hd-wallpaper-green-forest-with-road

အိမ်ရှင်မ တစ်ဦး အ၀တ်အစား တစ်ထည်ဝယ်လိုက်ပါတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း အိမ်နီးနားချင်း ကို ထုတ်ပြတယ်။ တိုက်တိုက်ဆိုင်ဆိုင် အိမ်နီးနားချင်း က၀ယ်တဲ့ အ၀တ်အစား က ငွေကျပ်ဈေး၂၀၀၀ိ ပိုသက်သာနေတာကို သိလိုက်ရတယ်။ အဲဒီအတွက်နဲ့ အိမ်ရှင်မ ရက်အတော်ကြာ စိတ်မချမ်းမသာ ဖြစ်လိုက်ပါတယ်။ အိမ်ရှင်မရဲ့ စိတ်အမြင်သဘာထားဟာ ကျပ်၂၀၀၀ ပဲတန်ပါတယ်။

လမ်ပေါ် မှာ သူတောင်းစား တစ်ဦး နေ့တိုင်းတောင်းရမ်း နေပါတယ်။ အ၀တ်အစား သားသားနားနား နဲ့ လမ်းပေါ် သွားလာနေတဲ့သူများကို သူဂရုသိပ်မစိုက်အားပါ။ လမ်းဟိုဘက်က တောင်းရမ်းနေတဲ့ သူတောင်းစား တစ်ဦး ဒီရက်ပိုင်းမှာ သူထက်ပိုက်ဆံ ပိုတောင်းရမ်းရရှိလို့ သူတော်တော် စိတ်မချမ်းမသာ ဖြစ်နေပါတယ်။ ဒီ သူတောင်းစား ရဲ့ အမြင်နဲ့ သဘောထားဟာ ဒီဘ၀ကို ကျော်လွှားဖို့ မလွယ်ကူလှတော့ပါ။

ပန်းရံ အလုပ်သမား ၃ ဦးအုတ်စီနေပါတယ်။ ဘာလုပ်နေတာလဲလို့ အမေးခံရတယ်။ ပထမ အလုပ်သမားက အုတ်စီနေတာလေ၊ မတွေ့ဘူးလားလို့ ဖြေလိုက်တယ်။ ဒုတိယ အလုပ်သမား က တိုက်ဆောက်နေတယ်လို့ ပြုံးပြီးဖြေဆိုပါတယ်။ တတိယအလုပ်သမားကြတော့ အားတက်သရောနဲ့ ကျွန်တော်တို့ မြို့ တစ်မြို့ တည်ဆောက်နေတယ်လို့ ဖြေလိုက်ပါတယ်။ နောင် ၁၀ နှစ်ကြာသွားတဲ့အခါမှာ ပထမအလုပ်သမားဟာ အုတ်စီသမားဆက်လုပ်နေပါတယ်။ ဒုတိယ အလုပ်သမား အင်ဂျင်နီယာ ဖြစ်သွားတယ်။ တတိယ အလုပ်သမား ဒီအလုပ်သမား ( ၂ ) ဦးရဲ့ သူဋ္ဌေးဖြစ်သွားပါတယ်။

ကျွန်တော်တို့ ဟာ ဘာပဲလုပ်လုပ် အောင်မြင်မူ အကန့်အသတ်ဖြစ်နေတတ်ပါတယ်။ အဲဒီအကန့်အသတ်အားလုံးဟာ အမြင်နဲ့ သဘောထားအပေါ် လုံးဝမှီတည်နေပါတယ်။ အမြင် ကြီးလေ၊ သဘောထားကျယ်လေ၊ အောင်မြင်မူ ရလေဖြစ်ပါတယ်။

Ref: WeChat
Credit:Sayar Aung Ko Latt