်ဘူးတဲ့လေ အရက်ဆိုင်နေရာမှာ လ္ဘက်ရည်ဆိုင်လေး တစ်ဆိုင်လောက် ဖွင့်နိုင်အောင် ထပ်ပြီး ပိုက်ဆံတွေ ရှာ ပြန်တယ်…………

မြတင်အတွေးတွေနဲ့မိုးလင်းလာခဲ့ပြီ….. ဂျွတ် ဂျွတ် ဂျောက် အိမ်နောက်ဖေးက အသံ ကြားတော့ အိပ်မပျော်တဲ့ မြတင် ခေါင်းထောင်ကြည့်မိတယ် ကိုမင်းသွေး တစ်ယောက် အရှေ့အပေါက်က မဝင်ဘဲ နောက်ပေါက်က ဝင်လာတယ်လေ………..

“ရှင်ပြန်လာပြီလား”.. ”

ဟ မင်း နိုးနေပြီလား”..”အိပ်ကို မအိပ်ရသေးတာ ရှင် ပြန်အလာ စောင့်နေတာ လေ….”….. “မင်းကတော့ကွာ အလကား အိပ်ရေးပျက်အောင် လုပ်နေတော့တာပဲ”…..

“ကျွန်မက ဘယ်လို အိပ်ပျော် မှာလဲ ရှင်….. ယောက်ျားတစ်ယောက်လုံး ပြန်မလာသေးတာ”…..

မင်းသွေးတစ်ယောက် ခပ်ပြုံးပြုံးလေးစိုက်ကြည့်နေတာကို မြင်တဲ့ မိန်းမဖြစ်သူမှာ ရှက်သွားတော့တယ်….အဲ့လိုရှက်သွားတဲ့ မြတက်ကို ကြည့်ကာ ကြည်နူးရပြန်တယ်…….

ဖခင်တစ်ယောက်သာ တွယ်တာစရာရှိတဲ့ မင်းသွေးကိုသားအရင်းလို ကျွေးမွေးလာခဲ့တဲ့ မြတင်ရဲ့ အဖေကို ကျေးဇူးဆပ်ဖို့ မင်းသွေး ဖခင် မှာသွားတဲ့ အချိန်တွေကို ရုတ်တရတ်သတိရမိတယ်…..

“သားရေအဖေလဲသိပ်နေရမယ်မထင်တော့ဘူး ဒါ့ကြောင့်နောက်ဆုံးအဖေမှာခဲ့ခြင်တာလေးကတော့ မြတင်တို့မိသားစုဟာ အဖေတို့အပေါ် အလွန်ပင်ကျေးဇူးရှိတယ် ဒါ့ကြောင့် ဒီကျေးဇူးတွေ မင်းကြေအောင်ဆပ်နော် ငါ့သား….”

“ကျုပ်သားလေးကိုလဲစောင့်ရှောက်ပေးကြပါ”…..

ပြောပြီးသိပ်မကြာ ခင်မှာပဲ မင်းသွေးလက်ပေါ်မှာတင်ဆုံးသွား ရှာတယ်…..

ဖခင်မရှိတော့တဲ့ မင်းသွေးကို မြတင်အဖေ က သားတစ်ယောက် လို ချစ်ရှာတယ် မင်းသွေးကိုယ်တိုင်ကလဲ မိဘ နှစ်ပါးလို သေသေချာ ချာ ဂရု စိုက် ရိုသေ တယ်လေ မြတင် လေး အရွယ်ရောက်လာတဲ့အချိန်မှာပဲ မင်းသွေးက လဲ လူပျိုပေါက်အရွယ် ဆိုတော့ လူကြီးတွေဆန္ဒက ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲသာ ဖိတ်ဆိုတဲ့အတိုင်း…မြတင်နဲ့ မင်းသွေး အကြောင်းပါခဲ့ရတာပေါ့…….

