Capture-2-678x381 (1)
အရင်အစိုးရ လက်ထက်တွေမှာ ရန်ကုန် တိုင်းဒေသကြီး အစိုးရမဏ္ဍပ်ဆိုပြီး ဟန်ပြဆောက် မဏ္ဍပ်ဖွင့်ပွဲခဏလေး မျက်နှာလာပြ ပြီး အဆိုတော်တွေကို အစိုးရ ရဲ့အရှိန် နဲ့ free လာဆိုခိုင်း ပြီး မဏ္ဍပ် ကုန်ကျစရိတ် ဘတ်ဂျတ် ကို မဟာတရား တင်ပြီး ရသမျှဘတ်ဂျက် ပြည်သူ့ ဘဏ္ဍာတွေကို အနင်းအကန် ဝေစားမျှစား ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ NLD အစိုးရ တက်လာတဲ့ အချိန်မှာတော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဟာ ဒီသူခိုးကျင့်သူခိုး အကြံတွေ အားလုံး ကို နိဂုံးချုပ်လိုက် ပါတော့တယ်။

တိုင်းဒေသကြီး ကိုယ်စားပြု မဏ္ဍပ် ကို မဆောက်တော့ဘဲ မြို့တော် မဏ္ဍပ် ကိုသာ
ဗဟို မဏ္ဍပ် အဖြစ် ပြည်သူ့ ဘဏ္ဍာ ကိုခြွေတာလိုက်ပါတော့တယ်။

ဒီနေရာမှာ အရင်အစိုးရ နဲ့ ပေါင်းပြီး သူခိုးကျင့် သူခိုးကြံ ပေါင်းစားထားတဲ့ အစိုးရ ဝန်ထမ်းဟောင်း တွေဟာ အလကား အိတ်ထဲရောက်မဲ့ ပိုက်ဆံတွေ အတွက် ဒေါသူပုန် ထ ပါလေရော။

အဲ့ဒီ ဒေါသူပုန် ထ တဲ့ ဘောမ လက်ကျန်ဝန်ထမ်း တစ်ချို့ နဲ့ ဦးဖြိုးမင်းသိန်း ရဲ့ စနစ်ကျတဲ့ အကွက်တွေကို မသိပဲ
အစိုးရ ဘာလုပ်လုပ် ထိုင်ဆဲ နေတဲ့သိပ်ကို နာမည်ကြီးချင်တဲ့ ဘေးတိုက် ဂဏန်းတွေဟာ ရန်ကုန် သင်္ကြန် မစည်တော့ပါဘူးဆိုပြီး စတင် ထိုးနှက်ပါတော့တယ်။

သိပ်ကို ရယ်ဖို့ကောင်းတာက ဘေးတိုက်ဂဏန်းတွေဖြစ်ပါတယ်။

ဂဏန်းတွေပြောတဲ့ မစည်တော့ဘူးဆိုတာ ဘာကိုပြောတာလဲ။ sexy မဏ္ဍပ်တွေ အနောက်မှာ အလုံပိတ် အခန်းတွေ နဲ့ သားပျိုသမီးပျို တွေ ကို ဖျာဇာတ်ခင်းနေတဲ့ မဏ္ဍပ်တွေ ပျောက်သွား တာကို ပြောတာလား။

ဒါမှ မဟုတ် မြန်မာ့ နှစ်သစ်ကူးတာပါဆိုပြီး မဏ္ဍပ်ပေါ်က မိန်းမပျက်များဟာ ပေါက်စီ နဲ့ စမူဆာတွေ ကို နည်းမျိုးစုံ နဲ့နှိုက်ချွတ် ပြတာ တွေ မရှိတော့လို့လား။

တကယ်ဆို ဒီနှစ်သင်္ကြန် ဟာ အစိုးရ ပစ်လိုက်တဲ့ ပစ်မှတ်အားလုံးကို မှန်ခဲ့ပါတယ်။

ပထမ ပစ်လိုက်တဲ့ မြှာတစ်ချောင်း သူခိုးတွေလက်ထဲရောက်မဲ့ ပြည်သူ့ဘဏ္ဍာကို ပြန်ယူနိုင်ခဲ့ပြီး

ဒုတိယ ပစ်လိုက်တဲ့ မြှားတစ်ချောင်း ဖြစ်တဲ့ မြို့ထဲက sexy မဏ္ဍပ်တွေအစား မြို့နယ် နဲ့ ရပ်ကွက်တွေမှာ ရိုးရာမဏ္ဍပ်တွေ ပြန်ပေါ်လာအောင် လုပ်နိုင်ခဲ့တာဟာ ဦးဖြိုးမင်းသိန်း ရဲ့ ပစ်မှတ် ၁၀၀ နီးပါးလုံး အောင်မြင်ခဲ့တာဖြစ်ပါတယ်။
Credit : မင်းရသ