SONY DSC

တစ်ခါတုန်းကလမ်းဘေးမှာ အသားညှပ်ပေါင်မုန့်တွေရောင်းချနေတဲ့ လူတစ်ဦးရှိခဲ့ပါတယ်။
သူဟာစာမတတ်သည့်အတွက် ဘယ်တုန်းကမှသတင်းစားမဖတ်ခဲ့ပါဘူး။
နားလေးပြီး မျက်စိမှုန်နေတဲ့အတွက်ကြောင့်နေသည့်အတွက် ရေဒီယိုနားမထောင်နိုင်သလို၊ ရုပ်ရှင်သံကြားလည်းကြည့်ရှုနိုင်ခြင်းမရှိပါဘူး။
သို့သော် သူဟာ အသားညှပ်ပေါင်မုန့်တွေရောင်းချတဲ့အလုပ်ကိုစိတ်အားထက်သန်စွာပြုလုပ်ခဲ့ပြီး
သူရဲ့ရောင်းအားနှင့် အကျိုးအမြတ်ဟာ တစ်နေ့တခြားမြင့်တက်လာခဲ့ပါတယ်။
သူဟာ အသားတွေပိုမှာရင်း ပိုကြီးပြီးပိုကောင်းတဲ့မီးဖိုတစ်ခုကိုလည်းဝယ်ယူခဲ့ပါတယ်။
သူရဲ့စီးပွားရေးတိုးတက်လာစဉ် မကြာသေးမီကဘွဲ့ရခဲ့တဲ့ သားဖြစ်သူဟာ ဖခင်နှင့်အတူအသားညှပ်ပေါင်မုန့်ရောင်းတဲ့အလုပ်ကိုဝင်လုပ်ခဲ့ပါတယ်။
အဲ့ဒီနောက် ထူးခြားမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ တစ်နေ့ကျတော့
သားဖြစ်သူက ဖခင်ကိုမေးလိုက်ပါတယ်။ “အဖေ စီးပွားရေးကျဆင်းမှုကိုသတိမပြုမိဘူးမဟုတ်လား” ဖခင်ဖြစ်သူက “သတိမပြုမိဘူး အဖေ့ကိုပြောပြပါလားကွာ။”
သားဖြစ်သူက “နိုင်ငံတကာအခြေအနေတွေဟာဆိုးရွားနေတယ်အဖေ။ ပြည်တွင်းအခြေအနေက ပိုပြီးတောင်ဆိုးသေးတယ်။
ကျရောက်လာမယ့်အခက်အခဲတွေအတွက် ကျွန်တော်တို့ပြင်ဆင်ထားသင့်တယ်။ သူ့သားဟာ ကောလိပ်တစ်ခုမှဘွဲ့ရလာသည့်အပြင်သတင်းစာလည်းဖတ် ရေဒီယိုလည်းနားထောင်တဲ့အတွက်
အများကြီးသိလိမ့်မယ်။ သားဖြစ်သူရဲ့အကြံပေးမှုကို ပေါ့ပေါ့တန်တန်သဘောမထားသင့်ဘူးလို့ ဖခင်ဖြစ်သူက တွေးလိုက်မိပါတယ်။
ဒါကြောင့် နောက်တစ်နေ့မှာ ဖခင်ဖြစ်သူဟာ အသားတွေနဲ့ပေါင်မုန့်မှာယူမှုလျှော့ချလိုက်ပြီး ဆိုင်းဘုတ်တစ်ခုလည်းချိတ်ထားလိုက်ပါတယ်။
ပြီးတော့သူဟာ အလုပ်မှာလည်းစိတ်အားထက်သန်မှုမရှိတော့ပါဘူး။ မကြာမှီသူ့ရဲ့အသားညှပ်ပေါင်မုန့်ဆိုင်ဟာ လာဝယ်စားသူ တစ်ဖြည်းဖြည်းနည်းလာခဲ့ပါတယ်။
ပြီးတော့ ရောင်းချရမှုလည်းလျှော့ကျလာခဲ့တယ်။ ဖခင်ဖြစ်သူက သားဖြစ်သူကို ပြောလိုက်ပါတယ်။ ” သားရေ … သားပြောမှန်သားပဲ ဖေဖေတို့ရောင်းအားတွေကျနေပြီ။
ကြိုတင်ပြီးသတိပေးခဲ့တဲ့အတွက် သားကိုကျေးဇူးတင်ပါတယ်။”

ပုံပြင်၏ သင်ခန်းစာ
(၁) ဘေးပယောဂ တစ်စုံတစ်ရာကို ဂရုမထားပဲ ကိုယ်ယုံကြည်ရာကို ထက်သန်စွာ လုပ်ဆောင်လျှင် အောင်မြင်မှုဆိုတာ ရနိုင်ပါတယ်။
(၂) တချို့သော အသိပညာ ဗဟုသုတတွေက ဘဝအောင်မြင်ရေးအတွက် အထောက်အကူပြုပေမယ့် တစ်ခါတစ်ရံမှာတော့ ကိုယ့်ယုံကြည်စိတ်ကို အားနည်းစေပါတယ်။
(၃) သင့်ရဲ့အကြံပေးသူတွေရဲ့စကားကို သတိပြုသင့်ပေမယ့် သင့်စိတ်ကိုအားလျော့စေမယ့် negative thinking ဆန်တဲ့ စကားများကို အာရုံမထားပါနှင့်။
(၄) လူတစ်ယောက်မှာ အောက်ပါ C ၅လုံးရှိမယ်ဆိုရင် ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ အောင်မြင်နိုင်ပါတယ်။
‘ဒါတွေကတော့ Character (အရည်အချင်း) Commitment (တာဝန်ယူခြင်း)၊ Conviction (ခိုင်မာတဲ့ခံယူချက်)၊ Courtesy (စိတ်စေတနာ) နှင့် Courage (ရဲရင့်ခြင်း) တို့ဖြစ်ပါတယ်။
(၅) ၀မ်းနည်းဖွယ်ကောင်းတာကတော့ ကျရှုံးမှုတွေကြုံနေရတဲ့လူတွေအတွက် လက်ကိုင်တောင်ဝှေးအဖြစ်သုံးနိုင်တဲ့ စွယ်စုံကျမ်းတွေအများကြီးရှိတယ်ဆိုကို မသိရှိကြခြင်းပါပဲ။

Krishna Khanna
( ဘာသာပြန် – စည်သူ)

Credit: www.myanmarlatestnews.com