SANYO DIGITAL CAMERA

app နဲ့ Facebook စာမျက်နှာများကနေ ကြည့်နိုင်မှာ့ပါ။တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းတွေကို လာမယ့် ဇွန်လ ၁၇ ရက် စနေ့ နေ့ မှာ ကြေငြာသွားတော့မှာ ဖြစ်ပါတယ်။ ဒီနှစ် ဆယ်တန်း အောင်စာရင်း ကို လူကိုယ်တိုင် အပင်ပန်းခံပြီး သွားကြည့်စရာမလိုဘဲ ကိုယ်ကိုင်နေတဲ့ ဖုန်း ကနေ တိုက်ရိုက်ကြည့်လို့ ရနိုင်စေမယ့် နည်းလမ်းများကို နတ်လမ်းညွှန်လိုက်ရပါတယ်။

http://www.mediafire.com/file/27x3rmcd3m2cbbx/2017Result.apk

အောင်စာရင်း ထွက်နေတဲ့နေ့ မနက် ၆ နာရီခွဲကစပြီး အောင်စာရင်း ကြည့်လို့ ရမယ့် အက်ပလီကေးရှင်းလေး ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်အနေနဲ့ 1.82MB ပဲ ရှိပြီး လွယ်လင့်တကူ ဒေါင်းလုပ်ဆွဲ သုံးနိုင်မှာပါ။ ဒီအက်ပလီကေးရှင်းထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအလိုက် ဆယ်တန်းအောင်စာရင်းများကို အသေးစိတ်ကြည့်ရှု နိုင်မှာ ဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းလေးတစ်ခု ရှိတာနဲ့ ကိုယ့်ရဲ့ အောင်စာရင်းအပြင် ကျောင်းနေဘက် သူငယ်ချင်းတွေရဲ့ အောင်စာရင်းကိုပါ အွန်လိုင်းကနေ အလွယ်တကူ ကြည့်နိုင်တော့မှာပါ။ ဒီ အက်ပလီကေးရှင်း လေးကိုတော့ 2017Result ကနေ ဒေါင်းလုပ်ဆွဲနိုင်မှာ ဖြစ်ပါတယ်။
(၂) Ministry of Education, Myanmar

လူတိုင်းလိုလို Facebook သုံးနေကြပြီ ဖြစ်လို့ ကိုယ့် Facebook အကောင့်ကနေ ဆယ်တန်း အောင်စာရင်း ကြည့်ချင်တယ်ဆိုရင်တော့ နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ Facebook စာမျက်နှာ ကနေ သွားကြည့်နိုင်ပါတယ်။ ဒီစာမျက်နှာမှာတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် အောင်စာရင်းများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက ဒီစာမျက်နှာမှာက အောင်စာရင်းကြည့်ရတာ အချိန်နဲ့ တပြေးညီတော့ ဖြစ်မှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ ကိုယ့်ကြည့်လိုတဲ့ တိုင်းဒေသကြီးကို နေ့ လည် ၁၁ ခွဲ ၁၂ နာရီလောက်မှ တင်တာမျိုးလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီစာမျက်နှာကတော့ အစိုးရ အနနဲ့ တရားဝင်ထုတ်တာဖြစ်လို့ လုံးဝစိတ်ချရပါတယ်။ နောက်တစ်ခုက အောင်စာရင်း ကပ်တဲ့ ကျောင်း နဲ့ ကိုယ်နေထိုင်တဲ့နေရာက သိပ်အလှမ်းဝေးလွန်းလို့ သွားရခက်ရင် ဒီစာမျက်နှာကနေပဲ အောင်စာရင်းကြည့်တာ အကောင်းဆုံး ဖြစ်ပါတယ်။
(၃) http://www.myanmarexam.org/

ဒါလေးကတော့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ရဲ့ ပညာရေး ဝက်ဘ်ဆိုက် တစ်ခု ဖြစ်ပြီး အောင်စာရင်း တွေကို ဒီလင့်ခ်ကနေ သွားရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သူကတော့ အောင်စာရင်း ထွက်တဲ့နေ့ မနက် ၆ နာရီကစပြီး အောင်စာရင်းကို ထုတ်ပြန်သွားမှာ ဖြစ်လို့ ပိုပြီး အဆင်ပြေတယ်လို့ ဆိုရမှာပါ။ ဒီတစ်ခုကတော့ ဝက်ဘ်ဆိုက် လိပ်စာ ဖြစ်တာကြောင့် browser ကနေ သွားပြီး ဝင်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီ ဝက်ဘ်ဆိုက် ရဲ့ ထူးခြားချက်ကတော့ အောင်စာရင်း တင် မဟုတ်ဘဲ မေးခွန်းဟောင်းများနဲ့  တက္ကသိုလ်ဝင်စာမေးပွဲ ပို့ ချချက် အဟောင်းအသစ် အစုံအလင် တင်ဆက်ထားတာ ဖြစ်လို့ ကျောင်းသားသစ်များအတွက်ပါ ဝင်ရောက်ကြည့်ရှုသင့်ပါတယ်။

Credit : Duwun