hospital
အူမကြီးကင်ဆာ ဖြစ်လို့ ကုသမှုခံယူထားသူတွေအနေနဲ့ ကျန်းမာအောင် စားသောက်နေထိုင်မယ်ဆိုရင် ရောဂါပြန်ဖြစ်လို့ အသက်ဆုံးရှုံးမှုကို ၄၀% လျော့နည်းစေနိုင်တယ်လို့ သုတေသနသစ်တခုက တွေ့ရှိခဲ့ပါတယ်။

အမေရိကန် တဝန်းက အူမကြီးကင်ဆာ ရောဂါကျွမ်းပြီး အဆင့် ၃ ရောက်နေသူ ၁ ထောင်နီးပါးရဲ့ မှတ်တမ်းအချက်အလက်တွေကို California San Francisco တက္ကသိုလ် UCSF ကသုတေသီတွေက ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခဲ့ကြတာပါ။ လေ့လာမှုမှာပါဝင်သူတွေကို ၇ နှစ်ကြာလေ့လာခဲ့ကြပါတယ်။

ခွဲစိတ်ကုသမှုယူထားတဲ့ ကင်ဆာဝေဒနာရှင်တွေရဲ့ အစားအသောက်၊ ခန္ဓာကိုယ်အလေးချိန်နဲ့ လေ့ကျင့်ခန်းလုပ်တဲ့မှတ်တမ်းတွေကို လေ့လာခဲ့ကြပါတယ်။ ကင်ဆာရောဂါပပျောက်ရေး American Cancer Society အဖွဲ့အစည်းက ညွှန်ကြားထားတဲ့အတိုင်း စားသောက်နေထိုင်ရဲ့လားဆိုတာကိုလည်း စာရင်းယူခဲ့ပါတယ်။ လေ့လာမှုမှာပါဝင်တဲ့ ဝေဒနာရှင် ၉% ကပဲ ညွှန်ကြားထားတဲ့အတိုင်း စားသောက် နေထိုင် လေ့ကျင့်ခန်းလုပ်ကြတာတွေ့ရပါတယ်။

အဲဒီလိုလိုက်နာနေထိုင်သူတွေက မလိုက်နာသူတွေထက် ရောဂါပြန်ဖြစ်မှုနှုန်း ၃၁% နည်းသလို သေဆုံးနိုင်ခြေ ၄၂% ပိုနည်းတာကို တွေ့ခဲ့ကြပါတယ်။ လေ့လာခဲ့တဲ့ ခွဲစိတ်မှု ခံယူထားသူ အူမကြီးကင်ဆာ ဝေဒနာရှင် ၁ ထောင်နီးပါးထဲက ၃၅၅ ယောက်မှာ ခွဲစိတ်ကုသခဲ့ပေမဲ့ ရောဂါပြန်ဖြစ်တာတွေ့ခဲ့ရပြီး ၂၅၆ ယောက်ကတော့ သေဆုံးခဲ့ပါတယ်။

အမေရိကန် က ကင်ဆာရောဂါ အထူးကု ဆရာဝန်ကြီးတွေရဲ့ ညီလာခံမတိုင်ခင်မှာ ခုလိုလေ့လာတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အမေရိကန် မှာ အူမကြီးကင်ဆာ ဖြစ်နေသူ ၁ သန်း လောက်ရှိတယ်လို့ စာရင်းတွေအရသိရပါတယ်။ အမေရိကန်မှာ ကင်ဆာကြောင့်သေဆုံးရသူတွေထဲမှာ အူမကြီးကင်ဆာ ကြောင့် သေဆုံးသူ ဒုတိယအများဆုံးဖြစ်ပါတယ်

Credit :VOA 

READ  စိတ်ဓာတ်တွေ ကျနေရင် သင့်ခန္ဓာကိုယ်မှာ ဒီလိုလက္ခဏာ တွေဖြစ်နိုင်ပါတယ်။

LEAVE A REPLY