chief-marketing-officer-of-telenor
ဆက်သွယ်ရေး အော်ပရေတာ တယ်လီနော မြန်မာ က အစိုးရ နှင့် ပုဂ္ဂလိက တက္ကသိုလ် များမှ ကျောင်းသူ ကျောင်းသား များကို အလုပ်သင် ဝန်ထမ်း အဖြစ် တစ်နှစ်လျှင် နှစ်ကြိမ် ခေါ်ယူမည်ဖြစ်ကြောင်း တယ်လီနော ထံမှ သိရသည်။

တယ်လီနော မြန်မာ ၏ အလုပ်သင် ဝန်ထမ်း လက်ခံလေ့ကျင့်ပေးမှုကို ယခုနှစ်မှစတင်ကာ တစ်နှစ်လျှင် နှစ်ကြိမ် ပြုလုပ်မည်ဖြစ်ပြီး ယခုနှစ်အတွက် ပထမအကြိမ်အဖြစ် အလုပ်သင် ဝန်ထမ်း များသည် မေလဆန်း မှစတင်ကာ လုပ်ငန်းခွင် ဝင်ရောက်မည်ဖြစ်ကြောင်း တယ်လီနောထံမှ သိရသည်။

အစိုးရ နှင့် ပုဂ္ဂလိက တက္ကသိုလ်/ကောလိပ်များမှ ကျောင်းပြီးစနှင့် တက်ရောက်ဆဲ ကျောင်းသား ကျောင်းသူ ၁၃ ယောက်မှာ ယခုနှစ်အတွက် ပထမအကြိမ် အလုပ်သင် အစီအစဉ်တွင် ပါဝင်ခဲ့ပြီး တယ်လီနော၏ နည်းပညာ ပိုင်းဆိုင်ရာများ၊ ဈေးကွက် ဖော်ဆောင်ရေးနှင့် လူမှု အကျိုးပြု အစီအစဉ် လုပ်ငန်းကဏ္ဍများတွင် လေ့လာ သင်ယူကြရမည်ဖြစ်သည်။

ယင်း အလုပ်သင် အစီအစဉ်များသည် သုံးလကြာမြင့်မည်ဖြစ်ပြီး မေလ မှ ဇူလိုင်လ အထိနှင့် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ အလုပ်သင်များကို လက်ခံမည်ဖြစ်သည်။

သတင်း အချက်အလက်နှင့် နည်းပညာ၊ ကွန်ပျူတာသိပ္ပံ၊ ကွန်ပျူတာ နည်းပညာ၊ အီလက်ထရွန်နစ်နှင့် လျှပ်စစ် ဆိုင်ရာ အင်ဂျင်နီယာ၊ စီးပွားရေး စီမံခန့်ခွဲမှု၊ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု၊ လူထုဆက်ဆံရေးရာနှင့် ဆက်သွယ် ပြန်ကြားရေး စသည့် ဘာသာရပ် များကို အဓိက ပြုထားသည့် ကျောင်းသူ ကျောင်းသား များ အနေနှင့် တယ်လီနော ၏ အလုပ်သင် အစီအစဉ်တွင် ပါဝင် လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်လွှာများကို တယ်လီနော ဝက်ဘ်ဆိုက်တွင် ဒေါင်းလုဒ်ရယူကာ လျှောက်လွှာများကို [email protected] သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း တယ်လီနောထံမှ သိရသည်။
Credit : the voice myanmar