love-and-marriage
တစ်နေ့မှာ စာသင်ခန်း ထဲမှာ … ကျောင်းသား တစ်ယောက်က ဆရာကို “အချစ်ဆိုတာ … ဘာလဲ” လို့ မေးပါတယ် …. ။
မင်းရဲ့မေးခွန်းကို မဖြေခင် … “ဂျုံခင်း ထဲကို သွားပြီးတော့ အကောင်းဆုံးဆိုတဲ့ ဂျုံကို ရွေးပြီး ပြန်လာခဲ့လို့” ပါ လို့ ဆရာက ပြောပါတယ် … ။

“ဒါပေမယ့် တစ်ခုတော့ ရှိတယ် … မင်း ဂျုံခင်း ထဲကို ဖြတ်သွားတဲ့အခါ နောက်ပြန်မလှည့်ရ” ဆိုတဲ့ စည်းကမ်းလေးပါ သတ်မှတ်ပေးလိုက်ပါတယ် …
ကျောင်းသားက ဂျုံခင်းထဲကို ဖြတ်သွားပါတယ် … ပထမတစ်တန်းမှာပဲ ကြီးပေ့လှပေ့ ဆိုတဲ့ ဂျုံနှံကို တွေ့ပါတယ် … ၊ ဒါပေမယ့် သူ့ထက်ကြီးတဲ့ ဂျုံနှံ ရှိလိမ့်ဦးမယ်လို့ ထင်ပါတယ် … ။

နောက်ထပ် ကြီးပေ့လှပေ့ ဆိုတဲ့ ဂျုံနှံတွေ့ပါတယ် … ဒါပေမယ့်လည်း နောက်ထပ် ကြီးပေ့လှပေ့ ဆိုတဲ့ ဂျုံနှံက သူ့အတွက် အဆင်သင့် ရှိနေဦးမယ်ပဲ ထင်နေပါတယ် …

သူက ဂျုံခင်း တစ်ဝက် လောက်လည်း ရောက်ရော … ခုတွေ့တဲ့ ဂျုံနှံ တွေက အစောပိုင်းက တွေ့ခဲ့တဲ့ ဂျုံနှံတွေလောက် မကြီးတော့ဘူး ဆိုတာ တွေ့လိုက်ရတယ် … ။ ကြီးပေ့ … လှပေ့ဆိုတဲ့ ဂျုံနှံ ကို တော့ မရတော့ဘူး ဆိုတာ သိသွားတယ် … အဲဒီအတွက်လည်း သူက နောင်တ ရမိတယ် …. ။

ဒါကြောင့် ဂျုံခင်း လည်းဆုံးရော … ဘာမှ မရဘဲ လက်ဗလာ နဲ့ ဆရာ့ ဆီကို ပြန်လာခဲ့ပါတယ် … ။

“အဲဒါ … အချစ်ပဲ … မင်းက ပိုကောင်းမယ် ထင်တာတွေပဲ လိုက်ရှာနေတယ် …
ဒါပေမယ့် နောက်ကျမှ မင်း သဘောပေါက် လာတာက မင်းတကယ်လိုချင်တာကို လက်လွတ်ခဲ့ပြီ” လို့ ဆရာက ပြောပါတယ် … ။

“ဒါဆိုရင် လက်ထပ်ခြင်းကရော  ကရော … ဆရာ” လို့ ကျောင်းသားက မေးပြန်ပါတယ် …

ဆရာက ….. “ဒီတစ်ခါတော့ မင်း ပြောင်းဖူးခင်း ထဲကို သွားပြီး စိတ်ကြိုက် ကြီးပေ့ဆိုတဲ့ ပြောင်းဖူး တစ်ဖူး ကို ယူပြီး ပြန်လာခဲ့လို့ … ” ပြောပါတယ် … ။

ဒီတစ်ခါလည်း ပထမ တစ်ခေါက်တုန်းကလိုပဲ … ပြောင်းဖူးခင်း ကို တစ်ခါပဲ ဖြစ်လျှောက်ရယ် နောက်ပြန်မလှည့်ရ လို့ စည်းကမ်းသတ်မှတ် လိုက်ပါတယ် … ။

ကျောင်းသား က ပြောင်းဖူးခင်း ထဲကို သွားပါတယ် … ဒီတစ်ခါတော့ ပထမတစ်ခေါက် ကလို အမှားမျိုး မဖြစ်ရအောင် သေသေချာချာ ဂရုစိုက်ပါတယ် … ။

ပြောင်းဖူးခင်း အလယ်လောက်လည်း ရောက်ရော … သူ့စိတ်ကြိုက် ပြောင်းဖူးတစ်ဖူးကို ခူးပြီး ဆရာ့ဆီကို ပြန်လာခဲ့ပါတယ် … ။

“ဒီတစ်ခါတော့ မင်းက လက်ဗလာ မဟုတ်တော့ဘဲ ပြောင်းဖူး နဲ့ အတူ ပြန်လာနိုင်ခဲ့ပြီ … မင်းလိုက်ရှာရင်းနဲ့ မင်းရဲ့စိတ်မှာ အကောင်းဆုံးလို့ ထင်တဲ့ … စိတ်ချယုံကြည်တာကို မင်းရွေးချယ် ခဲ့တာပဲ .. အဲဒါ လက်ထပ်ခြင်း ပဲ” လို့ ဆရာက ပြောပါတယ် …. ။

Credit : Original upload