တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ အမြင်အာရုံချို့ယွင်းသူ ၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။
၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ကြည့်မြင်တိုင်မြို့နယ်ရှိ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ အမြင်အာရုံချို့ယွင်းသူ ကျောင်းသား၊ ကျောင်းသူ ၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၅ ဦး ဦး အောင်မြင်ခဲ့ပြီး ၂ ဘာသာနဲ့ တစ်ဘာသာ ဂုဏ်ထူးရှင်များလည်း ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“ကျောင်းသားက ၅ဦးနဲ့ကျောင်းသူ ၃ဦးတို့ ဖြေဆိုတာပါ။ကျွန်မဆီကို ဆရာမတွေဖုန်းဆက်တော့ ကျောင်းသားလေးဦးနဲ့ ကျောင်းသူတစ်ဦး အောင်တယ်လို့ သိရတယ်။ ဂုဏ်ထူးတွေနဲ့လဲ အောင်ကြပါတယ်။ အရမ်းအားရကျေနပ်တယ်။”ဟုကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုမာက Popular News ကို ပြောကြားခဲ့ကြောင်း သိရပါတယ်။
ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့တဲ့ အမြင်အာရုံချို့တဲ့သူ ကျောင်းသား၊ ကျောင်းသူ ၅ဦးအနက် ၂ ဘာသာဂုဏ်ထူးရှင် ကျောင်းသား ၁ ဦးက သမိုင်း၊ ဘောဂဗေဒ ဘာသာရပ်တို့တွင် ဂုဏ်ထူးထွက်ခဲ့တာ ဖြစ်ပါတယ်။ အခြား ၂ ဦးမှာ တစ်ဘာသာဂုဏ်ထူး အသီးသီးထွက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ်က ကြည့်မြင့်တိုင်မျက်မမြင်ကျောင်းမှ ဖြေဆိုခဲ့တဲ့ ၃ ဘာသာဂုဏ်ထူးရသူ ၁ ဦး ထွက်ပေါ်ခဲ့ဖူးပါတယ်။
Credit- Duwun
Source & Pohoto: သီဟ/Popular News Journal