running-down-hill-on-hump-day

သင့် ဘဝ ရဲ့အရှုပ်တွေ မပြီးတဲ့တပိုင်းတစတွေကိုရှင်းထုတ်ချိန်တန်ပြီ

ဆုံးဖြတ်မယ်➡️အစီအစဉ်ရေးဆွဲမယ်➡️စတင်မယ်➡️ ဆက်လက်လုပ်ဆောင်မယ်➡️ပြီးဆုံးမယ်➡️အောင်မြင်ပြီးမြောက်သွားမယ်

ဒီဖြစ်စဉ်ကိုကြည့်မယ်ဆိုရင် အားလုံး တဆင့်ချင်းစီကိုဖြစ်ဖြစ်မြောက်မြောက်ပြီးမြောက်အောင်လုပ်ရတယ်။တခုမှချန်ထားခဲ့လိုမရဘူး။တခုကျန်ခဲ့တာနဲ့ ဘယ်လိုမှအောင်မြင်တယ်လို့ မဆိုနိုင်ပါဘူး။ သင့် ဘဝ မှာမပြီးမြောက်ခဲ့တဲ့အရာတွေဘယ်လောက်ရှိလဲ?သင့်အတိတ်ကိုပြီးမြောက်အောင်မလုပ်ခဲ့ဘူးဆိုရင် သင်ဟာ ပစ္စပ္ပုန် ကိုအပြည့်အဝရင်ဆိုင်ရဲမှာမဟုတ်တော့ပါဘူး။သင်ဟာ ပရောဂျက် တခု, ဒါမှမဟုတ် သဘောတူညီမှုတခုကိုစတင်တဲ့အခါ သင်ဟာအရာများစွာကိုတချိန်တည်းလုပ်ဆောင်ရပါတယ်။လက်ရှိအလုပ်တွေပြီးဆုံးအောင်လုပ်ရတယ်။သင့်ဘဝအတွက်အခွင့်အရေးတွေဖန်တီးကြရတယ်။သင့်ဘဝတိုးတတ်အောင်လုပ်ဆောင်ကြရတယ်။လူတွေဘာ့ကြောင့်ပြီးပြီးမြောက်မြောက်လုပ်မဆောင်နိုင်ကြတာလဲ?ဥပမာအနေနဲ့  သင့်မှာ ပရောဂျက်တွေ အလုပ်တွေ ပြီးတော့သင့်စားပွဲပေါ်မှာလဲသင်မလုပ်ချင်တဲ့အရာတွေကိုလုပ်ဆောင်ဖို့ ရှိနေသေးတယ်။ဒါပေမယ့် သင်ဟာ သင့်ကိုအသုံးမကျဘူးလို့ နာမည်တပ်ခံရမှာကြောက်တယ်။ဒါ့ကြောင့်သင်ဟာအားလုံးကိုလက်ခံလုပ်ဆောင်မယ်ဆိုတာအမှန်ပါဘဲ။ဒီအခြေအတွေက သင့်အတွပ် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရတဲ့အချိန်တွေပါဘဲ။ မပြီးမြောက်ခြင်းတွေရဲ့အချို့ ကဗဟုသုတမပြည့်ဝတာ , ကျွမ်းကျွမ်းကျင်ကျင် မလုပ်ဆောင်တတ်ခြင်းတို့ ကြောင့်ဖြစ်ပါတယ်။အချို့ ကတော့ အလုပ် လုပ်တဲ့အခါ အသုံးမကျခြင်းတို့ ကြောင့်ဖြစ်ပါတယ်။

သင့်ကိုသင်အမြဲပေးပါ, ” ဒီ အလုပ် ကိုပြီးမြောက်အောင်မြင်ဖို့ ငါဘာလုပ်သင့်လဲ? ” ဆိုတာပေါ့။ပြီးတော့ မပြီးနိုင်မစီးနိုင်တဲ့အလုပ် ၅လုပ်တပြိုင်နက်လုပ်မယ့်အစား အလုပ်၂လုပ်ကိုဘဲစတင်ပြီးပြီးမြောက်အောင်လူပ်ဆောင်ပါ။သင့်ဘဝမှာသင်လိုချင်တဲ့အရာအသစ်တွေရှိလာတဲ့အခါ အဲ့အရာအတွက် နေရာပေးရပါမယ်။ဒါဟာ စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကောဆိုလိုပါတယ်။ကျွန်တော့်သူငယ်ချင်း မာတင်ရူတီးကကျွန်တော့်ကိုပြောဖူးတယ်။သူဟာ စီးပွားရေးအသစ်တခုစတင်လုပ်ဆောင်တဲ့အချိန်တိုင်းသူ့ ရုံးခန်းကိုသန့် ရှင်းတယ်။အိမ်ကိုရော။ပြီးကားတွေနဲ့ ကားဂိုဒေါင်ကိုပေါ့။ဒါဟာအမှန်ကန်ဆုံးပါဘဲ။ကျွန်တော်တို့ အတိတ်ကအရာတွေကိုပြီးမြောက်အောင်လုပ်ဆောင်ဖို့ လိုပါတယ်။ဒါမှသာ ကျွန်တော်တို့ ပစ္စုပ္ပန်ကိုရဲရဲရင့်ရင့်ရင်ဆိုင်နိုင်မှာပါ။

