busineess man

အကြောက်တရားကင်းရမယ်
စီးပွားရေး လောက မှာ အကြီးမားဆုံးစိန်ခေါ်မှုတွေထဲကတစ်ခုကတော့ အကြောက်တရား ကိုကျော်လွှားနိုင်ဖို့ ပါဘဲ။လူအများစုက သူတို့ ရဲ့သာမန်အလုပ်မှာကိုနာရီတကြည့်ကြည့်နဲ့ နေရင်း စီးပွားရေး လောက မှာအောင်မြင်ဖို့ အိမ်မက် မက်ကြတယ်။သူတို့ လက်ရှိအခြေအနေကနေရုန်းမထွက်ချင်ကြဘူး။ဘာလို့ လဲဆိုတော့ စီးပွားရေး တစ်ခုစတင်တော့မယ်ဆိုရင် မမြင်နိုင်တဲ့အရာတွေကို အရမ်းကြောက်နေလို့ ဘဲ။သင်သူများမတူချင်ဘူးဆိုရင် သင့်ရဲ့ကြောက်တဲ့စိတ်ကိုဘယ်လိုထိန်းချုပ်မလဲဆိုတာ သင်ယူရမယ်။ပူမနေပါနဲ့ ။ခင်ဗြားတယောက်ထဲမဟုတ်ဘူး။ ကျွန်တော် အလုပ်ကထွက်ပြီး စီးပွားရေးစလုပ်တဲ့အချိန်မှာ အပြင်စီးပွားရေးရဲ့လစာက ကျွန်တော့်အလုပ်ရဲ့လစာရဲ့၂ဆရတယ်ဗြ။ဒါပေမယ့် ကျွန်တော့် မှာကြောက်ရွံ့ တဲ့စိတ်ကကြီးစိုးနေတုန်းဘဲ။သို့ ပေမယ့်လည်း စီးပွားရေးလောကမှာအောင်မြင်ချင်သူတိုင်းအတွက် ဒါဟာအစဘဲရှိပါသေးတယ်။ကြောက်ရွံ့ တဲ့စိတ်ကိုအနိုင်ယူပြီးလက်တွေ့ လုပ်ကိုင်တာဟာ အကောင်းဆုံးဘဲ။ဘယ်လောက်ဘဲကျရှုံးနေပါစေ ထပ်ခါတလဲလဲကြိုးစားနေတဲ့သူတွေ ဟာတကယ်ကြောက်ရွံ့ တဲ့စိတ်ကိုအောင်နိုင်သူတွေပါ

မိမိရဲ့ငွေကြေးအခြေအနေကိုနားလည်ပါစေ
လူအများစုက နာမည်ကြီးတံဆပ်တွေ လုပ်ငန်းတွေက ဘယ်လိုစတင်ခဲ့တာ ဘယ်လိုရုန်းကန်ခဲ့တာ နောက် ဘယ်လိုတွေအောင်မြင်လာတာ စတာတွေကိုပြောကြတယ်။သင်အလုပ်လုပ်ရင် သင်ငွေဝင်မှာဘဲဆိုတဲ့ အမှန်တရား က စီးပွားရေးသမားတိုင်းလက်ကိုင်ထားတဲ့အမှန်တရားပါ။သင်စီးပွားရေးတစ်ခုစတင်ပြီဆိုရင် သင့်ငွေကြေးအခြေအနေဘယ်လို ငွေကိုဘယ်လိုအကောင်းဆုံးထိန်းချုပ်မလဲဆိုတာသိထားဖို့ အရေးကြီးပါတယ်။အောင်မြင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်ဖို့ ဆိုရင် ငွေဘယ်လိုရှာမလဲ ငွေကိုဘယ်လိုအသုံးချတတ်မလဲဆိုတာတွေသိထားရမယ်

ခေါင်းဆောင်ကောင်း တယောက်ဖြစ်အောင်ကြိုးစားပါ
သင်ကြောက်တဲ့စိတ်တွေကိုမေ့နိုင်ပြီး စီးပွားရေးတစ်ခုစတင်ပြီဆိုတာနဲ့ သင်ဟာခေါင်းဆောင်မှုဆိုတဲ့အပိုင်းကိုယူနေပြီးသားဖြစ်နေပါပြီ။သင့်ရဲ့လုပ်ငန်းမှာ ကူညီလုပ်ဆောင်ပေးမယ့်သူတွေကိုစိတ်အားတတ်ကြွအောင်စွမ်းဆောင်ရမယ်။လုပ်ငန်းတစ်ခုကိုဦးဆောင်မယ်ဆိုရင် CEO ဆိုတာအရေးမကြီးပါဘူး။Google ဟာသူတို့ ရဲ့ ကုမ္ပဏီ ကိုစတင်တဲ့အခါ CEO တွေကိုငှးခဲ့တာမဟုတ်ဘူး။အင်ဂျင်နီယာတွေကိုငှားခဲ့တာပါ။အရေးကြီးဆုံးက မှန်ကန်တဲ့သူတွေကိုသာ ငှားရမယ်။စစ်သားကောင်းတယောက်ဟာ စစ်မြေပြင်မှာ စစ်တိုက်တာတော်တာမှန်ပါတယ်။ဒါပေမယ့် စစ်ပွဲတစ်ခုလူံးကိုမထိန်းချုပ်နိုင်ပါဘူး။အရမ်းနာမည်ကြီးတဲ့ပစ္စည်းတွေရဲ့ ဖန်တီးသူဟာ ကပိုကရိုနဲ့ ဈေးရောင်းတဲ့သူဖြစ်နေတတ်ပါတယ်။ဒါပေမယ့် ခေါင်းဆောင် ကောင်းတယောက်ကတော့ ဘယ်သူက ဘယ်နေရာမှာအကောင်းဆူံးလူပ်နိုင်တယ် ဘယ်သူက ဘယ်နေရာမှာအားနည်းတယ် ဆိုတာသိပြီး အကောင်းဆူံးထိန်းချုပ်လူပ်ဆောင်နိုင်တယ်။ဒါဟာ အောင်မြင်စေတဲ့အချက်တွေပါဘဲ။

