လက်ရှိ မင်းသမီး တွေထဲမှာ ဟော့ဖြစ်နေတဲ့ မင်းသမီး တစ်ဦးက ရွှေမူံရတီ ပါ။ ရေကူးဝတ်စုံ နဲ့ ဓာတ်ပုံ တွေဟာလည်း အွန်လိုင်း မှာ ရေပန်းစားသလို အဲ့ဒီပုံတွေ နဲ့ troll လုပ်ထားကြတာတွေ လည်း ရှိပါတယ် ။ ရွှေမူံရတီ က အဲ့ဒါ နဲ့ ပတ်သတ်ပြီး တော့ သူမ ရဲ့ ခံစား ချက်ကို  အခုလိုပြောပြခဲ့ပါတယ် ။

“Troll ထားကြတဲ့ ပုံတွေကို ရွှေမူံ လည်း တွေ့ရပါတယ် ကိုယ်တောင် ရယ်မိသေးတယ်။ အကယ်ဒမီပေးပွဲ တုန်း ကလည်း သူတို့တွေ troll ကြတယ် အဲ့ဒီပုံတွေတုန်းကလည်း ရယ်ခဲ့ရတယ် သဘောကျပါတယ် ရယ်လည်း ရယ်ရ တယ် ” လို့ပြောပါတယ်။ ရေကူးဝတ်စုံ နဲ့ ပုံတွေ ခဏခဏရိုက်ပြီး တင်တာနဲ့ ပတ်သတ်ပြီးတော့ ဝေဖန်မူ ကိုလည်း ” အမှန်တိုင်းပြောရရင် ရွှေမူံ က ဝေဖန်မူတွေကို သိပ်ပြီး ဂရုစိုက်တက်တဲ့ သူတော့မဟုတ်ပါဘူး။ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်တယ်။ တခြားသူကို မထိခိုက်ရင် ပြီးရောပေါ့နော်။ ရေကူးဝတ်စုံ နဲ့ ပုံတင် တာလည်း တကူးတကကြီး သွားရိုတ်တာလည်း မဟုတ်ဘူး ခရီးသွားတယ် Beach ရောက်တော့ ဘီကီနီ ရေကူးဝတ်စုံ ဝတ်ပြီး ရိုတ်တယ်။ ဒါက မဆန်းဘူးလို့တော့ ထင်ပါတယ်။

ရွှေမူံ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မူ ရှိလို့ ပုံ တွေတင်ဖြစ်တာပါ။ တင်ထားတဲ့ ပုံ တိုင်းမှာ လည်း feeling က confident ဆိုပြီးရေးထားတယ်လေ ” လို့ပြောပါတယ်။ လက်ရှိ ရုံတင်နေတဲ့ ဝိညာဉ်ကကြိုး ဇာတ်ကား နဲ့ ပတ်သတ်ပြီးတော့ ” အဲ့ဒိဇာတ်ကားမှာက ဗီလိန် ပုံစံမျိုး သရုပ်ဆောင်ရတယ် ရှေ့က ချိုမြိန်သော လက်စားချေခြင်းက ဗီလိန် အစစ်တော့ မဟုတ်ဘူး ဒီကားက ကျတော့ တကယ့် ဗီလိန် ပေါ့ ကားရိုတ်နဲ့ ပတ်သတ်လို့ကတော့ ဘယ်လိုကာရိုတ်တာပဲ ဖြစ် ဖြစ် ဘယ်လိုဇာတ်ရုပ်မျိုးပဲ ဖြစ်ဖြစ် ကြိုက်လို့ လက်ခံထားရင် အကောင်းဆုံးကြိုးစားရိုက်ကူးပါတယ် ” လို့ပြောပါတယ်။

Credit : Baby ThanOo (Myanmar Celebrities )