ချန်ပီယံလိဂ်
ချန်ပီယံလိဂ် ဖလားရပြီးတဲ့နောက်တစ်ရက်မှာပဲ ရော်နယ်ဒိုက တစ်ခါမှ မမြင်ဖူးတဲ့ ဆံပင်ပုံစံအသစ်ညှပ်ပြီး အောင်ပွဲခံလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အတူ ဂျူဗင်တပ်အသင်းကို အနိုင်ရပြီးတဲ့နောက်မှာ ရော်နယ်ဒိုက နှစ်နှစ်ဆက်တိုက် ဥရောပချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘောလုံးသမား ပြင်ပဘဝမှာ ဖက်ရှင်အလန်းစားတွေကို ဦးစားပေးတဲ့ ရော်နယ်ဒိုဟာ အဝတ်အစားနဲ့ ဆံပင်ပုံဆံကို အမြဲတမ်း ဂရုတစိုက် ပြောင်းလဲခဲ့သူဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်တွေ ရော်နယ်ဒိုထံမှာ တစ်ခါမှ မမြင်ဖူးတဲ့ ဆံပင်ပုံစံ ညှပ်လိုက်တာဖြစ်ပါတယ်။
ကစားသမား ဘဝ သွင်းဂိုး ၆၀၀ ပြည့်သွားပြီဖြစ်တဲ့ ရော်နယ်ဒိုက ဆံပင်အရှည်တွေကို ညှပ်လိုက်တာဖြစ်ပြီး သူ့ရဲ့ဦးခေါင်းမှာ ဆံပင်တိုတိုလေးသာ ကျန်ပါတော့တယ်။ ခေါင်းတုံးရိတ်ပြီး ပြန်ထွက်လာတဲ့ဆံပင်ပုံစံမျိုး ညှပ်လိုက်တာဖြစ်ပြီး ရော်နယ်ဒိုရဲ့ ကစားသမားဘဝတစ်လျှောက် ဒီလိုပုံစံ ဆံပင်ညှပ်တာ တစ်ခါမှ ပရိသတ်တွေ မမြင်ခဲ့ရဖူးပါဘူး။
ဒီဆံပင်ပုံစံအသစ်ကို ရော်နယ်ဒိုက လူမှုကွန်ယက်မှာတင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေက ဝေဖန်မှု အမျိုးမျိုးပေးခဲ့ကြပါတယ်။ မော်ရင်ဟိုနဲ့ တူတယ်လို့ မှတ်ချက်ပေးသူတွေရှိသလို Uber အငှားယာဉ်မောင်း ပုံစံနဲ့လည်း တူသွားတယ်လို့ ဝေဖန်သူတွေရှိပါတယ်။ ဒီဆံပင်ပုံစံကြောင့် ရော်နယ်ဒိုဟာ အသက် ၄၅ နှစ်လောက် ထင်သွားရကြောင်း မှတ်ချက်ပေးသူတွေလည်း ရှိပါတယ်။
Credit : Duwun