ဂျပန်နိုင်ငံက သနားစရာ ကျောင်းသူမလေးတစ်ဦးရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

ကျွန်တော် ၈ နှစ်သားအရွယ်က ကြုံတွေ့ခဲ့ရ တဲ့ဖြစ်ရပ်ကလေးတစ်ခုဖြစ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်က မူလတန်းကျောင်းသားတစ်ဦးပါ။ ကျွန်တော်တို့အတန်းထဲမှာ ချစ်စရာကောင်းတဲ့ ကျောင်းသူလေးတစ်ယောက် ရှိပါတယ်။ သူမရဲ့ နာ မည်က ‘ဟာကိုချန်း’ (Haako-Chan) ဖြစ်ပါတယ်။ သူမဟာ အေးအေးလေးပဲ နေတတ်ပြီး လူတကာ နဲ့ တည့်အောင် ပေါင်းတတ်လို့ လူချစ်လူခင် များ ပါတယ်။ ကျောင်းသူတွေရော ကျောင်းသားတွေပါ သူမကို ချစ်ကြပါတယ်။ သူမဟာ မျက်နှာဝိုင်းဝိုင်း လေးနဲ့ ပါးဖောင်းဖောင်းလေးကို ပိုင်ဆိုင်ထားတယ်။ သူမရဲ့ ပါးဖောင်းဖောင်းလေးကလည်း နီနီရဲရဲလေးဆို တော့ နှုတ်ခမ်းနီနီလေးနဲ့ အပြိုင်ပဲ။ ပြီးတော့ ‘ဟာ ကိုချန်း’ က ကျောင်းလွယ်အိတ်နီနီရဲရဲကို လွယ် ပြီး ကျောင်းတက်တတ်တယ်။ သူမက အနီရောင် ကို ကြိုက်တဲ့သဘောပဲ။ အဲဒီလွယ်အိတ်ကလေး ကလည်း သူမနဲ့ လိုက်ဖက်ပါတယ်။

တစ်နေ့မှာတော့ ‘ဟာကိုချန်း’ လေး ကျောင်း မတက်ဘူး။ နေထိုင်မကောင်းလို့ မလာတာလို့ပဲ ကျွန်တော်တို့ ထင်ထားတယ်။ နောက်တစ်ရက်ကျ တော့လည်း မလာဘူး။ ဒါနဲ့ ကျွန်တော်လည်း အတန်းပိုင်ဆရာမကို စပ်စုကြည့်တယ်။ အတန်းပိုင် ဆရာမကလည်း ‘ဟာကိုချန်း’ လေး ဘာဖြစ်လို့ ကျောင်းမတက်သလဲဆိုတာ မသိဘူး။ ခွင့်စာလည်း မရောက်ဘူးတဲ့။ ခွင့်မဲ့ပျက်ကွက်ပေါ့။ ဒီလိုနဲ့ တစ် ပတ်လောက်ကြာတဲ့အထိ ‘ဟာကိုချန်း’ လေးဟာ ပေါ်မလာဘူး။ တစ်တန်းလုံးနဲ့ ခင်တဲ့ကောင်မလေး ဆိုတော့ အားလုံးက သတိထားမိကြတယ်။ သူမ ရဲ့ ထိုင်ခုံလေးကလည်း လစ်ဟာနေပါတယ်။

အတန်းပိုင်ဆရာမပြောတာတော့ သူမအနေနဲ့ ‘ဟာကိုချန်း’ လေး ခွင့်မဲ့ပျက်ကွက်ဖြစ်နေတာကို မိဘအိမ် စာပို့ထားတယ်တဲ့။ ဒါပေမယ့် ပြန်စာလည်း မလာ လူလည်းမလာဘူးတဲ့။ ဒီလိုနဲ့ တစ်လလောက် ကြာသွားပါတယ်။ ကျွန်တော်တို့တစ်တန်းလုံး ယူဆ ကြတာက ‘ဟာကိုချန်း’ တို့မိသားစု အိမ်ပြောင်းသွား တာထင်တယ်ပေါ့။

