Journalists and photographers hold up pictures of journalist Javier Valdez during a demonstration against his killing and for other journalists who were killed in Mexico, at the Angel of Independence monument in Mexico City

မက္ကဆီကို နိုင်ငံမှာ မီဒီယာ သမားတွေ အသတ်ခံနေရလို့ တရားစီရင်ပေးဖို့ သတင်းထောက် တွေက တောင်းဆိုလိုက်ပါတယ်။မက္ကဆီကို သတင်းထောက် တအုပ်စုဟာ မြို့တော် မက္ကဆီကို စီးတီးက လွတ်လပ်ရေး နတ်မိမယ်ရုပ်တုအောကမှာ မနေ့က စုရုံးခဲ့ပြီး နိုင်ငံတွင်း မီဒီယာသမား တွေ သတ်ဖြတ်ခံနေရတာကို ကန့်ကွက်ရှုတ်ချပါတယ်။

နိုင်ငံထဲမှာ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အကျင့်ပျက် ခြစားမှုတွေနဲ့ ဒဏ်ခတ်မခံရမှုတွေကို တရားစီရင်ပေးဖို့ ဆော်သြပါတယ်။

ဒီလအစောပိုင်းက မက္ကဆီကို သတင်းထောက် ဂျဗီယာဗယ်လ်ဒဲ့ဇ်ဟာ ဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့ စီနာလိုအာပြည်နယ်အတွင်း ပစ်သတ်ခံခဲ့ရပါတယ်။

ဒါဟာ လတ်တလောလတွေအတွင်း ၅ ယောက်မြောက် အသတ်ခံရတဲ့ သတင်းထောက်ပါ။

အာဏာပိုင် တွေကတော့ မူးယစ်ဂိုဏ်းတွေရဲ့ သွေးချောင်းစီး သူပုန်ထမှုကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ကြိုးစားနေရပါတယ်။ ဗယ်လ်ဒဲ့ဇ်ဟာ အာဏာပိုင် တွေနဲ့ မူးယစ်ဂိုဏ်းတွေကြား ဆက်စပ်ပတ်သက်မှုနဲ့ဆိုင်တဲ့ တိကျခိုင်လုံတဲ့ သတင်းတွေကို ရေးတဲ့အတွက် လူသိများပါတယ်။

သတ်ဖြတ်မှု ရပ်တန့်ရေး ဖိအားတွေကြောင့် သမ္မတ အန်ဒရေပေနာနေတိုက သတင်းထောက် တွေ တိုက်ခိုက်ခံရမှုကို စုံစမ်းစစ်ဆေးတာတွေ အားဖြည့်ဖို့ လုပ်ဆောင်ချက်တွေကို ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ဗယ်လ်ဒဲ့ဇ် အသတ်ခံရပြီးနောက်ပိုင်း သတ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေ ရခဲ့တယ်လို့ တခြားမီဒီယာဝန်ထမ်းတွေက ရှေ့ထွက် ပြောခဲ့ကြပါတယ်။

မီဒီယာသမား တွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး လှုပ်ရှားမှုမှာ ပြည်သူတွေပါ ပူးပေါင်းကြဖို့ ဆန္ဒပြသူတွေက ဆော်သြနေပါတယ်။

Credit : DVB