ဒီလိုညားခဲ့တယ်ဆိုပေမယ့် အခုဆိုရင် သူတို့မိသားစုဟာ ပျော်ရွှင်စရာအားကျ အတုယူလောက်တဲ့ မိသားစုလေးတစ်စုပါပဲ…….သားလေးမမွေးခင် တစ်ပတ် အလိုမှာပဲ မြတင် အဖေ ဆုံးသွားရှာတယ် .အခု သိပ်မကြာခင်မှာပဲ မြတင်အမေ ပါထပ်ပြီးဆုံးသွားတာပေါ့ ….” ရှင်ပြန်လာရင် ကျွန်မကို အကြောင်းစုံပြောပြမယ်ဆို ကဲ အခုပြောတော့…

“မြတင် စကားစလိုက်တော့ မင်းသွေးရဲ့ ဟိုတစ်စ ဒီတစ်စ အတွေးတွေ စုလိုက်မိတော့တယ် “မင်းကလဲကွာ အရမ်းသိချင်နေတော့တာပဲ ငါ မပြောပြတာ

မင်းအတွက်ကောင်းပါတယ်”….. “အီး ဟီး ဟီး လင် မယား ၂ ယောက်ပဲ ရှိတော့တာ အမေက ဆုံးသွားတာ ၉ လလောက် ရှိပြီ အဖေ မရှိတော့တာ လဲ သားလေးတစ်သက်ပဲ

ရှင်က နောက်တစ်ယောက် ရှိနေလို့လား…. ကျွန်မကို မပြောပြချင်တာ…” “ဟ ဘာမှလဲမဆိုင်ပါလား”…..ဟင့် ဟင့် ရွှတ်”.. …..”တော်ပါတော့ သားလေးနိုးသွားအုန်းမယ် မင်းကလဲ”…….”ရှင်မှ ကျွန်မကိုမပြော ပြတာ ကို…..ဟင့်ဟင့် အင့်…”

ရှိုက်ကြီးတငင်ငိုနေတဲ့ သူမ ကို ကြည့်ကာ နောက်ဆုံးစိတ်မချမ်းသာတော့လို့ ..”ကဲ ငါပြောပြမယ် မင်း မငိုနဲ့တော့” “အင်းး”….”ဒီလို မင်းသားလေးကိုမွေးတဲ့နေ့က လပြည့်နေ့ အိမ်ရှေ့မှာ အူလိုက်တဲ့ခွေး အဖေ ဆုံးတော့ နာရေးက တစ်ဖက် ကလေးမွေးနေတဲ့ မင်းကတစ်ဖက် နဲ့ဆိုတော့

ငါတို့လဲဗျာများနေတဲ့ အချိန် ရုတ်တရတ် လေနီကြမ်းတွေတိုက်လာခဲ့တယ် ဒါမျိုး မကြုံဖူးတဲ့ ရွာသားတစ်ချို့ က ကြောက်လန့်ပြီး အိမ်ပြန်ပြေးကုန်ရော.ငါ ကတော့ ခလေးမွေးနေတဲ့ မင်းဆီအပြေးလာတာပေါ့

အဲ့ချိန်မှာ အိမ်ရှေ့မှာထွန်းထားတဲ့မီးတွေကော ဖယောင်းတိုင်တွေပါ ငြိမ်းကုန် တယ် မင်းကတော့ သိမှာမဟုတ်ဘူး ခလေးမွေးပြီတာနဲ့ ပင်ပန်းပြီးအိပ်နေတာ လေ……..

အဲ့အချိန်မှာ ခလေးကို ချက်ကြိုးဖြတ်ပြီး သန့်စင်နေတဲ့ ခလေးမွေးပေးတဲ့ဆရာမက. ခလေးကို အနှီးနဲ့သေချာထုပ်ပြီး တဖက်က ခလေးချက်ကြိုးကို လွှင့်ပစ်ဖို့ လှည့်ကြည့်တဲ့အချိန်မှာ လက်သည် ဒေါ်သောင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်ကြက်သေ သေ နေတယ် ကျုပ်ရဲ့ လဲ ဒေါ်သောင်းဆီ ဓာတ်မီးပေးဖို့သွားတာဆိုတော့ ဒေါ်သောင်းကြည့်နေတဲ့ နေရာကို ကျုပ်လဲ လိုက်ကြည့်တာပေါ့……”

….မင်းသွေးပြောတာတွေကိုဂရုတစိုက်နားထောင် နေတဲ့် မြတင်တစ်ယောက် ကျက်သီးတွေထ ကာ တဖြည်းဖြည်း မင်းသွေး အနား ပိုပို ကပ် ကပ်လာတယ် မင်းသွေးကတော့ သူ့အရှိန်နဲ့သူ ဆက်ပြောနေတာပဲ…..”

