အခုလတ် တလော တွေ့တွေ့ နေရတဲ့ အကြောင်းအရင်းတွေ က ချစ်သူရည်းစားတွေ ဘယ်လောက်ပဲ သက်တမ်းတွေ ကြာအောင် တွဲခဲ့ကြတွဲခဲ့ကြ ပြတ်ဆဲကြတယ် ဆိုတဲ့ သတင်းတွေပါပဲ …. ဒီလိုဖြစ်လို့ ဘဝ တစ်ခုလုံး ပျက်ကြပြီလားလို့ မေးချင်ပါတယ်။

ဘယ်သူမှ အဲ့လိုမဖြစ်ချင်ကြပါဘူး ဒါပေမယ့် ကျွန်မတို့ ရှင်သန်နေတဲ့ အသက်ကိုတောင် ကျွန်မ တို့ မပိုင်ကြပါဘူး ကျွန်မ တို့ ကိုယ်တိုင် ဘယ်နေ့ သေ လို့ ဘယ်နေ့မှာ ဘာတွေ ဖြစ်ကြမယ်ဆိုတာကို ကျွန်မ တို့ မသိနိုင်ပါဘူး ။ ဒါကြောင့် ချစ်သူ ရည်စားနဲ့ ကွဲ လိုက်ရုံနဲ့ ပြတ်လိုက်ကြရုံနဲ့တော့ ကိုယ့် ဘဝကို ကိုယ် ကိုယ်တိုင် အဆုံးရှုံး မခံဖို့ မနစ်မွန်းသွားဖို့ပဲ လိုအပ်ပါတယ် လို့ ပထမ ဆုံးတစ်ခုဖြစ်တဲ့ အားပေးစကားကို ပြောပါရစေ။

အသဲ ကွဲ ရင် ဘာလုပ်ကြမလဲ
အသဲ ကွဲ ရင် လူအများ လုပ်တတ်ကြတာရှိတာကတော့ အရက်သောက်ကြတယ်။ စိတ်တွေ ကို လွတ်ပေးတယ် ။ ဒီလို အရာတွေ က လွဲမှားနေတယ်လို့ အသေအချာပြောဖို့လဲ ခက်ပေမယ့် တကယ်တော့ လည်း လွဲမှားနေပါတယ်။ အသဲကွဲ လို့ နာကျင်နေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ထက်ပြီးတော့ နာကျင်အောင်မလုပ်ပါနဲ့။ အဲ့လိုအချိန်မှာ ကိုယ်နဲ့ တွဲခဲ့တဲ့ ကိုယ့် ချစ်သူ ရည်စားကို တွဲ ခဲ့တဲ့ အချိန်မှာ ကိုယ်ကောင်းပေးခဲ့တဲ့ အရာ အားလုံးကို အထပ်ထပ် အခါ ပြန်စဉ်းစားလိုက်ပါ။ ကိုယ်ကောင်းပေးခဲ့ တာတွေ ကို တွေးခိုင်းတယ် ဆို တာ ကိုယ့်စိတ်ကို ဖြေတာပါ ငါ့လောက်ကောင်းတာတွေ ကို ဘယ်သူ လုပ်ပေးနိုင်မှာလဲ ဆိုတဲ့ စိတ်က ကိုယ့်ကို နွေးထွေးစေပါလိမ့်မယ်။ မငိုမိအောင်စိတ်ထိန်းပါ။ အမှားနည်းအောင် နေပါ။ ထမင်း ကို ပုံမှန်စားပါ။ အသည်းကွဲ သီချင်းတွေ ကို နားမထောင်တာ ပိုကောင်းပါတယ်။

သူရှိမှ ကိုယ့်ဘဝ ပြည့်စုံမှာလား

ရည်းစားထားခဲ့ တဲ့ အချိန်က ၄ နှစ်ပဲ ထားပါတော့ ။ သူနဲ့ မတွေ့ခင် ကိုယ်ဘယ်လိုနေထိုင်ခဲ့သလဲ သူနဲ့မတွေ့ခင် ၄ နှစ်က ကိုယ် က လောက ကြီးမှာ မမွေးသေးဘူးလား ။ မဟုတ်ပါဘူး မွေးဖွားပြီးသားပါ လူဖြစ်ပြီးသားပါ သူက ကိုယ့်ဘဝ မဟုတ်ခဲ့ပါဘူး။ ကိုယ့်ဘဝ ထဲ ကို သူက ဝင်လာတာပါ ထွက်သွားသူ တစ်ယောက်အတွက် ကိုယ့်ဘဝ ကို အရင်ကလိုပြန်နေရုံသပ်သပ်ပါပဲ ကိုယ်က ကောင်းပေးခဲ့ရင် နောင်တ ရသူဟာ ထွက်သွားတဲ့သူသာဖြစ်ပါလိမ့်မယ်။ အသည်းကွဲ တဲ့ သူတွေ အတွက် အတွေးတစ်ချက်က မျက်ရည် နည်းအောင် ဆေးတစ်ခွက် ဖြစ်ပါလိမ့်မယ်။

အချိန်တွေ ကို အပ်နှံထားလိုက်ပါ
ကိုယ့် ကို လမ်းခွဲပြီး ထားခဲ့တဲ့သူ အတွက် အချိန်တွေ ကို အပ်နှံထားလိုက်ပါ။ အချိန်တန်ရင် သူ့ အတွက် အချိန်က ချုပ်နှောင်ပါလိမ့်မယ်။ ကိုယ်နေနိုင်လို့ကိုယ်နေတတ်နေပြီ ဆိုတဲ့ တစ်နေ့ အချိန်ကြောင့် ချုပ်နှောင်ခြင်းတွေ ကို ကြုံခဲ့ပြီး ကိုယ့်ကို ထားခဲ့သူတစ်ယောက်ကိုတော့ လက်မခံမိဖို့လိုအပ်ပါတယ်။ လူတိုင်းအသည်းကွဲခြင်းကနေ လွတ်မြောက်နိုင်ကြပါစေ။

Credit : momolay