ဘယ်အရာတွေကသင့်ကိုကမောက်ကမဖြစ်နေစေတာလဲ❓
အကောင်းဆုံးကတော့အောင်မြင်မှုလမ်းကြောင်းကိုမြန်မြန်ဆန်ဆန်ရောက်ဖို့ အတွက် အမှားတွေကိုပြင်ဆင်ပါ။အရာအားလုံးကိုစနစ်တကျလုပ်ပါ။သင့်ကိုစိတ်ညစ်စေတဲ့ သင့်စိတ်ထဲမှာအမြဲရှိနေတဲ့သင်စိတ်ဆင်းရဲရတဲ့အရာတွေကိုထုတ်ပစ့်လိုက်ပါ။

– လေးနှစ်တာ မိမိ ကိုယ်ကိုတိုးတတ်အောင်ကြိုးစားပါ။အကျင့်ဆိုးတွေကိုပြင်ပါ။ကောင်းသောအကျင့်တွေနဲ့ အစားထိုးပါ။ငါးနှစ်မြောက်မှာအောင်မြင်မှုကသင့်လက်ထဲမှာပါ

” စီးပွားရေး မှာထိပ်ဆုံးကိုရောက်လိုသူတွေအားလုံး အလေ့အကျင့်( habit) ရဲ့အရေးကြီးမှုကိုလေးစားရပါမယ်။အကျင့်ဆိုးတွေနဲ့ မွေ့ လျော်နေသမျှကာလပတ်လုံးသင့်ဘဝကသုညပါဘဲ။ဒါ့ကြောင့်ကောင်းတဲ့အကျင့်တွေရရှိလာဖို့ လေ့ကျင့်ပါ။ဘာလို့ လဲဆိုတော့သင့်ကိုအောင်မြင်ဖို့ ကူညီပေးတဲ့အရာတွေဖြစ်လို့ ပါဘဲ” – ဂျေပေါလ်ဂျက်တီ

သင် မနက် မျက်လုံးစုံဖွင့်လို့ အိပ်ရာထတဲ့အချိန်ကစပြီး ညအိပ်ရာဝင်တဲ့အချိန်ထိ သင်အမြဲတန်းလုပ်နေတဲ့အရာတွေရှိပါတယ်။သင်ရေချိုးတယ်။အဝတ်စားလဲတယ်။မနက်စာစားတယ်။သတင်းစာဖတ်တယ်။သွားတိုက်တယ်။အလုပ်ကိုကားမောင်းသွားတယ်အစရှိသဖြင့်ပေါ့။နောက်နှစ်တွေကြာလာတဲ့အခါမှာဒီအရာတွေဟာ သင့်စိတ်ထဲမှာစွဲနေပြီး သူ့ ဘာသူလည်ပတ်နေတော့မှာပါ။သင့်အလုပ်တွေတိုးတတ်လာမယ်။သင့်ဝင်ငွေတွေတိုးတတ်လာမယ်။သင့် ကျန်းမားရေး နဲ့ သင့်ဆက်ဆံရေးတွေကအစပေါ့။ကောင်းတဲ့အချက်ကအလေ့အကျင့်တွေကသင့်စိတ်ကိုလွပ်လပ်စေတယ်။သင်နေ့ တိုင်း၉နာရီမှာအလုပ်သွားရင် သင်ဟာအမြဲဘဲအလိုအလျောက် သွားဖြစ်နေမှာပါ။ဆိုးတဲ့အချက်ကတော့သင်ဟာ ဒီလိုနဲ့ ဘဲအခြေကျပြီး ရုန်းမထွက်နိုင်မှာကိုပါဘဲ။

READ  သူငယ်ချင်း  (၈)မျိုး

– အကျင့်ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အဖြေအမြဲတမ်းပေါ်ပါတယ်
သင့်ရဲ့အကျင့်တွေကသင့်ရဲ့ရလာဒ်ကိုဖန်တီးတယ်။အောင်မြင်တဲ့သူတွေကထိပ်ဆုံးကဆင်းမပေးကြဘူး။ထိပ်ဆုံးရောက်ဖို့ လုပ်ဆောင်မှု( action ) , ကိုယ်ပိုင်စည်းကမ်းတွေ. နေ့ တိုင်းအင်တိုက်အားတိုက်လုပ်ဆောင်ဖို့ အားအင်( energy ) တွေလိုအပ်ပါတယ်။ကနေ့ ကစလို့ သင်စတင် အကျင့်ကောင်း တွေမွေးမြူမယ်ဆိုရင် သင် ဟာမကြာမီကာလတွေမှာအောင်မြင်မှုနဲ့ ရင်းနှီးတော့မှာပါ။မကောင်းတဲ့အကျင့်တွေက မကောင်းတဲ့ရလာဒ်ကိုပေးတယ်။ကောင်းတဲ့အကျင့်တွေက ရလာဒ်ကောင်းတွေကိုဖန်တီးပေးပါတယ်။ကြိုက်တာရွေးပါ

Credit : Top ten

LEAVE A REPLY