ကျုပ်တို့သားလေးရဲ့ ချက်ကြိုးကိုဗျာ စားနေလိုက်တာများ ကျုပ် ဖြင့် ပျို့ ပျို့တက် လာတယ် ဒါနဲ့ ကျုပ်လဲ သူ့ကို သေချာဓာတ်မီးထိုးကြည့်တော့ ကျုပ်ကို မျက်လုံးနီကြီးနဲ့ပြန်ကြည့်တယ် ဗျာ ကျုပ်အနောက်ကို ၂ လှမ်းလောက်ပြန်ဆုတ်မိတယ်

အဲ့နောက် အသံ၁သံထွက်လာခဲ့တယ် အသံပိုင်ရှင် က တခြားသူမဟုတ်ဘူး ဒေါ်သောင်းပေါ့ ဟဲ့ နင် ခလေးချက်ကြိုးကို စားပြီ ပြီ ဒီတော့ အခု ဒီနေရာ က ထွက်သွားပါတော့ …………..

ဟား ဟား ဟား ……ကြောက်စရာ ရယ်သံ ကြောင့် ကျုပ်တောင် တစ်ဆက်ဆက်တုန်တယ် ငါ က ဒီချက်ကြိုးလောက်မဝဘူး ဒီခလေးပါ စားချင်တာ…… ငါ စားမှာ စားကိုစားမှာ…အဲ့အချိန်မှ ငါလဲ အသိစိတ်ကပ်လာပြီး ခလေးတော့မစားပါနဲ့ ဘာလိုချင်လဲပြောပြ……

ပါးစပ်ထဲပြောမိပြောရာပြောတော့တာပေါ့.အဲ့တော့ ဒေါ်သောင်းကလဲ…ဟဲ့ မင်းသွေး မင်းသူ့ကို လပြည့် လကွယ် ညတိုင်းအမဲသားဆက်ပါ့မယ်ပြော သရဲဘက်တခါလှည့်ကာ မင်းကလဲ ဒီခလေးကိုစားလိုက်ရင် တခါတည်း ဝမှာ အခု သူက အမဲသား လာလာ ပို့မယ်ဆိုတော့ မင်းအတွက် မပူရဘူးပေါ့…..ဒေါ်သောင်းက ပြောတော့…..ကတိ တည်ပါစေ ဆိုပြီး….

တ ခွန်းထဲပြာပြီး အိမ်နောက်ဖေးကနေ ဇောက်ထိုးကြီး ဆင်းသွားတာပဲ….အဲ့နေ့ကစပြီး ငါလဲ သရဲမွေးထားသလိုဖြစ်နေတော့တာပါပဲ ဟာ…….”.

…..မြတင် အခုမှ ခက်နေပြီ အစက ဘာမှမသိခင်က နေလို့ထိုင်လို့ကောင်းတယ် အခု အကုန်သိပြီဆိုတော့ ဂျိုး ဂျိုး ဂျွတ် ဂျွတ် အသံကြားရင် တောင်ကြောက်နေတယ်…..

.မြတင် က အကုန်လုံး သိနေပြီလို့ထင်ပေမယ့် မင်းသွေးက မြတင်ကို အကုန်မပြောပြသေးပါဘူး မြတင် အဲ့အကြောင်းသိရင် စိတ်ထိခိုက်သွားမှာစိုးလို့ အကုန်ပြောပေမယ့် ချန်ထားခဲ့ရတာပါ……..

တစ်ရက် မင်းသွေးအတော်နေမကောင်းဖြစ်နေလေရဲ့ အိပ်ရာထဲက မထနိုင်တာ တော်တော်ကြာနေပြီ .မင်းသွေးတစ်ယောက် နေပူမရှောင် မိုးရွာမရှောင် အလုပ်သာ ဖိလုပ်နေတော့ ကျန်းမာရေးချူချာ လာတာပေါ့..

တစ်လလောက်ကြာပြီဆိုတော့..လပြည့် လကွယ် တိုင်း အမဲသားသွားပို့ဖို့မေ့နေတာပေါ့….တစ်နေ့ မြတင်တို့သားလေးလူလှတစ်ယောက် ဟိုဘက်ရွာက ဒေါ်သောင်းတို့က ခဏခေါ်ထိန်းထားပေးတာပေါ့…..

ညနေညီအကိုမသိ တသိ အချိန်ရောက်တော့မှ ပြန် ပြန် ပို့ပေးလေ့ရှိတယ်……. “သားလူလှလေးရေ အပြန်ကျရင်
အရီးသောင်းအမဲသားချက် ထည့်ပေးမယ်နော်….သားတို့ဘေးအိမ်က လေးလေးမြတို့အိမ်ကိုပေးလိုက်နော်

.ပြီးရင်စောစောပြန်နော်.အရီသောင်းလိုက်မပို့အားလို့” “ဟုတ်ကဲ့ အရီးလေး…….”