ဒါပေမယ့် တစ်လကျော်တဲ့တစ်ရက်နေ့မှာပဲ ကျောင်းတက်ခါနီးခါမှ ‘ဟာကိုချန်း’ လေး တစ်ယောက် ကျောင်းဝင်းထဲ ဝင်လာတာကို ကျွန်တော်တို့ မြင်လိုက်ကြတယ်။ သူမရဲ့ နီနီရဲရဲ ကျောင်းလွယ်အိတ်လေးကို လွယ်လို့။ သူမဟာ ကျွန်တော်တို့စာသင်ခန်းဆီ ဦးတည်လာနေတာပါ။ လာနေတဲ့ခြေလှမ်းက လေးလေးကွေးကွေး။ သူမ ကို တွေ့တဲ့အတန်းဖော်တွေက ဝမ်းသာအားရ သူမ ကို နှုတ်ဆက်ကြပေမယ့် သူမက မော့တောင် မကြည့်ပါဘူး။ ဒီလိုနဲ့ သူမဟာ ကျွန်တော့်အနား ရောက်လာတယ်။ ကျွန်တော်က “ဟာကိုချန်း- ကျောင်းပြန်တက်ပြီလား” လို့ နှုတ်ဆက်လိုက်တာ ကိုလည်း သူမက မကြားသလိုနဲ့ ကျွန်တော့်ဘေး နားက ဖြတ်သွားတယ်။ ကျွန်တော်က သူမရဲ့ မျက် နှာကို ကြည့်လိုက်တော့ သိသိသာသာကြီး ဖြူဖတ် ဖြူရော်ဖြစ်နေတာ မြင်လိုက်ရတယ်။ နှုတ်ခမ်းနီနီ ပါးနီနီလေးတွေကို မတွေ့ရတော့ဘဲ ဖြူဆွတ်ဆွတ် မျက်နှာဖြစ်နေတယ်။ အရမ်းကို သွေးအားနည်းနေ သလိုပဲ။ မျက်လွှာချထားတဲ့ပုံက ကျန်းမာရေး မကောင်းလို့ စိတ်အားငယ်နေသလိုပဲ။ သူမက အဲဒီ ပုံစံနဲ့ပဲ ကျွန်တော်တို့အတန်းထဲကို ဝင်သွားတယ်။ သူမ ထိုင်နေကျ စာသင်ခုံလေးမှာ သွားထိုင်နေတာ တွေ့ရတယ်။

ကျောင်းသူလေးတစ်ယောက်က ကျွန်တော့်ကို လာပြောတယ်။ “ဟာကိုချန်း ဘာဖြစ်လို့လဲမသိဘူးနော်၊ ငါ တို့ကို စကားတောင်မပြောဘူး” ကျွန်တော်က “နေမကောင်းလို့ဖြစ်မှာပါ၊ သူက အဲဒီလိုမျိုး စိမ်းကားတတ်တာမှမဟုတ်တာ၊ သူ နေ မကောင်းတဲ့အချိန်မို့ စကားမပြောဘဲနေတာ ဒို့က နားလည်ပေးရမှာပေါ့” လို့ အဲဒီကျောင်းသူလေးကို ပြန်ပြောလိုက်ရတယ်။

အဲဒီအချိန်မှာပဲ ကျောင်းတက်တဲ့ ဘဲလ်သံမြည် လာတော့ ကျွန်တော်တို့အားလုံး စာသင်ခန်းထဲ အပြေးအလွှားဝင်ခဲ့ကြတယ်။ အတန်းပိုင်ဆရာမ လည်း ဝင်လာပါပြီ။ ဆရာမကို တစ်တန်းလုံး မတ် တပ်ရပ် နှုတ်ဆက်ပြီး ပြန်ထိုင်ကြတော့မှ ကျွန်တော် လည်း ‘ဟာကိုချန်း’ ရဲ့ထိုင်ခုံဆီ လှမ်းကြည့်လိုက် တော့ အရင်လိုပဲ လွတ်နေတာ တွေ့လိုက်ရတယ်။ ကျွန်တော်လည်း ဟုတ်မှဟုတ်ရဲ့လားဆိုပြီး မျက်လုံး တွေ ပွတ်ကြည့်လိုက်သေးတယ်။ တကယ်ပဲ သူမ ရဲ့ထိုင်ခုံက လွတ်နေပါတယ်။ တခြားကျောင်းသူ ကျောင်းသားတွေလည်း ကျွန်တော့်လိုပဲ သတိထား မိကြပါတယ်။ ကျောင်းသူတစ်ယောက်က မတ်တပ် ထရပ်ပြီး ဆရာမကိုပြောပြလိုက်တယ်။ ကျောင်း တက်ခါနီးအချိန်မှာ ‘ဟာကိုချန်း’ ရောက်လာတဲ့ အကြောင်း၊ အခု ဘယ်ပြန်ထွက်သွားမှန်းမသိတဲ့ အကြောင်း။

