အခွန်ဌာနအတွင်းမှာ လိင်ဖျော်ဖြေမှုပေး အငယ်အနှောင်းအဖြစ်ခံမှ ရာထူးတိုး နေရာကောင်းရတဲ့အခွန်အာဏာရှင်စန စ်ဆိုးကြီးကြောင့် အောက်ခြေအခွန်ဝန်ထမ်းအများစုအတိဒုက္ခရောက်နေရတယ်လို့သိရှိနေရပါတယ် ။

” အခွန်ဌာနထဲမှာ နေရာကောင်းရဖို့ လာဘ်ငွေရအောက်ဆိုဒ်များများရတဲ့ တံဆိပ်ခေါင်းအရောင်းကောင်တာတွေ ထီရုံးတွေ မြို့နယ်ရုံးကောင်းကောင်တွေရဖို့ ရာထူးတိုးစာမေးပွဲတွေအောင်ချင်တယ်ဆိုရင် လာဘ်ငွေထိုးရုံနဲ့မရတော့ဘူး” ”

အခွန်လူကြီးတွေဆီမှာ အငယ်အနှောင်းအဖြစ်နဲ့လိင်ဖျော်ဖြေမှုပေးမှရတယ် အဲဒီလိုမိန်းမတွေပဲအခွင့်အရေးရကြတာ အဲလိုမျိုးလက်မခံတဲ့ ဝန်ထမ်းမိန်းကလေးတွေဆို အလုပ်မကျွမ်းဘူး ဆက်ကြေးမထည့်နိုင်ဘူးဆိုပြီးအကြောင်းအမျိုးမျိုးပြပြီးမာန်မဲတာ ခြိမ်းခြောက်တာတွေကြုံ နေရတယ်” ဟု×××××× မြို့နယ် အခွန်ရုံးမှ ဒုတိယဦးစီးမှူးအဆင့်ရှိ အမျိုးသမီးတဦးက ရင်ဖွင့်သည်

” အဲဒီစနစ်ကြီး အကျင့်ကြီးက အရင်ညွှန်ချုပ်ဟောင်း ဦးမြတ်မော်လက်ထက်မှာ အရမ်းနာမည်ကြီးခဲ့တာ သူ့လက် ထက်မှာ ပွဲတွေလုပ်ပြီး ဗြောင်ကျကျကိုလုပ်ခဲ့တာ သူ့ကိုအငယ်အနှောင်းအဖြစ်ခံတဲ့မိန်းကလေးတွေဆိုရင် ရာထူးေ တွတိုးနေရာကောင်းတွေပေးခဲ့တယ်

ဝန်ထမ်းအပြောင်း အရွှေ့လိုရုံးကိစ္စတွေ သူ့ကိုယ်ရေးကိုယ်တာကိစ္စတွေ ဥပမာ-ကလေးမွေးနေ့ပွဲဖိတ်တာတို့ ဆက်ကြေး ကန်တော့ကြေးတောင်းတဲ့ကိစ္စတွေမှာပါဝင်ခြယ်လှယ်ကြ အာဏာပြကြတယ် ။ သူတို့လူကြီးတွေ သွားပျော်နေကြ KTV အနှိပ်ခန်းတွေက မိန်းကလေးတွေကိုပါ ကျွန်မတို့ဌာနထဲကို အလုံးအရင်းနဲ့ကိုအလုပ်ခန့်ပေးခဲ့ကြတယ် ။

ဝန်ထမ်းအရေခြုံ ပေးလိုက်တာ သူတို့အတွက်၁ချက်ခုတ်၂ချက်ပြတ်တဲ့သဘောပေါ့ ” ဌာနထဲကဝန်ထမ်းတော်တော် များ များသိကြတယ်ဘယ်သူတွေကဘယ်လူကြီးတွေရဲ့အ ငယ်အနှောင်းဆိုတာတွေ …ဒုက္ခပေးမှာကြောက် လို့သာမပြော ရဲကြတာ ။