ဟုတ်ကဲ့လို့ပြောပြီး လူလှ တစ်ယောက်ဆော့နေတာ အရင်က ပြန်ချိန်ရောက်မှ သတိရပြီးထ ပြန်လာတော့တယ်…
အရင်ကတည်းက ပြန်နေကျ လမ်းဆိုပေမယ့် ဒီနေ့ လူလှ တစ်ယောက် ထူးဆန်းနေတယ် လက်ထဲက လဲ ချိုင့်လေးဆွဲလို့ ရုတ်တရတ် လူလှရှေ့ကို ခွေးနက်ကြီးရောက်လာတယ် ခွေးနက် ကြီး အကြည့်က လူလှ ထမင်းချိုင့် ကို စူးစူးရဲရဲ ကြည့်နေတယ်ကြည့်နေရင်းနဲ့ ရုတ်တရတ် ထွက်ပြေးသွားလေရဲ့…………..
“လေးလေးမြ လေးလေးမြ အရီးသောင်းက ဟင်းပေးခိုင်းလိုက်လို့ “….
“အော်အေးသား “….
“လေးမြ သား လမ်းမှာသရဲတွေ့ခဲ့တယ် …” ” အင်း ငါ့တူတော့ ကြည့်ရတာ ဘုန်းကြီးကျောင်းသားလေး ဘစီ စကားနားထောင်ပြီး လေးမြတို့ကို ပုံပြင်ပြောပြတော့မယ်ထင်တယ် မနက်ဖြန် မှသာ ပြောတော့ငါ့တူရေ သားအမေတို့စိတ်ပူနေလိမ့်မယ် သွားတော့လေ”….”ဟုတ်လေးလေးမြ”…….
“အမေ အဖေ သက်သာလား….”
“ဒီလိုပါပဲ သားရယ် ကဲရေသွားချိုးနော် သားလေးကို လဲ အမေ ဂရုမစိုက်နိုင်ဘူးကွယ် အမေ့မှာလဲ ဆိုင်ကတစ်ဖက် သားအဖေကို လဲ ဂရုစိုက်နေရတာဆိုတော့ ငါ့သားလေး အရီးသောင်းတို့အိမ်မှာ အဆင်မှ ပြေရဲ့လား…” “သားပျော်တယ် ညီလေး ညီမလေး တွေနဲ့ ဆော့ရတာ ဘုန်းကြီးကျောင်းမှာလဲ စာသင်ရတာ အရမ်းပျော်တာပဲ”…

သားအမိနှစ်ယောက်စကားတွေပြောနေကြတာပေါ့..လူလှလေးက အဖေ့ကိုနှိပ်နှယ်ပြီး အိပ်ယာမ၀င်ခင်..”အမေ သားပြန်လာတုန်းကလေ လမ်းမှာ နားရွက်ကြီးတစ်ဖက်က လမ်းအပြည့်ပဲ သိလား သားတောင် အဲ့နားရွက်ကြီးပေါ်က ဖြတ်ပြီးလျှောက်လာရသေးတယ်”….

” ခေါ ခေါ ခလူး”…လူလှကတော့သူ့စကားကို နားထောင်နေတယ် ထင်ပြီးပြောနေတာ သူအမေက တော့ တော်တော်ကို အိပ်ပျော်နေတာပေါ့……

နောက်နေ့ ဒေါ်သောင်းတို့အိမ်ကိုရောက် တာနဲ့ ဘုန်ကြီးကျောင်းသား ဘစီ ဆီ တန်းသွားတော့တာပဲ…”ဘစီ ဘစီ မနေ့ည က လေ ငါ သရဲတွေ့ခဲ့တယ် သိလား..” “ဟမ် မင်းမကြောက်ဘူးလား” “ကြောက်တာပေါ့ကွ”…… ဒီလိုနဲ့ ညနေစောင်းတဲ့အထိ ဆော့နေလေရဲ့……လမ်းရောက်မှ သတိရတယ် မနေ့က သရဲအခြောက်ခံရတာကိုသတိရကာ..ဒေါ်သောင်းကိုပဲ ခေါ်ပြီး လိုက်ပို့ခိုင်းရမလဲ ရှေ့မတိုးရဲ သလို နောက်လဲ မဆုတ်ရဲ ဖြစ်နေတော့တယ်…..အရီးသောင်းကို လိုက်ပို့ခိုင်းရမှာလဲ အားနာသလိုနဲ့…..ရှေ့ပဲ ဆက်တိုးသွားမိတယ်……….
“ဟဲ့ သား လူလှ သားဘာဖြစ်လာတာလဲ တစ်ကိုယ်လုံး ဖြူဖတ်ဖြူရော်နဲ့ သားဘာဖြစ်နေတာလဲ …” .”အင် အင်….” သားအမိနှစ်ယောက်အသံကို ကြားရတော့.. အိပ်ယာထဲက မင်းသွေးခေါင်းထောင်လာတယ်….လူလှကလဲ ဘာမှ မပြောပဲ အိမ်ထဲ ကိုတန်းဝင်သွားလေရဲ့.မြတင် တစ်ရောက်လဲ သားနောက်ကို ထပ်ချက်မခွာ လိုက်ရင်း…”သားလေး
ဘာဖြစ်လာတာလဲအရီးသောင်းဆူလို့လား”…………….. “သားကြောက်တယ်….