ဆရာမက ‘ဟာကိုချန်း’ ထိုင်နေကျ ထိုင်ခုံအလွတ်ကို လှမ်းကြည့်လိုက်ပြီး ဘာမှပြန် မပြောဘဲ စာသင်ဖို့ပြင်ပါတယ်။ ဆရာမအဖို့တော့ ဘာမှပြောစရာမလိုဘူးလေ။ ယုံချင်မှလည်း ယုံမှာ ပေါ့။ တစ်ခါတလေ ကျောင်းသူတွေ ကျောင်းသား တွေဆိုတာ ဆရာဆရာမတွေကို ခပ်တည်တည်နဲ့ နောက်ချင်နောက်နေကြတာကိုး။ ဒီလိုနဲ့ နေ့လယ်စာစားချိန် ကျောင်းလွှတ်ပါ တယ်။ နေ့လယ်စာ စားပြီးတော့ ကျွန်တော်တို့ဟာ ကစားကွင်းထဲ သွားဆော့ကြပါတယ်။ ကစားကွင်း အစပ်မှာ ‘ဟာကိုချန်း’ ရဲ့ လွယ်အိတ်အနီလေး ကျနေတာကို အတန်းသားတစ်ယောက်က ကောက် ရတယ်။ ကျွန်တော်တို့အားလုံး ဒီနေ့မနက်’ ဟာကို ချန်း ‘ရောက်လာပြီး နေမကောင်းလို့ အိမ်ပြန်သွား တယ်လို့ ယူဆလိုက်ကြတယ်။ လွယ်အိတ်ကလေး ကိုလည်း မလွယ်နိုင်တော့လို့ ပစ်ထားခဲ့မှာဖြစ်မှာ လို့ ထင်မြင်ပြောဆိုကြတယ်။ ဒီလိုနဲ့ ကျွန်တော် တို့ဟာ ‘ဟာကိုချန်း’ ရဲ့လွယ်အိတ်အနီလေးကို အတန်းထဲ ပြန်ယူလာပေးခဲ့ကြတယ်။

သူမရဲ့ ထိုင်ခုံ က စားပွဲစောင်းလေးပေါ် တင်ပေးထားလိုက်ကြ တယ်။ သူမ ကျောင်းလာတက်နေ့မှာ ပြန်ယူလို့ ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ။ ဒီလိုနဲ့ ညနေ ကျောင်းဆင်းတော့ ကျွန်တော်တို့အားလုံး ကျောင်း ဆင်းခဲ့ကြတယ်။ နောက်တစ်နေ့ ကျွန်တော်တို့ ကျောင်းလာ တက်ကြတော့ ‘ဟာကိုချန်း’ ရဲ့လွယ်အိတ်အနီလေး ဟာ သူမရဲ့ ခုံပေါ်မှာ ရှိနေတုန်းပါပဲ။ ဒီနေ့ ‘ဟာကို ချန်း’ တစ်ယောက် ကျောင်း တက်ချင်လာတက်မှာလို့ မျှော် လင့်ပြောဆိုနေသူတွေလည်း ရှိတယ်။ အဲဒီတုန်းမှာ ကျောင်းသားတစ်ယောက်က ‘ဟာကိုချန်း’ရဲ့လွယ်အိတ် လေးကို လက်ဆော့ပြီး သွားဖွင့်တယ်။

