Had been faced with the worst

ကောင်းတာတွေ ဘယ်လောက်ပဲလုပ်ခဲ့လုပ်ခဲ့ မဖြစ်စလောက် အမှားလေးတစ်ခုရှိလာတဲ့အခါ လူတွေက ဝိုင်းကဲ့ရဲ့ဝေဖန်ကြမှာ အမှန်ပါပဲ။ဒါပေမယ့် မှားခဲ့မိတဲ့အမှားလေးအတွက် တစ်သက်လုံး ဝမ်းနည်းပြီး နောင်တရစေဖို့ မလိုအပ်တာတော့ အမှန်ပဲ။

အကူအညီတွေ ဘယ်လောက်ပဲ သူတစ်ပါးအပေါ် ပေးခဲ့ ပေးခဲ့ မပေးနိုင်တဲ့ အကူအညီတစ်ခုရှိလာတဲ့အခါ လူတွေက ဝိုင်းပြစ်တင် ဝေဖန်ကြမှာ ထုံးစံပါပဲ။
ဒါပေမယ့် ကိုယ် တက်နိုင်တဲ့ အကူအညီလေးတွေ ပေးဖို့တော့ လိုအပ်တာ အမှန်ပါပဲ။

နှစ်ပေါင်းများစွာ အောင်မြင်အောင် ဘယ်လောက်ပဲ ကြိုးစားခဲ့ ကြိုးစားခဲ့ နာရီပိုင်းအတွင်းမှာ ပြိုလဲလို့ သွားနိုင်တာ အမှန်ပါပဲ။ ဘာတွေဘယ်လောက်ပဲ ဖြစ်ဖြစ် ကြိုးစားမှုကို နောက်မဆုတ်လိုက်ဖို့တော့ လိုအပ်ပါတယ်။

Credit- ရှမ်းပုတ်(မိုမိုလေး)