businesss plan

စီးပွားရေး တစ်ခု စလုပ်တယ်ဆိုတာ အရင်းအနှီး များပါတယ်။ ဘယ်နေရာမှာ ဘာဆိုင်ဖွင့်ရမယ်၊ ဘယ်လိုအရောင်းမြှင့်တင်ရမယ် စတာတွေအပြင် ကိုယ့်မှာ ပြင်ဆင်စရာတွေ သိပ်များပါတယ်။ ခုမှ စီးပွားရေး စလုပ်ချင်တဲ့ လူတွေအတွက် ငွေ အရင်းအနှီး နည်းနည်းနဲ့ စလို့ ရမယ့် စီးပွားရေး (၆)ခုကို မျှဝေပေးလိုက်ပါတယ်။

လက်မှုပညာ
အိမ်မှာ ယူပြီးတော့ အက်ျီစီးကွင့်ထိုးတာ၊ ဖိနပ်သဲကြိုးချုပ်တာ၊ စတဲ့ လက်မှုပညာ တွေက ငွေအရင်းအနှီးနည်းနည်းနဲ့ စလို့ ရပါတယ်။

အိမ်တွင်း စီးပွားရေး
အိမ်မှာ လုပ်တဲ့ ငါးမုန့်ကြော်၊ အာလူးကြော်၊ စတဲ့ အစားအစာတွေကို ထုပ်ပိုးပြီး စီးပွားဖြစ်ရောင်းတာ၊ ထမင်း၊ဟင်းချက်ပြီး ရောင်းတာ စတာတွေလည်း အရင်းအနှီး သိပ်မလိုပါဘူး။

ဆားဗစ်လုပ်ငန်း
တကယ်လို့ ကိုယ့်မှာ တစ်ခုခု တတ်ကျွမ်းတဲ့ အတတ်ပညာ ရှိတယ်ဆိုလည်း အဲ့ဒါနဲ့ ဆားဗစ် ပေးတဲ့ လုပ်ငန်းမျိုး လုပ်နိုင်ပါသေးတယ်။ ဥပမာ- ကိုယ်က လျှပ်စစ်ပိုင်းဆိုင်ရာတွေ နားလည်တယ်ဆိုလည်း မီးလိုက်ရိုက်တာ၊ အဲကွန်းတို့ တီဗွီတို့ ပြင်ပေးတာ စတဲ့ ဆားဗစ်လုပ်ငန်းတွေ လုပ်လို့ ရပါတယ်။

ဖောက်သည် ယူပြီးပြန်ရောင်းတာ
တစ်ချို့ ဖောက်သည် ပေးတဲ့ စီးပွားရေး လုပ်ငန်းရှင် တွေဆီကနေ ဖောက်သည် ပြန်ယူပြီး တစ်နိုင်တစ်ပိုင် ရောင်းတာမျိုးလည်း လုပ်နိုင်ပါသေးတယ်။ အမြတ်နည်းပေမယ့် အရင်းအနှီး သိပ်မလိုပဲ စလုပ်လို့ ရပါတယ်။

နောက်ထပ် ငွေအရင်းအနှီး နည်းနည်းနဲ့ စလုပ်လို့ ရတဲ့ စီးပွားရး လုပ်ငန်း တွေ ရှိရင် ကော်မန့်မှာ အကြံပေးဆွေးနွေးလို့ ရပါတယ် ခင်ဗျာ…

 

Credit : E-ဘောင်ချာ