လွယ်အိတ်ပွင့်လာပြီး အထဲငုံကြည့်လိုက်တဲ့ အချိန်မှာ အဲဒီကျောင်းသားကထိတ်လန့်တကြားအော် ပြီး လွယ်အိတ်ကို လွှတ်ချလိုက်တယ်။ လွယ်အိတ် ထဲကနေလွင့်ထွက်လာတာက ‘ဟာကိုချန်း’ ရဲ့ခေါင်း ပြတ်ကလေး။ သွေးစက်တွေက စာသင်ခန်းကြမ်း ပြင်မှာ စွန်းထင်းကုန်တယ်။ အားလုံးပဲ ထိတ်လန့် တကြား ထအော်ကြတယ်။ ကျောင်းသူလေးတွေက အဆိုးဆုံးပါပဲ။ အဲဒီလို အော်ဟစ်နေကြတဲ့အချိန်မှာ ကျောင်းတက်ဘဲလ်မြည်တယ်။ အတန်းပိုင်ဆရာမ လည်း အတန်းထဲ ဝင်လာတယ်။ ဆရာမက “ဘာ ဖြစ်လို့ အော်ဟစ်ဆူညံနေကြတာလဲ” လို့မေးတော့ ကျောင်းသားတွေက တစ်ယောက်တစ်ပေါက်နဲ့ ဖြစ် ကြောင်းကုန်စင်ကို ပြောပြကြတယ်။ ဆရာမက တအံ့တသြမျက်နှာနဲ့ “ဘာမှလဲ မတွေ့ပါလား” လို့ ပြောတယ်။

ဟုတ်ပါရဲ့။ ဆရာမလည်း အဲဒီလိုပြောလိုက် ရော၊ ခုန ကျွန်တော်တို့တွေ့ခဲ့တဲ့ ‘ဟာကိုချန်း’ ရဲ့ ခေါင်းပြတ်ကလေးလည်း ဘယ်ရောက်သွားမှန်းမသိ တော့ပါဘူး။ စာသင်ခန်းကြမ်းပြင်ပေါ် စွန်းထင်းသွား ခဲ့တဲ့သွေးစက်တွေ၊ သွေးကွက်တွေလည်း မရှိတော့ ပါဘူး။ ကျွန်တော်အပါအဝင် အတန်းထဲက ကျောင်း သူကျောင်းသားကလေးတွေ အကုန် အံ့သြကုန်ကြ တယ်။ ဆရာမကတော့ ကျွန်တော်တို့နောက်ပြောင် တယ်လို့ထင်တယ်။ ဒါပေမယ့် ကျောင်းသူလေးတွေ အားလုံးက ဝိုင်းပြီး အာမခံကြလို့ ယုံသွားတယ်။ ခေါင်းပြတ်နဲ့ သွေးစက်တွေမတွေ့ရတော့ပေမယ့် လွယ်အိတ်အနီလေးကတော့ ရှိနေတုန်းပါ။ ဆရာမ က အဲဒီလွယ်အိတ်အနီလေးကို ကောက်ယူပြီး ဖွင့် ကြည့်တော့ အထဲမှာ စာအုပ်နဲ့စာရေးကိရိယာလေး တွေပဲပါတယ်။ ဆရာမက လွယ်အိတ်အနီလေးကို ‘ဟာကိုချန်း’ ရဲ့ စားပွဲစောင်းလေးမှာ ပြန်တင်ပေး ပြီး “ဆရာမ ဒီကိစ္စကို ကျောင်းအုပ်ကြီးနဲ့ တိုင်ပင် ပြီး စုံစမ်းပေးပါ့မယ်” လို့အာမခံတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ကို စာဆက်သင်ပေးတယ်။ တကယ် တော့ စာသာဆက်သင်နေရတာ အားလုံးက ခုန မြင်တွေ့လိုက်ရတဲ့မြင်ကွင်းကို သတိရနေကြတာမို့ စာထဲ သိပ်စိတ်မဝင်စားကြတော့ပါဘူး။ နေ့လယ်စာစားဖို့ အားလပ်ချိန်ပေးတဲ့အချိန်မှာ ကျွန်တော်တို့ဟာ နေ့လယ်စာစားရင်းလည်း အဲဒီ ခေါင်းပြတ်လေးနဲ့ သွေးတွေအကြောင်းပဲ ပြောဆို ဝေဖန် သုံးသပ်နေခဲ့ကြတယ်။ ‘ဟာကိုချန်း’ သေ သွားလို့ သရဲလာချောက်တာလို့ ပြောသူရှိသလို ‘ဟာကိုချန်း’ က သေခါနီး ဝိညာဉ်လွင့်ပြီး လာ ချောက်တာလို့ ပြောတဲ့သူကလည်းပြောတယ်။ ဘာပဲဖြစ်ဖြစ် ‘ဟာကိုချန်း’ တစ်ယောက်တော့ မသေ ရင်တောင် အသက်ဘေးနဲ့ ကြုံတွေ့နေရပြီလို့ ထင် မြင်ကြတယ်။ ကျွန်တော်တို့တစ်တွေ အဲဒီလို ပြောဆို ဝေဖန်နေကြတဲ့အချိန်မှာပဲ အတန်းပိုင်ဆရာမနဲ့ ကျောင်းအုပ်ကြီး တိုင်ပင်ပြီး ‘ဟာကိုချန်း’လေးရဲ့ ကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ ရဲတပ်ဖွဲ့ကို တိုင်လိုက် တယ်လို့ ပြောတယ်။ တစ်ပတ်လောက်ကြာတော့ ရဲတပ်ဖွဲ့ဆီကနေ အဖြေထွက်လာပါတယ်။ အဲဒီ အဖြေကို အတန်းပိုင်ဆရာမက ကျွန်တော်တို့ကို ရှင်းပြပါတယ်။

