hand

“ကလေး ရေနွေး ပူလောင်လို့”
“ဓါတ်ဘူး ကို လူကြီးတွေအလစ်သွားဆွဲတာလေ”
“သည်မိန်းမ အသုံးမကြလို့”
“ရှင် မှ ကလေး ကိုကြည့်မထားတာလေ”
“ဝါး….ဝါး …ဝါး ….ဝါး::::::::::”

ရန်ဖြစ်သံများ၊ဆူညံ့သံများနှင့်ကလေးငိုသံများက လူနာကြည့်နေသောသမားတော်ကိုနေဆေးခန်းအတွင်းသို့ဝင်ရောက်လာသလို၊စိုးရိမ်မူ့ပြင်းနေသောကလေးအဖေကိုယ်တိုင်ကလေးကိုချီလျက်ရှေ့လူနာများကိုကျော်ဝင်ဖို့ကြိုးစားနေလေသည်။
အတွေ့အကြုံရှိသောကျနော်တပည့်များကလူနာကလေးကိုအရေးပေါ်ခန်းထဲသွင်းလိုက်ပြီးအခန်းတံခါးပိတ်လိုက်လေသည်။

ကျနော်လဲကြည့်နေသောလူနာကိုခဏတောင်းပန်၍ထားခဲ့ကာအရေးပေါ်ခန်းသို့ဝင်လေသည်။
အခန်းထဲရောက်တော့ ကျနော်တပည့်တစ်ဦးက
“ရေနွေး ကထည့်ပြီးကာစမို့ အပူပြင်းပုံရတယ်
ဆရာ ……ခြေထောက်နှစ်ဘက်ဒူးအောက်အပူလောင်သွား တာ”

မေးမြန်းထားချက်များကိုမြန်မြန်ဆန်ဆန်ပြောပြလေသည်။ကလေး မှာ(၁၀)လသားဝတုတ်က
လေးဖြစ်ပါသည်။ ကလေး ငိုသံကဆူညံ့နေစဲပါ၊ကလေးအဖေမှာတုန်ရီလျက် ကလေး အမေ မှာငိုနေလျက်
“မြန်မြန်သက်သာအောင်လုပ်ပေးပါဆရာ”ဟုတောင်းဆိုနေသည်။

“အချိန်ဘယ်လောက်ကြာသွားပြီလဲ”
“ငါးမိနစ်လောက်ပဲရှိမယ်ဆရာ၊ကျနော်တို့ကသည်အနားမှာနေတာပါ”
ကလေးအသားများအပူကြောင့်နီရဲနေလေသည်။အချိန်ကြာလျင်အပူဖုများပေါက်တော့မှာဖြစ်သ
သည်။အပူကြောင့်အရွယ်နှင့်မမျှခံစားနေရသောကလေးကိုလဲသနားမိသည်။
“ရှားစောင်းလက်ပတ်အရွက်ကြီးကြီးအခုသွားခူးပါ”

ကျနော့်တပည့်အားခိုင်းလိုက်ပါသည်။လျင်လိုက်သည့်တပည့်ချက်ချင်းခြောက်လက်ခန့်ခူးပြီး
ပြန်ရောက်လာသည်။သည်လောက်ဆိုဘာဆက်လုပ်ရမည်ဆိုတာကျနော့်တပည့်များသဘော
ပေါက်လေသည်။ရှားစောင်းလက်ပတ်အပေါ်ခွံများခွာ၍အထဲမှဂျယ်လီသားများထုတ်ကာက
လေးကိုထိုင်ခိုင်ပြီးခြေထောက်နှစ်ဘက်အပူလောင်နေရာများကိုအုပ်လိုက်လေသည်။ကလေးမှာ
ငိုနေစဲဖြစ်ပါသည်။ငိုတာမှအာဂေါင်ချစ်၍ငိုနေတာပါ၊သနားစရာကောင်းသောကလေးလူနာဖြစ်သည်။

ရှားစောင်းဂျယ်လီ များအုပ်ထားပြီး တစ်မီးနစ်ခန့်
အကြာတွင်ရေနွေးကဲ့သို့ပူသောအရည်များစီးကျလာလေသည်။ထိုကဲ့သို့စီးကျရခြင်းမှာ အပူ
လောင်ထားသော ကလေး ခြေထောက်မှအပူများသည်ရှားစောင်းဂျယ်လီအရည်ဘက်သို့ကူး
ပြောင်းသွားသဖြင့်ဂျယ်လီအရည်များသည်ပူနွေးသောအရည်အဖြစ်သို့ရောက်သွားခြင်းဖြစ်ပါသည်။

ကလေး လဲအငိုတိတ်လာလေသည်။မိနစ်စက္ကန့်အနည်းငယ်အတွင်းမှာ ကလေး ကသက်သာမူ့
ရလာလေသည်။ကလေးအခြေနေတည်ငြိမ်သွားပြီမို့တပည့်များအားဆက်လက်လုပ်ပေးရန်
မှာထားပြီး ကျန်လူနာများအားဆက်လက်ကြည့်ပးလိုက်ပါသည်။

ကလေးအားလဲနှစ်နာရီခန့်စိတ်ရှည်ရှည်နှင့်တပည့်များကပြုလုပ်ပေးပြီးခေါ်လာသောအခါအပူ
ဖုမပေါက်ပဲ ခြေထောက်အသားများအေးသွားလေသည်။သနားစရာကောင်းသောကလေးလေး
သက်သာသွားသောအခါ ငိုထားရသည်မှာပင်ပန်း၍ထင်သည်အိပ်ပျော်နေလေသည်။

ကလေး အဖေ နဲ့ အမေ မှာချက်ချင်းသက်သာအောင်လုပ်ပေးနိုင်၍ထင်သည်ကျေးဇူးတင်သည်ဆိုကာ
ထိုင်ကန်တော့လေသည်။အိပ်ရောက်ရင်ဆက်ပြီးလုပ်ပေးဘို့လဲမှာကာဆေးခန်းနောက်ဘက်စိုက်ခင်းမှ
ရှားစောင်း များခူးပေးလိုက်လေသည်။

နောက်နေ့မနက်ဆေးခန်းဖွင့်ချိန်တွင်မနေ့ ကကလေး လေးနှင့် မိသားစု ရီကာပြုံးကာ ဆေးခန်း ရောက်လာလေသည်
။ရေနွေး ပူလောင်သောနေရာမှာအပူဖုပင်မပေါက်ပဲပကတိအကောင်းအတိုင်းရှိနေလေသည်။
ကျနော် သမားတော် ကိုနေလဲ အထူးဝမ်းသာမိလေသည်။

သို့ပါ၍ ကလေး ဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်အပူလာင်မူအရေးပေါ်ဖြစ်ခဲ့လျင်စိတ်အေးအေးထားကာ
ရှားစောင်းလက်ပတ်ဂျယ်လီများဖြင့်အချိန်မီ အချိန်ကြာကြာအုံပေးခဲ့လျင်အမြန်ဆုံး
သက်သာပျောက်ကင်းပါကြောင်းစေတနာဖြင့်ရေးသားတင်ပြအပ်ပါသည်။

Credi to Nay MinLay