သားကြောက်တယ်”….ပြောရင်းနဲ့ တစ်ကိုယ်လုံးပြာလာကာ သိပ်မကြာခင်မှာပဲ အသက်မရှိတော့တဲ့ ခန္ဓာကိုယ် ကြီးသာ ကျန်ခဲ့လေရဲ့…မင်းသွေး နဲ့ မြတင်မှာ ဘယ်လို့မှ မဖြေနိုင်အောင်ဖြစ်နေရတယ်… ဘုန်ကြီးကျောင်းသားလေး ဘစီလဲ ရောက်လာရော “ဒေါ်လေး လူလှကို တဘတ် ကိုက်တာထင်တယ်နော်”.

..ခလေးစကားဆိုပေမယ့် မင်းသွေး က “ဘစီ သားဘာပြောလိုက်တာလဲ”..
“လူလှမသေခင် အရင်ရက်က သူပြန်လာတဲ့ လမ်းမှာ နားရွက်ကြီး ခင်းပြီး အိပ်နေတဲ့သရဲကိုတွေ့တယ်တဲ့ သူ အဲ့နားရွက်ပေါ်က ဖြတ်ပြီး အိမ်ပြန်သွားတယ်တဲ့…..နောက်နေ့ လဲသူအဲ့လိုပြန်လို့ သေရတာလေ

ဦးလေးရ”….ဘစီက သူ့အတွေးကို ရှင်းပြတယ်…….”မြတင် မြတင် ငါ့သားကို မင်းအဖေ သတ်တာကွ”..
“ရှင်”….. “ဟုတ်တယ် ဒါပေမယ့် အဲ့တာ ငါ့အမှားကြောင့်ပဲ…”….

“ဘာတွေ ဖြစ်ကုန်တာလဲ”..

“မင်းခလေးမွေးပြီး ချက်ကြိုးက်ု လာစားတဲ့သရဲက မင်းအဖေ….. မင်းအဖေ ကတကယ်တော့ဖုတ်ဝင်ပြီးသေရတာ သူ့ရက်လည်မှာပဲ ငါ့သားလေးမွေးတော့ သူက ငါ့သားကို စားဖို့ရောက်လာခဲ့တယ် ဒါပေမယ့် သားလေးအစား အမဲသား လပြည့် လကွယ်တိုင်း ကျွေးပါ့မယ်လို့

ကတိပေးခဲ့တယ်.. သူကို ကျွတ်ဖို့ လုပ်ပေးရမှာကို ငါကိုယ်တိုင်း က ငါလာပို့တဲ့ အမဲသားကို အားရ ပါးရ စားနေတဲ့ မင်းအဖေကျေးဇူး ရှင်ကိုကျေးဇူးဆပ်နိုင်ပြီဆိုပြီး
ကျေနပ်နေမိခဲ့တယ် အခု တော့ ငါ့သားလေး ဘ၀ ပါ ပေးလိုက်ရပြီ ငါ့သားလေး ကို ဘယ်သူ့မှ

မပေးနိုင်ဘူး……” စကားလဲဆုံးရော မင်းသွေးသတိလစ်သွားခဲ့တယ်… လူလှ ရဲ့ နာရေး ကို လာတဲ့သူတိုင်း မျက်ရည်မဆယ်နိုင်အောင်ဖြစ်နေကြရတယ်…

လူလှ ကို တရားနာ ရင်း မြတင်ရဲ့ အဖေကို ပါကျွတ်လွတ်နိုင်အောင် အမျှဝေပေးလိုက်ကြတယ်…..

Credit:Thet Tant Chit Thu