ွှဲ်rဇာနည်
သီချင်းနာမည်က ရိုးသားစွာ ခေတ်နောက်ကျသူများဖြစ်ပါတယ်။
အာဇာနည် ရဲ့ ကမ္ဘာသားအယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ ရိုးသားစွာ ခေတ်နောက်ကျသူများ MTV ကို မေလ ၂၆ ရက်နေ့က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

“ဒီနေ့ ကိုအာဇာနည် ရဲ့ကမ္ဘာသားအယ်လ်ဘမ်က ရိုးသားစွာ ခေတ်နောက်ကျသူများ MTV မှာ ခလိန်း နည်းနည်းကြမ်းထားတယ်” လို့ လုလုအောင် က ရေးသားပြီး မေလ ၂၆ ရက်နေ့ညက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နျှာကနေ မျှဝေခဲ့တာ ဖြစ်ပါတယ်။

ရိုးသားစွာ ခေတ်နောက်ကျခြင်းဆိုတဲ့ အာဇာနည်ရဲ့သီချင်း ဗီဒီယို အတွက် လုလုအောင် ဟာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ ရဲအောင်၊ ဇေယျ တို့နဲ့အတူ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Brave Bar မှာ ရိုက်ကူးထားတာဆိုတော့ တကယ်အလန်းစားကြီး ဖြစ်မှာ သေချာပါတယ်။

လုလုအောင်ဟာ ၂၀၀၄ခုနှစ်ကစလို့ အနုပညာ အလုပ် ကို လုပ်ကိုင်ခဲ့ပြီး နှစ်နည်းနည်းအကြာမှာ အနုပညာ အလုပ်တွေကို ရပ်နားခဲ့ပါတယ်။ အနုပညာ အလုပ် တွေကို ၂၀၁၄ပတ်ဝန်းကျင်လောက်မှ ပြန်လည်လုပ်ကိုင်ခဲ့ပြီး ဓာတ်ပုံတွေ တော်တော်များများရိုက်ဖြစ်ရာက ၂၀၁၆ခုနှစ်ထဲမှာတော့ သူမရဲ့ အမိုက်စားပုံတွေကြောင့် ပရိသတ် တွေရဲ့ သတိထားမိခြင်းကို ခံခဲ့ရပါတယ်။ ဓာတ်ပုံအလန်းစားတွေကို ဆက်တိုက်ရိုက်ကူးဖြစ်လာတဲ့ လုလုအောင် ဟာ ယောကျာ်းလေး ပရိသတ်များလည်း အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လုလုအောင် ဟာ အနုပညာ အလုပ် တွေလုပ်ရင်း သမီးဖြစ်သူနဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photos : လုလုအောင် ဖေ့စ်ဘွတ်
Credit : Duwun