doctor
ဂျူတီကုတ် အဖြူရောင်လေးဝတ်ထားတဲ့ ဆရာဝန် လေးတွေ၊ဆရာဝန်မလေးေ တွဟာ တခြားသူတွေနဲ့ မတူပဲ တစ်မျိုးလေး ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိ တယ်ဆိုတာကိုတော့ ဘယ်သူမှငြင်းလို့ မရပါဘူး။ ဆရာ ၀န်၊ဆရာဝန်မလေးေ တွကိုမှ ချစ်မိနေသူတွေအတွက် ရည်ရွယ်ပြီး စပ်ဆိုထားတဲ့ တေးသီချင်းတွေလ ည်း အများကြီးရှိပါတယ်။ဆရာဝန်တွေကို အိမ်ထောင်ဖက် အဖြစ် ရွေးချယ်သ င့်တဲ့ အကြောင်းအရင်းတွေကတော့…
(၁)ကျန်းမာရေးအတွက် စောင့်ရှောက်ပြီးသားဖြစ်
သင့်ရဲ့ ဘ၀တစ်သက်တာအတွက် ကျန်းမာရေး ကို ပင်တိုင်စောင့်ရှောက်ပေး မယ့် သီးသန့်ကိုယ်ပိုင် ဒေါက်တာကိုရလိုက်တာပါ။ကျန်းမာရေးမကောင်းတဲ့ အချိန်ဆို စောင့်ရှောက် ကုသပေးမယ်၊နောက်ဆုံး သင့်ကို ကျန်းမာရေးညီညွ တ်အောင် ဘယ်လိုနေထိုင်စားသောက်မယ်ဆိုတဲ့ ညွှန်ကြား ချက်လေးတွေ လည်း အမြဲရနေမှာပါ။
(၂)အလုပ်ကြိုးစား
နှစ်တွေအကြာကြီးစာတွေ ကျက်ခဲ့တယ်။နောက်ဆုံး ဆရာဝန်ဖြစ်လာတော့လ ည်း ဆေးရုံတွေမှာ မအိပ်မနေနဲ့ ဂျူတီတာဝန်တွေ ထမ်းဆောင်ရတယ်။ဒါကြော င့် သူတို့ဟာ အလုပ်ကြိုးစားသူတွေဆိုတာ သံသယဖြစ်စရာတောင်မလိုပါဘူး။ ဒီတော့ ဘယ်အရာကိုမဆို ကြိုးစားပမ်းစား လုပ်နေရတဲ့ သူတို့က သင့်ပျော် ရွှင်ဖို့ကိုလည်း ရေကုန်ရေခန်း ကြိုးစားပမ်းစားနဲ့ဖြည့်ဆည်းပေးကြမှာပါ။
(၃)တော်ရုံစိတ်ဖိစီးမှုကို မမှု
သူတို့ရဲ့ အလုပ်ကိုက လူ့အသက်ကို လုရတဲ့ အလုပ်ပါ။လူနာတွေစုပြုံနေတဲ့ ဆေး ရုံမှာ ဟိုပြေးဒီလွှားနဲ့ သေမင်းနဲ့ စစ်ခင်းပြီး၊အပြိုင်အသက်လုရတဲ့ အလုပ် ဆိုတော့ ဘယ်လောက်စိတ်ဖိစီးမလဲ တွေးသာကြည့်ပါ။အရေးပေါ်လူနာကို ဘယ်လိုကုရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ရုတ်ရုတ်သဲသဲ အခြေအေ နတွေကြားမှာ စိတ်တည်ငြိမ်အောင်ထားပြီး အမြဲဆုံးဖြတ်နေရသူတွေပါ။ဒီတော့ သင်က သူတို့အပေါ်မှာ ဆိုးမယ်၊ကောက်မယ်ဆိုရင်တော့ သင်ပေးတဲ့ press ure တွေက သူတို့အတွက် ပန်းနဲ့ပေါက်သလောက်ပဲ ရှိမှာပါ။
