သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်စဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

သာသနာရေးနှင့် ယဉ် ကျေးမှုပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုအား ကန့်ကွက်ရှုတ် ချပွဲကို ရန်ကုန်နှင့်မန္တလေးတို့၌ သံဃာတော်အချို့နှင့် အမျိုးသားရေးလှုပ်ရှားသူများက ဇွန်လ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည်။

အမျိုးသားရေး လှုပ်ရှားသူ များက ရန်ကုန်မြို့တွင် မြို့တော် ခန်းမရှေ့ကို ရွေးချယ်ဆန္ဒပြခဲ့ပြီး မန္တလေးမြို့၌ မနော်ရမ္မံလူထုဟစ်တိုင်တွင် ကျင်းပခဲ့သည်။ ထို့ ကြောင့် ဒီချုပ်အစိုးရသစ်လက်ထက် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး သုံးမြို့စလုံး၌ ပထမဆုံး ဆန္ဒပြကန့်ကွက်ခံရသော ပြည် ထောင်စုဝန်ကြီးဖြစ်လာသည်။

 

မန္တလေးမြို့တွင် ပြုလုပ်သော ဝန်ကြီးသူရဦးအောင်ကိုအား ရှုတ်ချပွဲ၌ သီလရှင် ဆရာကြီး၊ ဆရာလေးများလည်း ပါဝင်ခဲ့သည်။ (ဓာတ်ပုံ − ထက်သာဦး)
မြို့ကြီးနှစ်မြို့စလုံးတွင် ဆန္ဒပြသူများသည် တစ်ဖွဲ့တည်း ဖြစ်ပြီး အစိုးရကို တောင်းဆိုချက် များ၊ ၀န်ကြီးအား ကန့်ကွက်ရှုတ် ချသော ဗီနိုင်းများ၊ ကြွေးကြော်သံ များလည်း တူညီခဲ့သည်။

‘‘ကျွန်တော်တို့အဖွဲ့တွေပါ ပဲ’’ဟု ရန်ကုန်မြို့တွင် သာသနာ ရေးဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချပွဲ ဦးဆောင်သူ ဦးတင့်လွင်ကပြောသည်။

အချက်ခြောက်ချက်ဆောင် ရွက်ပေးရန် အစိုးရထံ တောင်းဆို ခဲ့ပြီး တစ်ပတ်စောင့်ကြည့်၍ အ လေးမထားပါက မြို့တော်ခန်းမ ရှေ့တွင် သပိတ်စခန်းဖွင့်ပြီး အ ရှိန်မြှင့်မည်ဟု ကြေညာချက်ထုတ်ပြန်သည်။

သာသနာရေးဝန်ကြီး၏ လုပ်ဆောင်ချက်များနှင့် ရပ်တည် ချက်များသည် အစ္စလာမ်ဘာသာ ၀င်များဘက်မှ ဖြေလျှော့စဉ်းစား ဆုံးဖြတ်နေမှုများကြောင့် ဗုဒ္ဓဘာ သာနှင့် သာသနာ၏ အနာဂတ် သည် ပိုမိုရှုပ်ထွေးမှုနှင့် သွေးကွဲ မှုများဆီသို့ ဦးတည်နေသဖြင့် ၀န် ကြီး ဦးအောင်ကိုအား ရာထူးမှ ဖယ်ရှားပေးရန် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရ လွှတ်တော် ခေါင်းဆောင်များ သည် အမျိုးသားရေးသမားများ၏ ဆန္ဒ၊ ခံစားချက်နှင့် ပေါက်ဖွား လာသည့် တောင်းဆိုမှုများအပေါ် အလေးထား ထည့်သွင်းစဉ်းစား ရန်နှင့် ရိုဟင်ဂျာမရှိကြောင်း ဆန္ဒ ပြခဲ့သည့် ဦးဝင်းကိုကိုလတ် အပါ အ၀င် အမျိုးသားရေးလှုပ်ရှားသူ လေးဦးကို အာမခံမပေးဘဲ ထောင်သွင်း အကျဉ်းချမှုသည် အာဏာအလွဲသုံးမှုဥပဒေ နည်း လမ်းမကျမှုတို့အား အထင်းသား တွေ့မြင်ရသည်ဟု ကြေညာချက် တွင် ဖော်ပြထားသည်။

