girl

လက်ရှိအချိန်ဟာဆိုရင် ပညာခေတ်ကိုရောက်ရှိလို့လာနေပါပြီ ။ ကိုယ် ကျွမ်းကျင်မှုရှိတဲ့ အတတ်ပညာ တစ်ခုရှိမထားရင် လစာကောင်းတဲ့ ၊ကိုယ့်ရဲ့ပင်ကိုယ်အရည်အချင်းတွေတိုးတက်ဖို့ အလုပ်အကိုင်မျိုးရရှိဖို့ မလွယ်ကူတော့ပါဘူး။

အခုဆိုရင် ကုမ္ပဏီ ကောင်းကောင်းကို ၀င်ရောက်လုပ်ကိုင်ချင်တယ်ဆိုရင်တော့ ဘွဲ့တစ်ခုနဲ့တင်မလုံလောက် တော့ဘဲ သက်ဆိုင်ရာဒီပလိုမာအသိအမှတ်ပြုလက်မှတ်တွေအပြင် လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်တတ် မြောက် မှုတွေလဲလိုအပ်လာပါတယ် ။ အခုချိန်ကစပြီး တဖြည်းဖြည်းချင်းကိုယ်ဘာတွေပြင်ဆင်ထားရမလဲဆိုတာကို ဒီအချက်လေးတွေကိုဖတ်ကြည့်လိုက်ရအောင် ……….

ကိုယ်ဘာကိုအဓိက ၀ါသနာ ပါလဲ
လူတစ်ဦးတစ်ယောက် အောင်မြင်ခြင်း၊မအောင်မြင်ခြင်းဆိုတဲ့ အဓိကအချက်က ကိုယ် ၀ါသနာ ပါရာကို လုပ်ကိုင် နေဖို့လိုပါတယ် ။ ကိုယ့်ကိုယ်ကိုတော့ ဘာဝါသနာပါလဲ ၊ဘယ်နေရာတွေမှာ ကိုယ့်အားသာချက်ပိုရှိနိုင်မလဲဆိုတာ သိရှိဖို့တော့လိုအပ်တာပေါ့ ။

 

ဘာတွေပြင်ဆင်ထားသင့်လဲ

ပညာရပ် တစ်ခုသင်ကြားတတ်မြောက်ထားလေ ကိုယ့်အတွက်အခွင့်အလမ်းအားသာချက်တွေပိုရှိစေနိုင်မှာ အမှန်ပါပဲ။ လုပ်ငန်းခွင်ကိုပဲဝင်ဝင် ၊ကိုယ်ပိုင်လုပ်ငန်းအသေးစားလေးပဲ လုပ်လုပ်အသက်မွေးဝမ်းကြောင်း ပညာရပ်တွေဖြစ်တဲ့ ဘာသာစကား ၊စာရင်းအင်းပညာ၊စီးပွားရေးစီမံခန့်ခွဲမှု စတဲ့ ပညာရပ် တွေကိုလဲ သင်ကြား တတ်မြောက်ထားမှသာလျှင် သင့်အတွက် ကုမ္ပဏီ ကောင်းကောင်းတစ်ခုမှာ နေရာကောင်းကောင်း၊ လစာ ကောင်းကောင်းရရှိအောင် အခိုင်အမာအထောက်အပံ့ဖြစ်စေနိုင်မှာပါ ။

အမြဲမပြတ်လေ့လာသင်ယူနေဖို့လိုအပ်
အတတ်ပညာ တစ်ခုကိုလေ့လာသင်ယူပြီဆိုရင်ဘယ်တော့မှ ဆုံးခန်းတိုင် သင်ကြားတတ်မြောက်ပြီးဆုံးသွားတယ် ဆိုတာမရှိပါဘူး ။ အခုခေတ်ဆိုရင်ပိုလို့တောင် ပညာရပ် တွေကလေ့လာသင်ယူနိုင်စရာတွေအများအပြား ပါ ။

ကိုယ်စိတ်ဝင်စားမှုရှိတဲ့ နယ်ပယ်ကို တစိုက်မတ်မတ် သင်ယူလေ့လာနေမှသာလျှင်ကိုယ့်ဝါသနာနဲ့ကိုက်ညီတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဆီတက်လှမ်းနိုင်မှာပါ ။ ဒါ့အပြင်လုပ်ငန်းခွင်၊ လူမှုဆက်ဆံရေး နယ်ပယ်မှာ အောင်မြင်တိုးတက်ချင်တယ်ဆိုရင် လူတွေဆီကနေ လေ့လာသင်ယူဖို့အရေးတကြီးကိုလိုအပ်ပါတယ် ။

Credit : myanmar platform