‘Coffin Home’ (အခေါင်းအိမ်)များမှာ နေထိုင်ကြတဲ့ ဟောင်ကောင်ဆင်းရဲသားမိသားစုများရဲ့ ဘ၀လူနေမှုအဆင့် အတန်းကို ဟောင်ကောင်လူမှုဖူလှုံရေးအဖွဲ့အစည်းတစ်ခုက ဖော်ထုတ်ခဲ့ပါတယ်။

ဟောင်ကောင်နိုင်ငံမှာ ချမ်းသာသူများနဲ့ ဆင်းရဲသားတို့အကြား အဆင့်အတန်းမှာ အရမ်းကွာခြားလွန်းလှပြီး ပြည် သူ(၂)သိန်းကျော်လောက်ဟာ အလွန်ကျဉ်းကျပ်လွန်းတဲ့ အခေါင်းအိမ်လေးထဲမှာ နေထိုင်နေကြပါတယ်။

ဆင်းရဲသားပြည်သူတွေဟာ တိုက်ခန်းတွေကို အဆင့်ဆင့်ပိုင်းခြားပြီး နေထိုင်ကြတာဖြစ်ပါတယ်။ တစ်မိသားစုနေထိုင် တဲ့အခန်းမှာ 15စတုရန်းပေပတ်လည် တိုက်ခန်းတွေဖြစ်ကြပါတယ်။

အိမ်သာနဲ့ ရေချိုးခန်းက (၁)ပေ၊ (၂)ပေလောက်ပဲ ကွာခြားကြပြီး စားလည်း ဒီနေရာ၊ သွားလည်းဒီနေရာမှာ နေနေကြ တာပါ။ နောက်ပြီး အသုံးဆောင်ပစ္စည်းတွေကို အဆင့်ထပ်ထားရတာကြောင့်လမ်းလျှောက်ဖို့ပင် နေရာတွေမရှိကြပါဘူး။

ဒီလို ဟောင်ကောင်အောက်ခြေလူတန်းစားတွေရဲ့လူနေမှုကို ကုလသမဂ္ဂက ဝေဖန်ထားပြီး ဒါဟာ လူသားအရင်းအမြစ် ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ပြောခဲ့ပါတယ်။
အဲဒီ Coffin Homeအခန်းလေးထဲမှာ နေထိုင်တဲ့သူတစ်ဦးဖြစ်တဲ့ တိုနီက ”ဒီနေရာမှာ နေထိုင်ရတဲ့ အခက်အခဲဆုံး အရာက အသက်ရှုတာမ၀တာပါပဲ။ အရမ်းကိုပဲ မွန်းကြပ်ပြီး လတ်ဆက်တဲ့လေလည်း မရပါဘူး”South China Morning Postကို ပြောခဲ့ပါတယ်။

Credit: M2T(Shwemom)

Source; Daily Mail