ထို့အပြင် ဆရာတော် ဦးဝီရသူကို တရားဟောခွင့်အမြန်ဆုံး ပြန်လည်ခွင့်ပြုပေးရန်၊ မင်္ဂလာ တောင်ညွန့်မြို့နယ် ဖြစ်စဉ်တွင် စွပ်စွဲချက်များဖြင့် မတရားဖမ်းဆီး ခြင်းနှင့် အရေးယူရန် အမိန့်စေ ခိုင်းနေမှုကို အမြန်ဆုံး ရုပ်သိမ်း ပေးရန်နှင့် ဇွန်လ ၂၀ ရက်က ရခိုင်ပြည်နယ် မောင်တောဒေသ မေယုတောင်ကြော၌ ဘင်္ဂါလီ များက အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေမှုများကို တားဆီး မှု၊ စုံစမ်းစစ်ဆေးမှုနှင့် ဖမ်းဆီးအ ရေးယူမှုများ ပြုလုပ်ပေးရန် စ သည့်အချက်များကို တောင်းဆို ခြင်းဖြစ်သည်။

ယင်းတောင်းဆိုချက် ခြောက်ချက်ကို ခုနစ်ရက်အတွင်း အလေးထား ဆောင်ရွက်ခြင်းမရှိပါက သပိတ်စခန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ထပ်မံဖော်ပြထားသည်။

အလားတူ မန္တလေးမြို့တွင် လည်း သူရဦးအောင်ကို ကန့်ကွက်ရှုတ်ချပွဲသို့ ရဟန်းသံဃာများ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ စုစုပေါင်းအင်အား ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

သာယဉ်ဝန်ကြီးရာထူးမှ နုတ်ထွက်ပေးရေး၊ ၀ိနိစ္ဆယရေးရာ စွက်ဖက်သည့် ၀န်ကြီး အလိုမရှိ စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ပြီး ဗုဒ္ဓဘာသာအားစော်ကားသည့် မီဒီယာအားပေးဝန်ကြီး အလိုမရှိ၊ သံဃာတော်များကို နှိပ်ကွပ်သည့် ၀န်ကြီး အလိုမရှိ စသည့် စာသားများ ပါဝင်သည့် ဗီနိုင်းများ ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့သည်။

ကန့်ကွက်ရှုတ်ချပွဲ ဖြစ် မြောက်ရေး ဦးဆောင်ပါဝင်သည့် တောင်သာလေးဆရာတော် ဦး အဂ္ဂဓဇက ‘‘သာယဉ်ဝန်ကြီးက သာသနာကို စည်ပင်ပြန့်ပွား အောင်မလုပ်တဲ့အပြင် သာသနာ ကို ထိပါးအောင်လုပ်တယ်။ တ ခြားဘာသာတွေကို ဦးစားပေး လာတယ်။ မဆိုင်တဲ့ တရားရေး မဏ္ဍိုင်ကို ၀င်ရောက်စွက်ဖက် တယ်။ ပြည်သူ့အသံကိုနားထောင် ပြီး သာ/ယဉ်ဝန်ကြီးကို ဖြုတ်ချ ပေးဖို့ တောင်းဆိုတာကို အစိုးရ က နားမထောင်လို့ ထပ်လုပ်ရတာ ဖြစ်တယ်။ ဆက်လုပ်ဖို့လည်း အ များကြီးရှိပါသေးတယ်’’ဟု မိန့် ကြားသည်။

နေပြည်တော်တွင် ဆန္ဒပြခဲ့ သည့်ကိစ္စနှင့်ပတ်သက်၍ တရား ရုံး၌ လိုက်ပါထွက်ဆိုပေးမည့် သက်သေ ၁၀ ဦးခန့်ရရှိပါက လိုအပ်လျှင် တရားစွဲဆိုမည်ဟု သူရဦးအောင်ကိုက 7Day Daily သတင်းစာအား ဇွန်လ ၁၂ ရက်က ပြောကြားထားသည်။

မေလ ၂၀ ရက်က နေပြည် တော် ဆန္ဒထုတ်ဖော်ပွဲသို့ တက် ရောက်သူများထဲမှ ထောက်ပံ့ ကြေးမရရှိသူများ၊ နေရပ်ပြန်ရန် ငွေကြေးအခက်အခဲရှိသူများ အ နေဖြင့် နစ်နာမှုများကို အသိပေး လိုပါက ၀န်ကြီးဌာနသို့ အ ကြောင်းကြားနိုင်ကြောင်း သာသ နာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က မေလ ၂၂ ရက်တွင် ထုတ်ပြန် ထားပြီး လက်ရှိအချိန်ထိ တိုင် ကြားမှု ၁၅၀ ကျော်ရှိသည်ဟု ၀န် ကြီးက ပြောသည်။ နေပြည်တော် ဆန္ဒထုတ်ဖော်ပွဲ လိုက်ပါခဲ့သည့် နစ်နာသူများက လူကိုယ်တိုင် လည်းကောင်း၊ ဖုန်းဖြင့်လည်း ကောင်း တိုင်ကြားနေပြီး အများစု သည် ပဲခူးမြို့နှင့် မှော်ဘီမြို့မှဖြစ် ကြောင်း ၎င်းကပြောသည်။

 

Credit: 7Day Daily