car
အသိအမှတ်ပြုလက်မှတ် ရှိမှ အရေးပေါ်လူနာတင်ယာဉ် လုပ်ငန်း လုပ်ကိုင်ခွင့်ပေးတော့မှာပါ။အရေးပေါ်ကုသမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ရှိမှပဲ အရေးပေါ်လူနာတင်ယာဉ် လုပ်ငန်း လုပ်ကိုင်ခွင့်ပေးမယ့် ဥပဒေကြမ်းတစ်ခုကို ရေးဆွဲနေတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး အရေးပေါ်တာဝန်ခံဆရာဝန် ကြီး ဒေါက်တာမော်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူနာတွေ သယ်ယူပို့ဆောင်ပေးနေတဲ့ အရေးပေါ်လူနာတင်ယာဉ်တွေမှာ ဆေးဝါးကုသမှု ပေးနိုင်တဲ့ ကျွမ်းကျင်သူနာပြုတွေမပါလို့ ကြိုတင်ဆေးဝါးကုသမှုမခံယူနိုင်ဘဲ လမ်းပေါ်မှာ သေဆုံးတာတွေရှိနေလို့ ဥပဒေကြမ်းတစ်ခုရေးဆွဲပြီး သတ်မှတ်ရဖို့ စီစဉ်နေတာလို့ သိရပါတယ်။
car

‘‘အရေးပေါ် ကုသမှု ဥပဒေ ဆိုတာ နောင်တစ်ချိန်မှာ ပေါ်လာမယ်။ အဲဒါကို အခု လွှတ်တော် တင်ဖို့ လုပ်နေတယ်။ ပေါ်လာတဲ့ အခါမှာ သင်တန်း မတက်ထားတဲ့သူတွေ အရေးပေါ်လူနာတင် ယာဉ်လုပ်ငန်း ကို လုပ်ခွင့်ရှိတော့ မှာ မဟုတ်ဘူး။ စေတနာအရ လုပ်ပေးပေမယ့် ကားပျက်တာတို့၊ ရောက်တာနောက်ကျတာတို့ကြောင့် လူနာသေတာတွေလည်း ရှိတယ်။ လူနာတင်ယာဉ်အသင်း တွေက စေတနာထားပြီး လုပ်ပေမယ့် ပဋိပက္ခလေးတွေတော့ရှိတယ်။ နောက်ပိုင်းမှာ စေတနာနဲ့ လုပ်ပေးတယ်ဆိုတာကို ပြောလို့ မရတော့ဘူး။ ဥပဒေ အရပဲ ပြောရတော့မယ်’’လို့ ဒေါက်တာမော် ဦးက ပြောပါတယ်။

တချို့ လူနာတင်ယာဉ်တွေက စေတနာနဲ့ အခမဲ့ကူညီတဲ့ လူမှုရေးအသင်း အဖွဲ့တွေ ဖြစ်ပေမယ့် လူနာယာဉ်ကို အကြောင်းပြပြီး တရားမဝင် ကုန်ပစ္စည်း သယ်ယူပို့ဆောင်တာတွေလုပ်နေလို့ အများစု က ပြည်ထဲရေးဝန်ကြီးဌာနက အသင်းအဖွဲ့လိုင်စင်ရမယူဘဲ ဆောင်ရွက်နေတာလို့ ဒေါက်တာမော်ဦးက ပြောပါတယ်။

အဆိုပါ ဥပဒေ က ၂၀၁၈ ခုနှစ် နှစ်ကုန်လောက်မှာ ထွက်ပေါ်လာနိုင်ဖွယ်ရှိပြီး လောလောဆယ်မှာတော့ လူနာတင်ယာဉ်အသင်းတွေကို သင်တန်း တွေဖွင့်လှစ်ပြီး သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

Credit : 7 Day Daily