လူတိုင်းဟာ ကိုယ်လေ့လာမှတ်သားထားသမျှကို လွယ်လွယ်နဲ့မပျောက်ကွယ်စေချင်ကြပါဘူး။ ဒါပေမဲ့ မှတ်ဥာဏ်ဆိုတာက အသက်အရွယ်ရလာလေ ဆိုးရွားလာလေပါပဲ။ ဒီတော့ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ကိုယ်လေ့လာသင်ယူသမျှကို မှတ်မိနေနိုင်ဖို့ ဒီနည်းလမ်းသုံးခုကိုလိုက်နာသင့်ပါတယ်။

ကတ်ပြား အသုံးပြုမယ်

ငယ်ငယ်ကသင်သလို ကတ်ပြားလေးတွေတစ်ပြားပြီးတစ်ပြားကြည့်ပြီး ဦးနှောက်ကိုအလုပ်ပေးတာမျိုးပါ။ ဒီလို ကတ်ပြားလေးတွေနဲ့လေ့လာသင်ယူခြင်းက အကြောင်းအရာတွေကို ပိုပြီးမှတ်မိစေမှာဖြစ်ပါတယ်။ ဒီလိုလေ့လာခြင်းက ဦးနှောက်ကိုအမြင်အာရုံနဲ့တွဲဖက်မှတ်မိစေဖို့ တွန်းအားပေးပါတယ်။ သင်သိထားသမျှကို ပြန်စဉ်းစားပြီး မှတ်မိ မမှတ်မိစမ်းသပ်ဖို့ မတွန့်ဆုတ်ပါနဲ့။ သင်ယူထားသမျှကို တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်မေးခွန်းတွေမေးပြီး စဉ်းစားကြ အဖြေပြောကြတာက မှတ်ဥာဏ်စွမ်းအားတိုးစေပါတယ်။

ဖြည်းဖြည်းလေ့လာမယ်

တစ်ခုခုကိုလေ့လာချိန်မှာ ဖြည်းဖြည်းနဲ့သေသေချာချာလေ့လာမှ ကြာကြာမှတ်မိမှာဖြစ်ပါတယ်။ ခေါင်းထဲကိုလွယ်လွယ်ရောက်လာတဲ့ အကြောင်းအရာတွေဟာ အလွယ်တကူပဲမေ့ပျောက်သွားတတ်ပါတယ်။ လေဆိပ်ရောက်လို့လေကြောင်းလိုင်းတစ်ခုကိုရှာသလိုမျိုးပါပဲ။ အမှုမဲ့အမှတ်မဲ့လေ့လာလိုက်ရင် လေ့လာသမျှဟာ မကြာခင်မှာပဲ ခေါင်းထဲကပျောက်သွားမှာပါ။

ဖြန့်ကျက်မှတ်သားမယ်

သင်သိထားတဲ့စာလုံးတစ်လုံးကို အခြားအဓိပ္ပါယ်တူတစ်ခုနဲ့တွဲဆက်လေ့လာဖို့ပါ။ ဥပမာ ခေါက်ဆွဲဆိုပါစို့။ တခြားဘာသာစကားတွေမှာရော ခေါက်ဆွဲကိုဘယ်လိုခေါ်မလဲဆိုပြီးတွဲဆက်လေ့လာတာမျိုးပါ။ ခေါက်ဆွဲကိုဘယ်လိုချက်ပြုတ်မလဲ ၊ ခေါက်ဆွဲရလာအောင် ဘာတွေနဲ့ဖန်တီးသလဲ။ တခြားနိုင်ငံတွေမှာရော ခေါက်ဆွဲကိုဘယ်လိုဖန်တီးချက်ပြုတ်ပြီးစားလေ့ရှိသလဲ စသဖြင့်ဖြန့်ကျက်တွေးတောလေ့လာတာမျိုးက အကြောင်းအရာကို ပိုမှတ်မိစေပါတယ်။

ဒါကြောင့် ကျောင်းသူကျောင်းသားပဲဖြစ်ဖြစ် ၊ အသက်အရွယ်ရလာလို့ ခေါင်းထဲထည့်ရမယ့်အရာတွေများလာလို့ နောက်ထပ်ပညာရပ်အသစ်အသစ်တွေကို သင်ယူဖို့ကြောက်နေသူတွေပဲ ဖြစ်ဖြစ်လွယ်ကူရိုးရှင်းတဲ့ ဒီနည်းလေးတွေနဲ့ မှတ်ဥာဏ်ကောင်းအောင် လုပ်ကြည့်နိုင်ပါတယ်နော်။

Credit: ဂျူဂျူး(အခရာ)

www.akhayar.com

READ  ချက်ချင်း အိပ်မရသူတွေအတွက် (၁) မိနစ်အတွင်း အိပ်ပျော်စေဖို့

LEAVE A REPLY