first lover

အဆင့်(1) – နေရာ နဲ့ အချိန် က အရမ်းအရေးကြီးပါတယ်။ နှစ်ယောက်သား စကားအေးဆေးပြောလို့ ရမယ့် ပန်းခြံလိုနေရာမျိုးကိုရွေးချယ်ပါ။ ချစ်သူ က စိတ်လက်ကြည်သာနေချိန်ဖြစ်ပါစေ။

အဆင့်(2) – သူ့ ရဲ့ အလှအပ နဲ့ အပြုမူတွေအပေါ်ချီးမွမ်းမူလေးတွေလုပ်ပါ။ ဒီနေ့ ဝတ်လာတာ အရမ်းလိုက်တယ်၊ ချစ်ဖို့ ကောင်းတယ်ပေါ့။ သင်တို့ နှစ်ဦးရဲ့ စကားပွဲ ဟာ ကြည်နူးစရာလေးဖြစ်ပါစေ။

အဆင့်(3) – အနားကိုကပ်သွားပြီး လက်ကလေးကိုင်ကာ ရင်ခွင်ထဲဆွဲသွင်းထားလိုက်ပါ။ သူအလိုက်သင့်လေးပါလာရင် သင့်အတွက်ရာသီဥတု သာယာဖို့ များနေပါပြီ။

အဆင့်(4) – စကားလေးတွေပြောနေရင်း နဖူးလေး(သို့ ) ဆံပင်လေးတွေကို ဖွဖွလေး နမ်းပေးလိုက်ပါ။ သူ့ လက်မောင်းသားလေးတွေကို သင့်လက်က နုနုရွရွလေး ပွတ်သပ်ပေးနေသင့်ပါတယ်။

အဆင့်(5) – မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ပြုံးပြီး ရှက်စနိုးလေးမော့ကြည့်လာမယ်ဆိုရင်တော့ သင်တို့ နှစ်ဦးနောက်တစ်ဆင့်ကိုသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။

အဆင့်(6) – သင်တို့ နှစ်ဦးရဲ့ ဘ၀မှာ ပထမဆုံး အနမ်းလေး ကို မွေးဖွားကြဖို့ အချိန်ရောက်ပါပြီ။ လောကကြီးကို ခဏမေ့ထားလိုက်ပါ။ ဦးဆုံးအချိန်မှာ နူတ်ခမ်း ဖူးဖူးလေးတွေကို ထိယုံလောက်ဆိုလုံလောက်ပါပြီ။

အဆင့်(7) – ဘ၀မှာပထမဆုံးပြင်သစ် အနမ်းလေး ကို စတင်မွေးဖွားလာပါပြီ။ ပခုံးလေးနဲ့ လက်မောင်းလေးကိုပွေ့ ဖက်ပွတ်သပ်ပေးပါ။ နူတ်ခမ်းဂဟေဆက်ခြင်းဟာ ထင်သလောက်မခက်ဘူးဆိုတာ သင်သိလာပါပြီ။

အဆင့်(8) – ပေါ့ပါးငြင်သာစွာအဆုံးသတ်ပါမယ်။ ပါးလေး ကိုနမ်းရင်း ခေါင်းလေး ကိုပုခုံးထက်မှာမှီစေကာ လောကကြီးနဲ့ ပြန်လည်ဆက်သွယ်လို့ ရပါပြီ။

Credit: Momo Lay