အခုနောက်ပိုင်းအဲဒီပြသနာကြောင့်သူရာထူးပြုတ်သွားပေမဲ့ သူ့တပည့်ဟောင်းအခွန်ညွှန်မှူးတွေက အဲဒီအကျင့်ကြီးကို စနစ်တကျအကောင်အထည်ဖော်နေတုန်းပါပဲ ကျွန်မတို့ကလက်တွေ့ခံစားနေရတာ ညဘက်over time ဆင်းတာတို့ သူတို့အခန်းထဲသီးသန့်ခေါ်တွေ့တာတို့ဆိုရင် အလွယ်တကူမသွားရဲဘူး အခုထိတခြားဌာနတွေလိုေ ဖ်ာထုတ်အရေးယူ အပြစ်ပေးတာမျိုးလည်းမရှိသေးဘူး”ဟုသူမကရှင်းပြသည် “( နေရာကောင်းတဲ့တိုင်းမှူး ပြည်နယ်ညွှန်မှူးတွေဆိုရင် )

READ  ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ရောက်ရှိ

သူတို့ရဲ့သီးသန့်ရုံးခန်းတွေထဲမှာ အသက်ငယ်ငယ်ရုပ်ချောတဲ့အမျိုးသမီးငယ်တွေ ကို PSO အဖြစ်(အကြောင်းပြပြီး) သီးသန့်ခေါ်ထားကြတယ် ငွေတွေပေး အခွင့်အရေးတွေ လုပ်ပိုင်ခွင့်အာဏာတွေပေးထားကြတယ် တကယ်ကတော့ လိင်ဖျော်ဖြေမှုပေးဖို့ အငယ်အနှောင်းအဖြစ် အသုံးချဖို့အတွက်ပါ တခြားဌာနဆိုင်ရာတွေမှာအဲဒါမျိုးလုပ်ကြမယ်မထင် ဘူး ဝန်ထမ်းဥပဒေမှာ အဲဒါမျိုးလုပ်ရမယ်လို့လည်းမပြဌာန်းထားပါဘူး”ဟုဆိုသည်

” (တံဆိပ်ခေါင်းဌာနကညွှန်မှူးဟောင်းဗိုလ်ကြီးညွန့်တင်ဆိုရင်လည်း )အဲဒီကိစ္စအရမ်းနာမည်ကြီးတဲ့အထဲမှာပါတယ် သူပြောင်းလေရာနေရာတိုင်းကို သူ့အမျိုးသမီးPSOငယ်ငယ်လေးတွေကို (ရုံးအမိန့်စာသီးသန့်ထုတ်ပြီးတော့ကို) ပါအောင်ခေါ်ယူတာ သူ့အခန်းထဲမဝင်ခင်အဲဒီမိန်းကလေးတွေနဲ့အရင်တွေ့ရကြရတယ် ခွင့်တောင်းရတယ် ရုံးမှာတ င်မကဘူးသူ့အိမ်မှာပါအိမ်မှုကိစ္စတွေလုပ်ပေးကြရတယ်

ဝင်ခြယ်လှယ်ကြတယ်သူ့တင်မကဘူး အဲဒီမိန်းကလေးတွေပါကြောက်နေရတာ ”် ” အဲဒီလိုအမျိုးသမီးငယ်တွေက တံဆိပ်ခေါင်းအရောင်းဌာနတွေ မော်တော်ယာဉ်စီမံချက်လို ထီအရောင်းပါမစ်လို အခွင့်အရေးမျိုးတွေ အကြိမ်ကြိ မ် ရကြတယ် မြို့နယ်ရုံးကောင်းတာတွေရကြတယ် ရာထူးလည်းအတိုးမြန်ကြတယ်

နောက်ဆုံး အဲဒီညွှန်မှူးတွေဆီလာဘ်ထိုးချင်ဝင်ကန်တော့ချင်ရင်တောင် အဲဒီအငယ်အနှောင်းမိန်းကလေးတွေက တဆ င့်ချဉ်းကပ်ရပါတယ် လူပွဲစားသဘောမျိုးပေါ့ အဲဒီညွှန်မှူးတွေ အနားယူသွားတဲ့အခါအဲ ဒီမိန်းကလေးတွေကို သူတို့ရဲ့နီး စပ်ရာတပည့်ယောကျာ်းလေးတွေဆီမှာလင်ကောင်ဖော်လက်ထပ်ပေးခဲ့ကြပါသေးတယ်”ဟုသူမကဆက်ရှင်းပြသည်