‘ဟာကိုချန်း’ လေးဟာ တကယ်ပဲ ခေါင်းဖြတ် အသတ်ခံလိုက်ရတာပါ။ သတ်တဲ့သူကတော့ သူမရဲ့ ပထွေးဖြစ်သူပါပဲ။ ‘ဟာကိုချန်း’ လေးဟာ တစ်နှစ် သမီးအရွယ်လောက်ကတည်းက ဖခင်ရင်း ကွယ်လွန် သွားလို့ မိခင်မုဆိုးမနဲ့အတူ နေခဲ့ရတယ်လို့ဆိုပါ တယ်။ ‘ဟာကိုချန်း’ လေး ကျောင်းနေတဲ့အရွယ် ရောက်တော့ မိခင်က နောက်အိမ်ထောင်ပြုတယ်။ မိခင်ရဲ့ နောက်အိမ်ထောင်၊ သူမရဲ့ပထွေးဟာ ‘ဟာ ကိုချန်း’ လေးကို နည်းနည်းမှ သဘောမကျဘူးလို့ သိရတယ်။ ‘ဟာကိုချန်း’ လေးက အေးတော့ အဲဒီ လို အေးစက်စက်နိုင်တာကို ပထွေးဖြစ်သူက ထုံ ထိုင်းနုံအတယ်လို့ ထင်မြင်ပြီး အမြဲတစေ ဆူပူ ကြိမ်း မောင်းလေ့ရှိတယ်တဲ့။ တစ်နေ့မှာ ပထွေးဖြစ်သူက ခိုင်းတဲ့အလုပ်ကို ‘ဟာကိုချန်း’ လေးက တုံ့နှေး တုံ့နှေးလုပ်နေလို့ဆိုပြီး ဒေါသဖြစ်ဖြစ်နဲ့ ရိုက်လိုက် တာ လက်လွန်ပြီး သေဆုံးသွားတော့တယ်။ သေဆုံး သွားတဲ့အလောင်းကို ဖျောက်ဖျက်ဖို့အတွက် ခေါင်း ဖြတ်ပြီး ခေါင်းကိုတစ်နေရာမြှုပ်၊ ကိုယ်ကို တစ်နေ ရာမှာမြှုပ်ထားလိုက်တယ်။ ‘ဟာကိုချန်း’ လေးရဲ့ မိခင်က သူ့နောက်ယောကျာ်းကို ကြောက်ရတော့ ဘာမှမပြောရဲဘူး။ ရဲကိုလည်း မတိုင်ရဲဘူး။ ရဲတပ် ဖွဲ့ သွားစစ်တဲ့အခါမှာလည်း လှည့်ပတ်ပြောဆိုနေ သေးတယ်လို့ သိရတယ်။ နောက်ဆုံး ရဲတပ်ဖွဲ့က သူတို့နှစ်ယောက်ကို လူခွဲထားပြီး စစ်မေးတဲ့အခါ ကျမှ အဖြစ်မှန်တွေ ပေါ်သွားခဲ့တယ်။ ‘ဟာကိုချန်း’ လေးရဲ့ပထွေးကို လူသတ်မှု၊ မိခင်ကိုတော့ လူသတ် မှုကို ထိန်ချန်ထားမှုတွေနဲ့ စွဲချက်တင်ထားလိုက်ပြီ လို့ သိရတယ်။ ဒီလို