maxresdefault
စင်္ကာပူ တွင် ကြိမ်ဒဏ် ပေးရာအသုံးပြုသောကြိမ်မှာ
– အရှည် 1.2m
– ရိုက်ချက်မြန်နှုံးမှာ 160km/hr
– လူတစ်ယောက်ကို အများဆုံးရိုက်နိုင်သည့် အကြိမ် မှာ 24 ချက်ဖြစ်သည်။

1987 ခုနစ်မှစတင်ကာ စင်္ကာပူ ရဲ့ MRT ပေါ်တွင် အစားအစာသောက်သုံးခြင်းကို တားမြစ်ပြီး စားသုံး ပါက ဒဏ်ငွေ S$500 ရိုက်ခဲ့ပါသည်။

ပီကေ အား ဆရာဝန်ရဲ့ထောက်ခံချက်အရ စားသုံး သူ မှအပ တခြားသူများ ရောင်းချခြင်း စားသုံးခြင်း ပြုလုပ် ပါက ဒဏ်ငွေ – တစ်သိန်းမှ ထောင် – ၂ နှစ် အထိ။

သူတပါးရဲ့Wifi ကို ခိုးယူသုံးစွဲပါက( hacking)လုပ်ပါက ဒဏ်ငွေ – တစ်သောင်းနဲ့ထောင် သုံးနှစ်

အများပြည်သူသုံး နေရာများတွင် ဆေးသုပ် ပုံဆွဲခြင်း စာရေးခြင်းများပြုလုပ်ပါက ကြိမ်ဒဏ် – တစ်ချက်နှင့် ထောင်တစ်လ

မျဉ်းကြားမှ လမ်းမကူးပါက ပထမတစ်ကြိမ်တွင် ဒဏ်ငွေ ၂၀ မှ တစ်ထောင် အထိ ဒဏ်ရိုက်တတ်ပြီး တစ်ခါတစ်ရံ ထောင် သုံးလ ပါ ပေးတတ်သည်။

အများပြည်သူ သွားလာနေရာများနှင့် ဆေးလိပ် မသောက်ရ တားမြစ်နေရာများတွင် ဆေးလိပ် သောက် ပါက ဒဏ်ငွေ S$ သုံးရာ

အများပြည်သူသုံး အိမ်သာ များတွင် ရေဆွဲချဖို့၊ အသုံးပြုပြီး ရေဆေးခဲ့ဖို့မေ့ခဲ့ပါက ဒဏ်ငွေ – တစ်ရာ့ငါးဆယ် နှင့်ဒုတိယအကြိမ် ထပ်မံကျူးလွန် ပါက ကြိမ်ဒဏ်နှစ်ချက်နှင့်ထောင်သုံးလ

အဝတ်အစားဗလာဖြင့် မိမိအိမ်တွင်းဖြစ်စေကာမူ လူမြင်ကွင်းများတွင် နေထိုင်ပါက ဒဏ်ငွေ – နှစ်ထောင် နဲ့အတူထောင် – သုံးလ

အများအသုံးပြု နေရာများတွင် သေး ပေါက်ပါက ဒဏ်ငွေ – ၂၀၀၀ နှင့် ကြိမ် – တစ်ချက်

အမှိုက်ပုံးမှလွဲ၍ တခြားနေရာများတွင်အမှိုက်ပစ် ပါက ဒဏ်ငွေ – တစ်ထောင်

ဘာသာရေး အကြောင်းနဲ့ပက်သတ်ပြီးမငြင်းခုံရပါ အကယ်၍ငြင်းခုံ ပြီး စကားကြီးငယ်ဖြစ်ခဲ့ပါက ဒဏ်ငွေ တစ်သောင်းနဲ့ ထောင် သုံးလ ( သို့) ကြိမ် ဒဏ် သုံးချက်

စင်္ကာပူ မှာ စားပွဲထိုး များ နဲ့ serviceပေးဝန်ထမ်းများ ကို ဘောနပ်ပိုက်ဆံ Tip money ပေးခြင်းသည် အဆင့်အတန်း အင်မတန်နိမ့်ကျတဲ့အပြုအမူလို့ သတ်မှတ်ပြီး အပေးခံရသူက တိုင်ကြားပါက ဒဏ်ငွေ – တစ်သောင်းနဲ့ကြိမ်ဒဏ် တစ်ချက်( သို့မဟုတ်) ထောင်ဒဏ် – နှစ်လ

စင်္ကာပူ တွင် လက်ညိုးထိုးပြီး စကားပြောခြင်းဟာ အင်မတန်မှရိုင်းတယ်လို့သတ်မှတ်ပါတယ်

စင်္ကာပူ တွင် အလိုမတူပဲ Hugging လုပ်ပါက – ကြိမ်ဒဏ် နှစ်ချက်
(Hugging ဆိုသည်မှာ မိမိကြိုက်နှစ်သက်တဲ့ (သို့မဟုတ်)မိမိချစ်ခင်တဲ့သူများကို ဝမ်းသာအားရ ပြေးဖက်ခြင်းကိုဆိုလိုသည်။)

ခွေးကြောင်များထိန်းကျောင်းနေစဉ်ခွေးကြောင်များ ပါသော အီးအားပြန်မကျုံးခဲ့ပါက ဒဏ်ငွေ – ငါးရာ (အိမ်အကူ-ညီမများ သတိထားပါ)

ရထားပေါ်တွင်ဆေးလိပ်သောက်ခြင်း- တစ်ထောင်၊ ဒူးညင်းသီးနှင့် မီးလောင်ပေါက်ကွဲ စေတတ်သော ပစ္စည်းများသယ်ရင် ဒဏ်ငွေ – ငါးထောင်

အများပြည်သူ သွားလာနေသောနေရာများတွင် တံထွေးမထွေးရ ဒဏ်ငွေ – ငါးရာ

Credit: စင်္ကာပူ ( ရွှေ )