Nga

ငမိုးရိပ်ချောင်း အတွင်း နစ်မြုပ်ခဲ့သည့် ယာဉ်ကိုဆယ်ယူထားစဉ် (ဓာတ်ပုံ − ကိုမျိုးကြီး)
မြောက်ဒဂုံမြို့နယ်တွင် ဆရာစံလမ်းအတိုင်း မောင်းနှင်လာ သည့် အငှားယာဉ် တစ်စီးသည်အရှိန်လွန်ကာ ငမိုးရိပ်ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သ ဖြင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။
ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည့် AD Van အမျိုးအစားအငှားယာဉ်သည် မေလ ၁၆ ရက် ည ၁၁ နာရီခွဲခန့်က ဆရာစံလမ်းနှင့် ငါးမာန်အောင်ဘုရားလမ်းဆုံ အရောက်တွင် အရှိန်လွန်ကာ မျက်နှာချင်းဆိုင်ရှိ ငမိုးရိပ်ချောင်း အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းတပ် ဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။

ယာဉ်ကို မေလ ၁၇ ရက်ညနေ ၄ နာရီခန့်တွင် ချောင်းအတွင်းစတင်တွေ့ရှိခဲ့ပြီး တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းကိုအသုံးပြုကာ ညနေ ၅နာရီ၌ ဆယ်ယူနိုင်ခဲ့ကြောင်း မြောက်ဒဂုံမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

‘‘ကျွန်တော် တို့ ကားတွေ့ပြီ ဆိုကတည်းက ကြိုးချည်တာဘာ ညာနဲ့ ညနေ ၅ နာရီမှာစဆယ် တယ်။ ၅ နာရီခွဲလောက်မှာကား ရော၊ အလောင်းရော ကုန်းပေါ် ကိုဆယ်ယူနိုင်ခဲ့တယ်။ အလောင်းက ကားနောက်ခန်းထဲက ထွက် ကျလာတာ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းယာဉ်ပေါ်၌ ယာဉ်မောင်း အပါအ၀င် အမျိုးသားနှစ်ဦး၊ အမျိုးသမီး တစ်ဦးလိုက်ပါလာ ပြီး ယာဉ်တိမ်းမှောက်ပြီးချိန်၌ အမျိုးသားနှစ်ဦးကို ချောင်းအတွင်းမှ ကယ်တင်နိုင်သော်လည်း အမျိုးသမီး ကို  ကယ်တင်နိုင်ခြင်းမရှိကြောင်း မြောက်ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်း အမှုနှင့် ပတ်သက်ပြီး ယာဉ်မောင်း ဖြစ်သူကို မြောက်ဒဂုံ မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ် မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Credit :7 Day Daily