man-in-suit2
ယောက်ျား လေးတွေက ရည်းစားသက်တမ်း နည်းနည်းကြာလာတာနဲ့ ပျင်းလာတယ်။ ပျင်းတာနဲ့အမျှ မိန်းကလေးတွေကို လှည့်စားလာကြတယ်ဆိုတာ လူတိုင်းသိမှာပါ။

ဒါမဲ့ တချို့ကောင်လေးတွေကတော့ တကယ်ချစ်ရင် သူတို့မဖောက်ပြန်မိအောင် အတတ်နိုင်ဆုံးထိန်းကြတယ်။ တချို့အ ချက်လေးတွေသူတို့ဖောက်ပြန်မှာ မဟုတ်တဲ့အကြောင်းကို အတိအကျပြောပြနေတယ်။

၁. သူ သင့်ကိုဆို အမြဲရိုးရိုးသားသားဆက်ဆံတယ်။ ကိစ္စ သေးသေး ကြီးကြီး အကုန်လုံးရိုးရိုးသားသား ဖွင့်ပြောပြတယ်။ သူခံစားချက်တွေကို အမှန်အတိုင်းပြောပြရလို့လည်း သူရှက်နေမှာ မဟုတ်ဘူး။ သင် သူ့ကိုဘာဖြစ်ဖြစ်လက်ခံမယ် ဆို တာကို သူသိထားတယ်လေ။

၂. သင်နဲ့ အဆက်အသွယ် ရဖို့ အမြဲကြိုးစားနေတယ်။ သင် သူဘယ်ရောက်နေလဲဆိုတာကို သိဖို့ဖုန်းဆက်စရာမလိုဘူး။ သူကဘဲ အမြဲဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ်ဆိုတာကို ဖုန်းဆက်ပြီး အကြောင်းကြားနေမှာ။

၃. သူအမြဲအလုပ်ရှုတ်နေတယ်။ ဆိုတော့ သူဖောက်ပြန်ဖို့စဉ်းစားဖို့နေနေသာသာ သူ့ခေါင်းထဲယောင်လို့တောင် တွေးမိမှာ မဟုတ်ဘူး။

၎. အရင် ရည်းစား တွေနဲ့ လုံးဝအဆက်အသွယ်ဖြတ်ပလိုက်တယ်။ ယောက်ျားလေး တွေတော်တော်များများက အရင်ရည်း စားတွေနဲ့ ပြန်ပြီးဖောက်ပြန်တတ်လေ့ရှိတယ်။ ဒါကြောင့် သူ သူ့ ရည်းစား တွေနဲ့ အဆက်အသွယ်လုံးဝဖြတ်ထားတယ် ဆို ရင် သင် စတ်ပူဖို့မလိုတော့ဘူး။

၅. သူရဲ့ လိုအပ်ချက် ထက် သင့် လိုအပ်ချက် ကို အရင်ဖြည့်ဆည်းပေးတယ်။ သူသာဖောက်ပြန်လိုက်ရင် သင်ဘယ်လော က်နာကျင်ခံစားရမယ်ဆိုတာ သိတော့ သူဘယ်တော့မှ မဖောက်ပြန်မိအောင်ထိန်းသိမ်းလိမ့်မယ်။ သင် ခေါင်းကိုက်စ ရာ ကိစ္စသေးသေးမွှားမွှားတောင် လုပ်မှာမဟုတ်ဘူး။

Credit to လင်း(ရွှေအင်းလေး)
Sunthit

READ  ဘုန်းကြီးသရဲနှင် သမ္ဗုဒ္ဓေ ဂါထာတော်ကြီ့း  ...!

LEAVE A REPLY