PAY-PROD-GI

အင်္ဂလန်နိုင်ငံ နော်တမ်ဟမ်ရှိုင်းယားပြည်နယ် လန်ဒန်မြို့ မြောက်ဘက် ၁၂၈ မိုင်အကွာမှာ တည်ရှိတဲ့ နော်တမ်ဟမ် (Nottingham) မြို့တွင် ကတ်သရင် ဂျက်ဆင် (Kathryn Jackson) ဆိုတဲ့ အသက် ၂၂ နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ အစားအစာ တစ်မျိုးရဲ့ နာမည်ကိုကြားလိုက်တိုင်း ထိုအစားအစာရဲ့ အရသာကို အလိုလိုရလာတဲ့ ထူးဆန်းတဲ့ အခြေအနေတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။

သူမရဲ့ ရောဂါဟာ ဘာသာစကားတစ်ခု၏ ဝေါဟာရဆိုင်ရာ ကိုအရသာခံနိုင်ခြင်း (lexical-gustatory synaesthesia) ဆိုတဲ့ရှားပါးတဲ့ အခြေအနေတစ်ရပ်ဖြစ်ပြီး ထိုအခြေအနေဖြစ်နေတဲ့ လူတစ်ယောက်ဟာဆိုရင် အစားအစာတစ်ခုရဲ့ နာမည်ပြောဆိုသံ ၊ဒါမမဟုတ် ရေးသားချက်ကို မြင်လိုက်ကြားလိုက်ရရုံဖြင့် ထိုအစားအစာရဲ့ ပြင်းထန်တဲ့ အရသာကို ခံစားရတဲ့ ဖြစ်ရပ်တစ်မျိုးလည်း ဖြစ်ပါတယ်။

ဒီအခြေအနေဖြစ်နေတဲ့အတွက် ကတ်သရင် ဂျက်ဆင်ဟာ အစားအစာအကြောင်းပြောတိုင်း အရသာက ပြင်းထန်စွာပေါ်လာတဲ့အတွက် တော်တော် စိတ်အနှောက်အယှက်ဖြစ်နေတယ် လို့ဆိုပါတယ်။ဒါကြောင့်စကားဝိုင်းမှာ marshmallow(ပန်းနုရောင်အဖျော့သို့အဖြူရောင်မုန့်ချိုတစ်မျိုး။) ၊ပန်းသီးနဲ့ custard (အဆာသွတ်မုန့် စသည်ကို ဆမ်းစားရသော အဝါရောင် အချိုရည်ပျစ်) စတဲ့ စကားတွေကို ကြားရတိုင်းအရသာကို ပြင်းထန်စွာ ခံစားနေရပြီး အရသာသာမက လျှာပေါ်မှာ ထိတွေ့နေသလို အထိ ခံစားနေရတယ် လို့သိရပါတယ်။

” ကျွန်မဟာ အစားအစာတစ်မျိုးရဲ့ နာမည်ကို ကြားလိုက်၊မြင်လိုက်ရရုံနဲ့ အရသာခံနိုင်ပါတယ်။တစ်ခါတစ်ရံမှာ စကားလုံးတွေက အစားအစာလိုပဲ ကျွန်မအတွက် အရသာရှိနေပါတယ်။ဥပမာ ကျွန်မ Lola ဆိုတဲ့ အသံကိုကြားလိုက်တိုင်း ကျွန်မ lollypop (ဒုတ်ချောင်းနှင့် သကြားလုံး)ကို အရသာခံနိုင်ပါတယ်။

တစ်ခုခုကိုမြင်လိုက်ကြားလိုက်ရုံဖြင့် တစ်ခုခုကို မှတ်မိလာတဲ့ ဝေဒနာဟာ ပုံမှန်ဖြစ်ပေမဲ့ ကတ်သရင် ခံစားနေရတဲ့ ဝေါဟာရတစ်ခုကို ကြားလိုက်ရုံဖြင့် အရသာခံလာနိုင်ခြင်း အခြေအနေက ရှားပါး အခြေအနေတစ်မျိုးဖြစ်ပါတယ်။

Credit:  Arkar Hein (Shwemom)
Ref : Mirror