ဒီနေ့ ဖောင်တော်ဦး မှာ နေ့လည်စာ စားခဲ့ပါတယ် .. ခိုင်သဇင် ဆိုတဲ့ဆိုင်မှာပါ .. Serve girl တယောက် လှေဆိပ် မှာ ကျွန်မ တို့ အဖွဲ့ကို ခိုင်သဇင်ခေါ်သွားပါတယ် ။

ကျွန်မ တို့အဖွဲ လူပေါင်း ၁၄ ယောက်ပါ ။ ၁၂ယောက် က ငါးထမင်းနယ် မှာစားပါတယ်။ စားကြည့်တော့ ထမင်း မနပ်ပါဘူး.. ဒါကို သူတို့လဲသိပါတယ် သိသိနဲ့ ထမင်းနယ်လာချပေးပါတယ်။ ဆက်ဆံရေးညံ့ပါတယ်။ ထမင်းမနပ်ဘူးပြောတော့ မသိသလိုဘဲနေပါတယ်။

ခဏကြာမှ ထမင်းနပ်ပြီ ငါးထမင်းပြန်နယ်ပေးရမလားလို့ လာပြောပါတယ်။ ပြီးတော့ ထိုဖူးကြော်ကလည်း ချဉ်နေပါပြီ ( ထိုဖူးအရသာပျက်)။ ငါးပေါင်းကလည်း အရသာလုံးဝမရှိပါဘူး လုံးဝ လတ်ဆတ်မူမရှိပါ။ အပြင်ဈေးတန်း ၁၀၀၀ ကျပ်တန် ငါးကြော်လေးတောင်ပိုပြီး စားကောင်းပါသေးတယ် ။ ရေကြက်ကြော်လေးဘဲ စားလိုက်ရပါတယ် ။

ခရမ်းချဉ်သီး သုပ်ကလည်း တပွဲ ၃၀၀၀ ကျပ်ပါ။ ရေကြက်ကြော်ဈေးနီးပါးရှိပါတယ်။ အင်းလေး ဒေသက ခရမ်းချဉ်ထွက်တဲ့ဒေသ ဆိုတာ တတိုင်းပြည်လုံးသိပါတယ် .. ဒါတောင် ဈေးမတန်တဆ ၃၀၀၀ ရောင်းပါတယ် ။ အရမ်းအံ့သြရပါတယ်။

ငွေရှင်းတော့ အားလုံး ၄၆၀၀၀ ကျပ် ကျသင့်ပါတယ်။ စားကောင်းလို့ ကျသင့်ငွေ ရှင်းရတာကိစ္စမရှိပေမဲ့ စားမကောင်းဘဲနဲ့ အရည်အသွေးနိမ့်တဲ့ ကွာလတီမမှီတဲ့ ဟင်းပွဲတွေ အတွက် ပေးရတဲ့ငွေကို နှမြောပါတယ် ။ ကျွန်မတို့လဲ ဆိုင်ဖွင့်ထားပါတယ် ဧည့်သည် စိတ်တိုင်းကျဝန်ဆောင်မူပေးရတာပါ။

ကိုယ့်ဘက်က ကိုယ့်ရဲ့ ပစ္စည်းကွာလတီ၊ ကိုယ့် ကုန်ပစ္စည်းအတွက် အကောင်းဆုံးအမြဲ ပြင်ဆင်ထားရပါတယ်။ ကျွန်မ review သတင်းတွေ ရေးလေ့ရေးထ မရှိပါဘူး။ ဒါကျွန်မရဲ့ ပထမဆုံးသော review ပါ။ သူတပါးစီးပွားရေးထိခိုက်ပျက်ဆီးလိုစိတ်လဲမရှိပါဘူး ။

ဒီနေ့ ခိုင်သဇင် စားသောက်ဆိုင် မျိုးရှိနေခြင်းဟာ စားသုံးသူတွေအတွက်တကယ်ကို နစ်နာပါတယ်။ အပေးအယူ တကယ်မမျှတလို့ပါ ငွေလိမ်ယူနေတယ်လို့ဘဲ ခံစားရပါတယ်.. ခိုင်သဇင် လို ဆိုင်မျိုးရှိနေခြင်းဟာ အနယ်နယ် အရပ်ရပ်ကလာမဲ့ ဘုရားဖူးလာ ပြည်သူတွေအတွက်လဲ မကောင်းပါဘူး။

ကျေးဇူးပြုပြီး post လေးကို share ပေးကြပါ.. ကျေးဇူးတင်ပါတယ်

Credit to Maii Mai Rose
Source : https://www.facebook.com/maiimai.rose