(၄)သူတို့ကို ရွေးလို့ ဘယ်တော့မှ ထမင်းမငတ်
ကျန်းမာရေးဆိုတာက လူတိုင်းအတွက် မဖြစ်မနေပါ။သူတို့ရဲ့ဆရာဝန် အလုပ် ဆိုတာ ဘယ်တော့မှ တိမ်ကောသွားမယ့်အလုပ်မဟုတ်ပါဘူး ။နေမကောင်းတဲ့ သူဆိုတာ အမြဲရှိနေမှာပါ။တခြားနေရာမှာသာ ငွေကိုချွေတာလို့ရချင်ရနိုင်ပါ တ ယ်။ကျန်းမာရေးကတော့ အရေးကြုံလာရင်မကုပဲ ဒီတိုင်းနေမယ့်သူက ခပ်ရှား ရှားပါ။အပြင်အလုပ်တွေလို အလုပ်ပြုတ်လို့ ထမင်းငတ်မှာ မဟုတ်ပါဘူး။သူတို့ ပညာက ဘယ်မှာပဲ လုပ်စား၊လုပ်စား ထမင်းမငတ်မယ့် အလုပ်ပါ။(ဆင်းရဲတဲ့ ဆရာဝန်ဆိုတာလည်း ခပ်ရှားရှားလေ။)
(၅)ဥာဏ်ကောင်း
ဆေးတက္ကသိုလ် တတ်ခွင့်ရတယ်ဆိုတည်းက ဥာဏ်ကောင်းလို့ပါ။ဒီတော့ သူတို့ကို ရွေးမယ်ဆိုရင် သင့်အနေနဲ့ ဥာဏ်ကောင်းတဲ့သူတစ်ယောက်ကို သင့်ဘ၀လက်တွဲဖော်အဖြစ် ရွေးလိုက်တာနဲ့ အတူတူပါပဲ။
(၆)လူမှုဆက်ဆံရေးကောင်းပြီးသား
ဆရာဝန်ဆိုတာ အလွှာပေါင်းစုံက လူနာ မျိုးစုံကို ဆက်ဆံပြောဆိုနေကြရသူေ တွပါ။သူတို့ဟာ ဘယ်သူနဲ့ဆိုရင် ဘယ်လိုပြောဆိုဆက်ဆံရမယ်ဆိုတာကို လူတွေအကြောင်းအထာနပ်ပြီးသားပါ။သင့်မိသားစုနဲ့လည်း အဆင်မပြေမှာ စိုးရိမ်ဖို့မလိုပါဘူး။သူတို့က အဆင်ပြေအောင် ပေါင်းတတ်ပါတယ်။
(၇)ကြုံရာကျပန်းနေတတ်
သူတို့ဘ၀ဟာ စားချိန်၊အိပ်ချိန်ရယ်လို့ ပုံမှန်မရှိသလို၊ရောက်တဲ့ နေရာမှာ ကြုံသ လိုစား၊ကြုံသလိုစားရတဲ့ ဘ၀နဲ့ အသားကျနေသူပါ။ဒါကြောင့် တခြားသူေ တွလို ဘယ်လိုနေရာလေးမှာမှ ဒိတ်ချင်တယ်၊ဘာကို မှစားချင်တယ်ဆိုပြီး တောင်းဆို၊ နားဆာလုပ်မှာမဟုတ်ပါဘူး။ဆရာဝန် ကို ခင်ပွန်း တော်ရမယ်ဆိုရင် အိမ်ေ ထာင် ကျပြီးလို့ ဟင်းချက်ကျွေး ရင်လည်း ဟင်းမကောင်းလို့ ဆူမှာမဟုတ် ပါဘူး။ အရင်တည်းက ဒေါင်ကျကျပြား ကျကျသမားတွေမို့ ကြီးကျယ်ပြီး ချေးထူနေမှာ မဟုတ်ပါဘူး။

Credit : Love