rain and kim tae he

Rain က ပရိတ်သတ်​​ Photoshop လုပ်ပေးထားတဲ့ သူနဲ့ကင်တေဟီးရဲ့အနာဂတ်ရင်သွေးလေးပုံကို သဘောကျစွာပြန်လည်တုန့်​ပြန်​ခဲ့ပါတယ်​။Rain ဟာ Superman is back ကိုရီးယားစီးရီးမှာ Lee Beom Soo အပိုင်းအတွက်ဧည့်သည်သရုပ်ဆောင်အဖြစ်​ရိုက်ကူးပေးခဲ့ပါတယ်။

rainsupermanisback

ဒါကြောင့်​ Lee Beom Soo က Rain, Min Hyo နဲ့ Lee Si Eon တို့ကိုဖိတ်ပြီး စားသောက်ပွဲလေးကျင်းပခဲ့ပါတယ်။အဲ့အပွဲအပြီးမှာ Beom Soo ရဲ့ကလေးတွေက Rain ကို သူ့ရဲ့အနာဂတ်ရင်သွေးလေးပုံ Photoshop ပြီးလုပ်ထားတဲ့ ​ဖက်ခေါင်းအုံးလေးနှစ်ခုကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။သူဟာလက်ဆောင်လေးကိုရပြီးပြီးချင်း “ကျနော့် ကလေး တွေသာဒီလိုချစ်စရာကောင်းရင်​ကျနော်တော့တော်တော်အောင်မြင်​​ကျော်ကြားတော့မှာပဲ” ဆိုပြီးသဘောကျစွာတုန့်​ပြန်ခဲ့ပါတယ်။ သူ့ကို သားနဲ့သမီး ဘယ်လေးလိုချင်လဲမေးတော့ Beom Soo သမီးလေး လိုချစ်စရာကောင်းတဲ့သမီးလေးလိုချင်ပါတယ်လို့ဖြေခဲ့ပါသတဲ့။

Credit : shwemom
Source: Ilgan Sports