အကောင်းဆူံးကြိုးစားရုန်းကန်ပါ
စွန့် ဦးလူပ်ကိုင်သူတွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုတွေထဲကတစ်ခုဖြစ်တဲ့ လိုချင်တဲ့အရာတွေကိုဘယ်လိုလုပ်ဆောင်ရမလဲဆိုတာက မိမိ လက်ထဲမှာရှိတဲ့အခွင့်အရေးတွေကိုဘယ်လိုအသုံးချမလဲဆိုတာ အကောင်းဆုံးနားလည်ခြင်းဘဲ။အောင်မြင်တဲ့စီးပွားရေးသမားတွေဟာ အမြတ်အစွန်းတွေရဖို့  အခွင့်အရေးတွေရရှိဖို့ တနေ့ တနေ့ ကြိုးစားရှာဖွေနေကြတာပါ။သင့်လက်ထဲကိုလိမ္မော်သီးလာပေးရင် လိမ္မော်ရည်ဖျော်သောက်လိုက်ပါ။လူအများစုကတော့ လိမ္မော်ရည်ဖျော်သောက်မှာပါ။စီးပွားရေးသမားတွေကတော့ လိမ္မော်ရည်ဖျော်ပြီးအခြားသူကိုရောင်းမယ်။ပြီးရတဲ့အကျိုးအမြတ်နဲ့ နောက်ထပ်လိမ္မော်သီးတွေဝယ်မယ် ဒါမှမဟုတ် အခြားစီးပွားရေးထဲ ထည့်မယ်ပေါ့။

READ  စီးပွားရေးနဲ့လုံခြုံရေး တိုးမြှင့်ဖို့ တရုတ်-မြန်မာသဘောတူ

လုပ်ကိုင်ဖက်တွေကိုရှာဖွေပါ
Team လိုက် လုပ်ဆောင်ခြင်းက စီးပွားရေး မှာအောင်မြင်စေပါတယ်။အကျိုးအမြတ်ရစေခြင်းရဲ့ အဓိကအခန်းမှာပါဝင်ပါတယ်။တယောက်ထဲလုပ်ကိုင်ခြင်းဟာ အရမ်းကိုပင်ပန်းလွန်းသလို ခက်ခဲပါတယ်

မိတ်ဆွေစစ်တွေကို ချစ်ခင်ပါ
စီးပွားရေး လုပ်ငန်း မှာတယောက်ထဲမလုပ်ကိုင်ဖို့ အရေးကြီးပါတယ်။သင့်ဘဝမှာအောင်မြင်ဖို့ ပျော်ရွှင်ဖို့ ဆိုရင် မိတ်ဆွေအစစ်အမှန်တွေရှိရပါမယ်။သင့်ဘဝကိုအကောင်းဆုံးတွန်းအားပေးတဲ့မိတ်ဆွေတွေရှိပါစေ။သင့်ကိုစိတ်ဒုက္ခပေးတဲ့သူတွေက သင့်ကိုကျရှုံးစေချင်တဲ့သူတွေဆိုတာမမေ့ပါနဲ့ ။

မိသားစု ကအရေးကြီးဆုံးပါ
ကျွန်တော်စီးပွားရေးလုပ်တာဟာ ငွေ ကိုဘဲမြင်ကြတယ်။အာဏာကိုလိုချင်ကြလို့ လုပ်ကြတယ်။တကယ်တော့ ဒါတွေဟာ ပုဂ္ဂိုလ်ရေးဆန်ပြီး တကိုယ်ကောင်းဆန်ပါတယ်။ဘဝမှာစစ်မှန်တဲ့အောင်မြင်မှုကိုရှာဖွေရာမှာ မိတ်ဆွေ တွေနဲ့ အချိန်ပေးတာမဟုတ်ပါဘူး။အရေးကြီးဆုံးက မိသားစုကိုအချိန်ပေးခြင်းပါ။လူတိုင်း ကလေးဘဝမှာပျော်ခဲ့ရတာမဟုတ်သလို မွေးချင်းဘဲဆိုပြီးစည်းစိမ်တွေခွဲပေးမယ်ဆိုတာလည်းမရှိကြပါဘူး။စစ်မှန်တဲ့အောင်မြင်မှုဆိုတာ မိသားစု အပေါ်မှာ အကောင်းဆုံးပေးဆပ်ကြခြင်းဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ဒီအရာတွေက သင့်အတွက်ထာဝရတည်ကျန်နေစေမှာပါ

#successinlifeandbusiness
Credit : Toptenteam

LEAVE A REPLY