ဖြစ်ပုံပျက်ပုံအလုံးစုံကို ကြား သိလိုက်ရတဲ့အခါ ကျွန်တော်တို့တစ်တန်းလုံးပဲ ‘ဟာ ကိုချန်း’ လေးအတွက် ယူကြုံးမရ ဖြစ်ခဲ့ကြရတယ်။ တကယ်တော့ သေသွားတဲ့ ‘ဟာကိုချန်း’ လေး သာ သရဲတစ္ဆေဘဝနဲ့ ကျွန်တော်တို့ကို လာမခြောက် ခဲ့ရင် ဒီအမှုဟာလည်း ပေါ်စရာအကြောင်းမရှိတော့ ပါဘူး။ အခုတော့ ‘ဟာကိုချန်း’ လေးဟာ တမလွန် ကနေပြီး အစီအစဉ်တကျ ကျွန်တော်တို့အတန်းဖော် တွေကို မြင်အောင်ပြခဲ့တယ်။ သူကိုယ်တိုင် ကျောင်း တက်လာသလိုလုပ်ပြတယ်။ လွယ်အိတ်အနီလေးကို ကျောင်းထဲရောက်အောင် ပို့ပေးပြီး အထဲကနေ ခေါင်းပြတ်ကလေး ထွက်လာအောင် လုပ်ပြခြောက် ပြခဲ့တယ်။ ဒီလိုနဲ့ ဆရာဆရာမတွေ စိတ်ဝင်စားသွား ပြီး ရဲတိုင်တဲ့အဆင့်ရောက်သွားခဲ့လို့သာ အမှုပေါ် သွားခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့တစ်ကျောင်းလုံးပဲ သနားစရာ ကောင်းတဲ့ ‘ဟာကိုချန်း’ လေးအတွက် ဖယောင်း တိုင်ထွန်းပြီး ဆုတောင်းပေးခဲ့ကြတယ်။ တစ်လတိတိ သူမရဲ့ထိုင်ခုံစားပွဲစောင်းလေးပေါ်မှာ သူမရဲ့အိတ် အနီလေးနဲ့အတူ ပန်းစည်းကလေးတွေ တင်ပေးခဲ့ ကြတယ်။ တစ်လပြည့်သွားတဲ့အခါမှာတော့ သူမ ရဲ့လွယ်အိတ်အနီလေးကို မြစ်ထဲသွားမျှောပေးလိုက် ကြတယ်။ မဟုတ်ရင် ဒီအိတ်အနီလေးကို စွဲပြီး မကျွတ်မလွတ်ဖြစ်နေမှာစိုးရတယ်လို့ အတန်းပိုင် ဆရာမက ပြောပြတယ်။ ကျွန်တော်အခု အသက် ၂၀ အရွယ်ရှိပါပြီ။ ဒါပေမယ့် အသက် ၈ နှစ်သားက ကြုံတွေ့ခဲ့ရတဲ့ ‘ဟာကိုချန်း’ ရဲ့ဖြစ်ရပ်လေးကိုတော့ ခုထက်ထိမေ့ ပျောက်လို့မရသေးပါဘူး။

#နော်ခမ်း
Credit : Nay Win