” အခုကျွန်မတို့ဌာနထဲမှာ အဲဒီစနစ်ကြီးကြောင့်မိန်းကလေးတွေတော်တော်ပျက်ဆီးကြ ဒုက္ခရောက်ကြတယ် တချို့မိန်း ကလေး တွေဆို ဌာနထဲဝင်ခါစက ရိုးရိုးအအလေးတွေ နောက်တော့အခွင့်အရေးရချင်ငွေရချင်တာ နဲ့လူပေါင်း မှားကြ အတုခိုးမှားသွားကြတယ်

မိန်းမအာဏာရှင်တွေဖြစ်လာကြတယ် အခုဌာနထဲမှာ အိမ်ထောင်ရေးဖောက်ပြန်ကြတာတွေလည်းအရမ်းများလာတယ် ရုံးအမိန့်စာထုတ်ပြီးကြိတ်ရှင်းထားတာတွေတောင်မနည်းဘူး ဂျာနယ်အင်တာနက်ပေါ်မပါလို့ အရေးယူမှုတွေမရှိလို့သာ လူတွေသိပ်မသိကြတာ “ဟုသူမက စိတ်ပျက်ဟန်ဖြင့်ဆိုသည်

* အစ်မတို့ကလေ လူပုဂ္ဂို လ်ကိုချစ်လို့မုန်းလို့ပြောရတာမဟုတ်ပါဘူး သားသမီးချင်းကိုယ်ချင်းစာစေချင်လို့ ဝန်ထမ်းလော ကသန့်ရှင်းစေချင်လို့အားလုံးအတွက်အမုန်းခံပြောပြပေးရတာပါ ” အစ်မတို့ကတော့လေ ရာထူးမတိုးနေရာေ ကာင်းမရ င်နေပါစေ အဆူအဆဲခံချင်ခံရပါစေအဲဒီလိုဘဝမျိုးတွေမရောက်ရပါစေနဲ့လို့ဆုတောင်းပါတယ် ဆရာတို့ပဲစဉ်း စားကြည့်ေ လ…

READ  ကိုကျော်ကိုကိုတို့ ကမာရွတ်တရားရုံးထုတ်တွင် ကဗျာဆရာမောင်ဆောင်းခ ထိန်းသိမ်းခံရ

အခွင့်အရေးရဖို့လာဘ်ထိုးရတာတင်ပဲမှားနေပြီ အဲဒီလိုသူတို့အတွက်အငယ်အနှောင်းအဖြစ်ခံရမယ်ဆိုတာကတော့…… တသက်လုံးရင်ဆိုင်နေရမယ့်ဒုက္ခဆိုးကြီးပါ မကောင်းတဲ့အလုပ်လုပ်စားသလိုဖြစ်နေပါပြီ * စီမံဘဏ္ဍာဝန်ကြီးပဲဖြစ်ဖြစ် အမေစုနဲ့သမ္မတကြီးပဲဖြစ်ဖြစ် လက်တွေ့စစ်ဆေးအရေးယူပေးကြပါ

* * သူတို့ရဲ့အဲဒီမကောင်းတဲ့စနစ်ဆိုးတွေကြောင့်အောက်ခြေဝန်ထမ်းတွေတကယ်ဒုက္ခ ရောက်နေကြပါတယ် * အခွန် အာဏာရှင်ညွှန်မှူးတွေရဲ့ လိင်ဖျော်ဖြေမှုပေး အငယ်အနှောင်းအဖြစ်ခံမှ ရာထူးတိုး နေရာကောင်းရတဲ့အခွန် အာဏာရှင် စနစ်ဆိုးကြီးကိုကျေးဇူးပြု ပြီးဖယ်ရှားပေးအရေးယူပေးကြပါ

* ဝန်ထမ်းလောကကိုကယ်တင်ပေးကြပါ * အမျိုးကောင်းသားသမီးတွေကိုကယ်တင်ပေးကြပါ” ဟုသက်သေအေ ထာက်အထားအချက်အလက်များနဲ့တကွ ရင်နာနာနဲ့ရင်ဖွင့်တောင်းဆိုသွားခဲ့ပါကြောင်း

Creditး အခွန်မိကောင်းဖခင်ဝန်ထမ်းများ
ဂိုလ်ရှယ်လေး

LEAVE A REPLY