taeywon

တောင်ကိုရီးယား ရဲ့ ကျော်ကြားတဲ့ အမျိုးသမီး တေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ” Girls’ Generation”မှ အဖွဲ့ဝင်တွေဟာ တစ်ကိုယ်တော်တေးသံရှင်အဖြစ် ဖျော်ဖြေပွဲ ပြုလုပ်ခဲ့တဲ့ တေးယွန်ရဲ့ဖျော်ဖြေပွဲကို တက်ရောက်ခဲ့ကာ အားပေးထောက်ပံ့ခဲ့ကြကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
”Girls’ Generation”ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တေးယွန်ဟာ မကြာသေးမီက ထွက်ရှိခဲ့တဲ့ သူ့ရဲ့တစ်ကိုယ်တော်တေးအယ်လ်ဘမ်အတွက် နယ်လှည့်ဖျော်ဖြေရေးပွဲတွေကို ပြုလုပ်သွားရန်စီစဉ်ထားခဲ့ပြီး အာရှဒေသတွေမှာ လှည့်လည်ဖျော်ဖြေသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ တေးယွန်ရဲ့ ဖျော်ဖြေပွဲတွေကိုတော့ ”Persona”လို့ အမည်ပေးထားပြီး ပထမဆုံးပွဲအဖြစ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ပြီးခဲ့တဲ့ မေ ၁၂ရက်မှာ ကျင်းပခဲ့ရာမှာတော့ တေးယွန်ရဲ့လက်တွဲဖော် အဖွဲ့ဝင်တွေက သူ့ကိုတက်ရောက်အားပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
လတ်တလောမှာ ကျင်းပခဲ့တဲ့ တေးယွန်ရဲ့ နယ်လှည့် ဖျော်ဖြေပွဲဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့တဲ့ ”Butterfly Kiss”တေးဂီတဖျော်ဖြေပွဲပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲဖြစ်ကြောင်းလည်း သိရပါတယ်။
တေးယွန်ရဲ့ ပထမဆုံးသော အာရှနယ်လှည့်ဖျော်ဖြေရေးပွဲမှာ ”Girls’ Generation”ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဆိုယောင်း၊ ဆိုးဟွန်၊ တစ်ဖန်နီနဲ့ယူရီတို့ တက်ရောက်ခဲ့တာကိုတွေ့ရပြီး သူတို့လေးဦးအနက်က ဆိုယောင်းနဲ့ဆိုးဟွန်တို့ဟာ သူတို့ရဲ့လူမှုကွန်ရက်မီဒီယာစာမျက်နှာ တွေဖြစ်ကြတဲ့ အင်စတာဂရမ်စာမျက်နှာတွေပေါ်မှာ တေးယွန်ရဲ့ ဖျော်ဖြေပွဲကို တက်ရောက်လာတဲ့ သူတို့လေးဦးနဲ့ တေးယွန်တို့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ပြောင်းလဲဖော်ပြခဲ့တာကို တွေ့မြင်ခဲ့ရ ကြောင်းလည်း သိရပါတယ်။
”Girls’ Generation”ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆိုယောင်း က တေးယွန် ရဲ့ဖျော်ဖြေရေးစင်မြင့်နောက်ကွယ်မှာ တေးယွန် နဲ့အတူ ရိုက်ကူးထားတဲ့ သူ့ရဲ့ ဓာတ်ပုံ တစ်ပုံကိုလည်း အင်စတာဂရမ်စာမျက်နှာပေါ် သယ်ဆောင်လာကာ ”ဘာကြောင့်များ စိတ်တွေအလွန်လှုပ်ရှား နေလဲဆိုတာ စဉ်းစားနေမိတယ်”လို့ ရေးသားဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။
အခြားသောအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဆိုးဟွန် ကတော့ ဖျော်ဖြေပွဲ တက်ရောက်လာတဲ့ သူတို့လေးဦးနဲ့ တေးယွန် တို့အတူရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့အတူ တေးယွန် အတွက် ချီးကျူးစကားတွေနဲ့ အားပေးစကားတွေကို ရေးသားဖော်ပြခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

Credit : The Mirror Daily